
ရန်ကုန် ဇွန် ၂၆
မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ ချုပ်နှင့် စကိုင်းနက် (SKYNET) တို့ ပူးပေါင်းကျင်းပသော စကိုင်း နက် ရွှေအောင်လံ မြန်မာ့ရိုးရာ လက်ဝှေ့ငါးချီစိန်ခေါ်ပွဲ ဒုတိယ နေ့ ဆီမီးနှင့် ကွာတားဖိုင်နယ် ပြိုင်ပွဲကြီးကို ယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ မင်္ဂလာ တောင်ညွန့်မြို့နယ် သိမ်ဖြူ လက်ဝှေ့အားကစားရုံ၌ ဆက်လက် ကျင်းပသည်။
၇၀-၇၁ ကီလိုတန်း ဆီမီး ဖိုင်နယ်၌ စောမင်းအောင် (တောင်ကလေး) နှင့် ကြယ်ကြီး (G3G) တို့ ပွဲတွင် နှစ်ဦးစလုံး ချန်ပီယံ ဖြစ်ကြသော်လည်း တစ်ဦးနှင့်တစ်ဦး အမှားမခံဘဲ ငါးချီပြည့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြ ကာ ဒိုင်သုံးဦးက အမှတ်ဖြင့် ကြယ်ကြီးကို အနိုင်ပေးလိုက် သည်။
“ကျွန်တော် သုံးချီ၊ လေးချီ အထိ သူ့ကို ထိချက်တွေရထား တယ်။ အဓိကသက်လုံမရှိတော့ ငါးချီမြောက်မှာ ထိုးလိုက် ထွက်လိုက်မျိုးပဲ ကစားရတာ ပေါ့။ ပြိုင်ပွဲနဲ့ဝေးနေတာကြာပြီ၊ အခုမှပြန်ထိုးရတာ။ ဗိုလ်လုပွဲမှာ မင်းထက်အောင် (ရွှေသထုံ) နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်” ဟု ရွှေခါးပတ် ချန်ပီယံကြယ်ကြီး ကပြောသည်။
၆၇ ကီလိုတန်း ကွာတား ပြိုင်ပွဲများတွင် မာန်မင်းအောင် (ဘိလပ်မြေစက်ရုံ) နှင့် မင်းထူးထူး (တောင်ကလေး) တို့ ပွဲစဉ်တွင် မာန်မင်းအောင် လက်သီး ထိချက်များကြောင့် ပထမအချီ တွင် မင်းထူးထူးအနား တောင်းခဲ့ ကာ ဒုတိယအချီ ၇ စက္ကန့်၌ ဆက်လက်အနားတောင်းပြီး အရှုံး ပေးလိုက်ရသည်။ စောထွန်းဝင်း အောင်နှင့် ကမ္ဘာရှား (AMT 2) တို့ ငါးချီပြည့် ထိုးသတ်ကြသော် လည်း အရှုံးအနိုင် မပေါ်ဘဲ အမှတ်ဖြင့် ကမ္ဘာရှား အနိုင်ရရှိ သွားသည်။ ၆၃ ဒသမ ၅ ကီလို တန်း စောဒါဝိတ် (တောင် ကလေး) နှင့် အဲမွှီ (နဂါးမင်း) တို့ ပြိုင်ပွဲ၌ အဲမွှီ လက်သီးထိုး ချက်များကြောင့် ပထမအချီတွင် စောဒါဝိတ် ဒဏ်ရာရပြီး အဲမွီ အလဲထိုး အနိုင်ရရှိသွားသည်။ သက်ဝင်းအောင် (ရွှေသထုံ) ဘယ်ညာ လက်သီးတွဲလုံးများ ကြောင့် ပထမအချီတွင် ဆလိုင်း ချမ်းမြေ့ကို (အဲကညော) အနား တောင်းခဲ့ကာ တတိယအချီတွင် သက်ဝင်းအောင် လက်သီးနှင့် ခြေကန်ချက်များကြောင့် ဆလိုင်း ချမ်းမြေ့ကို အလဲထိုးဖြင့် အရှုံးပေး လိုက်ရသည်။
၆၀ ကီလိုတန်း၌ စောဘဟိန်း (ဘိလပ်မြေစက်ရုံ) နှင့် ချစ်ဝိုင်းဝိုင်း (ဇာနည်သွေး) တို့ ပြိုင်ပွဲတွင် နှစ်ဦးစလုံး သူတစ်ပြန် ကိုယ်တစ် ပြန် ငါးချီအထိ လက်ရည် တူညီကြကာ ဒိုင်သုံးဦးက အမှတ် ဖြင့် စောဘဟိန်းကို အနိုင်ပေး လိုက်သည်။
ထို့အတူ မင်းကျော်ဇ (ဇွဲကပင်မြေ) နှင့် လင်းထက် အောင် (တောင်ကလေး) တို့ ပြိုင်ပွဲတွင် သူတစ်ပြန် ကိုယ် တစ်ပြန်ထိမိပြီး မင်းကျော်ဇက ပါးပါးနပ်နပ်ထိုးခဲ့ရာ အမှတ်ဖြင့် မင်းကျော်ဇ အနိုင်ရရှိသွား သည်။
အဆိုပါ ၇၀-၇၁ ကီလိုတန်း တွင် ကြယ်ကြီး (G3G)နှင့် မင်းထက်အောင် (ရွှေသထုံ) တို့ ဇူလိုင် ၁၀ ရက် ဗိုလ်လုပွဲတွင် တွေ့ဆုံကြမည်ဖြစ်ပြီး ၆၇ ကီလို တန်း ပြိုင်ပွဲများတွင် မာန်မင်း အောင် (ဘိလပ်မြေစက်ရုံ)၊ ကမ္ဘာရှား (AMT 2) ၊ ၆၃ ဒသမ ၅ ကီလိုတန်း၌ အဲမွီ(နဂါးမင်း)၊ သက်ဝင်းအောင် (ရွှေသထုံ)၊ ၆၀ ကီလိုတန်း၌ စောဘဟိန်း (ဘိလပ်မြေစက်ရုံ)၊ မင်းကျော်ဇ (ဇွဲကပင်မြေ) တို့ ဆီမီးဖိုင်နယ် သို့ တက်ရောက်သွားသည်။ ရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့ ပြိုင်ပွဲကြီး တတိယနေ့ ဆီမီး ဖိုင်နယ်ပွဲများကို ဇူလိုင် ၃ ရက် တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အာကာစိုး