ရေအခက်အခဲကြုံနေသည့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ သောက်သုံးရေများ လှူဒါန်း

 

ညောင်ဦး     ဧပြီ      ၁၈


မန္တလေးတိုင်း      ဒေသကြီး ညောင်ဦးမြို့နယ်      တောင်ဇင်း နယ်မြေ   မီးသတ်စခန်းမှ သန္ဓေ မီးသတ်           တပ်ဖွဲ့ဝင်များက ညောင်ဦးမြို့နယ်     တောင်ဇင်း ကျေးရွာအုပ်စု      ကန်ကြီးကုန်း ကျေးရွာ    ဘုန်းတော်ကြီးသင်     ပညာရေးကျောင်းတွင်      ဆရာ တော်၊          သံဃာတော်များနှင့်  ကျောင်းသား    ကျောင်းသူများ  သောက်သုံးရေ      အခက်ကြုံနေ ကြောင်း  သိရ၍   ဧပြီ  ၁၈  ရက် နံနက်  ၇  နာရီက  ဌာနပိုင်ရေသယ်ယာဉ်ဖြင့် ပြည်သူ့အကျိုးပြု   သောက်သုံးရေများ  သွား ရောက်   ဖြည့်ဆည်း    လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ 

 


ထိုသို့ ပြည်သူ့အကျိုးပြု သောက်သုံးရေ  လှူဒါန်းပေးခြင်းကို ညောင်ဦးမြို့နယ် မီးသတ် ဦးစီးမှူး    ဦးကျော်မင်းသူ၏    ကြီးကြပ်မှုဖြင့်  ညောင်ဦးမြို့နယ်         တောင်ဇင်းနယ်မြေ မီးသတ်စခန်းမှ စခန်းတာဝန်ခံ တပ်ကြပ်ကြီး သိန်းကျော်   ဦးဆောင်သော   သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များက    တောင်ဇင်းကျေးရွာအုပ်စု ကန်ကြီးကုန်းကျေးရွာ    ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ ဆရာ‌တော်၊ သံဃာတော် များနှင့်     ကျောင်းသား      ကျောင်းသူများ သောက်သုံးရေ ဖူလုံစေရန်အတွက် ရေဂါလန် ၁၆၀၀  အား   ရေလှောင်ကန်အတွင်း   စနစ် တကျ        ဖြည့်တင်းလှူဒါန်းပေးခဲ့ကြောင်း  မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံမှ သိရသည်။      


ရဲဝင်းနိုင် (ညောင်ဦး)