
နေပြည်တော် နိုဝင်ဘာ ၂၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ကျင်းပပြုလုပ်သည့် ရှောက်၊ လိမ္မော်၊ သံပရာမျိုးများ ပြပွဲ၊ ပြိုင်ပွဲနှင့် ဆွေးနွေးပွဲ (Citrus Fair, 2021) ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းက နေပြည်တော် ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ် ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ ဖြစ်ကြသော ဦးစိုင်းလုံးဆိုင်နှင့် ဦးရွှေကြိမ်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေး ပုဂ္ဂိုလ် ဒေါက်တာ ဒေါ်ရင်ရင်နွယ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦး၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌ ဦးမောင် မောင်နိုင်၊ ဒုတိယဝန်ကြီးများ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူး ချုပ်များနှင့် တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ ကိုယ်စားလှယ် များ၊ အသင်းအဖွဲ့များ၊ ကုမ္ပဏီ များမှ ဧည့်သည်တော်များ၊ ပြိုင်ပွဲ ဝင် တောင်သူဦးကြီးများနှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင်ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦးက အဖွင့် အမှာစကား ပြောကြားရာတွင် ရှောက်၊ လိမ္မော်၊ သံပရာ မျိုးရင်း ဝင် အပင်များကို မြန်မာနိုင်ငံ တစ်ဝန်းရှိ ဒေသရေမြေ ရာသီဥတု နှင့် ကိုက်ညီမှုပေါ်မူတည်၍ ကျယ် ကျယ်ပြန့်ပြန့် စိုက်ပျိုးဖြစ်ထွန်း လျက်ရှိရာ လက်ရှိ စိုက်ဧက စုစုပေါင်း တစ်သန်းခန့် ရှိသော် လည်း ပြည်တွင်းလိုအပ်ချက်ကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်မှု မရှိသေးသည့်အတွက် အိမ်နီးချင်း နိုင်ငံအချို့နှင့် အရှေ့အလယ်ပိုင်း နိုင်ငံအချို့မှ တင်သွင်းနေရမှု ကြောင့် ဈေးကွက်ယှဉ်ပြိုင်မှုကို ကြုံတွေ့နေရပါကြောင်း၊ ဥပမာ အားဖြင့် ၂၀၂၀-၂၁ ခုနှစ်အတွင်း ပြည်ပမှ တင်သွင်းခဲ့သည့် ရှောက်၊ လိမ္မော်၊ သံပရာ၊ ဂရိတ်ဖရု စသော ရှောက်မျိုးနွယ်ဝင် သစ်သီးများ တင်သွင်းမှုမှာ တန်ချိန်အားဖြင့် ၆ သောင်း ၇ ထောင်ကျော်ရှိပြီး တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၂၃ သန်းခန့်ဖြစ်ကာ ပြည်ပ ပို့ကုန်အနေဖြင့် အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ သန်းခန့်သာ ရှိကြောင်း။
ရေမြေအခြေအနေပေးသည့် ဒေသများတွင် တိုးတက်ထုတ်လုပ် နိုင်ရေးနှင့် သွင်းကုန်ထိန်းချုပ် ခြင်းကို ဆောင်ရွက်ခြင်းမရှိပါက ရေရှည်တွင် ရှောက်၊ လိမ္မော်၊ သံပရာစိုက် တောင်သူများ၏ အကျိုးစီးပွားထိခိုက်မှု ရှိလာ နိုင်သဖြင့် စိုက်ပျိုးရေးအခြေပြု သည့် မြန်မာ့စီးပွားရေးကိုလည်း တစ်စိတ်တစ်ပိုင်း ထိခိုက်လာနိုင်ပါကြောင်း။
ကျင်းပရခြင်း ရည်ရွယ်ချက်
သို့ပါ၍ ယနေ့ ရှောက်၊ လိမ္မော်၊ သံပရာမျိုးများ ပြပွဲ၊ ပြိုင်ပွဲနှင့် ဆွေးနွေးပွဲ (Citrus Fair, 2021) ကို ပြုလုပ်ကျင်းပရခြင်း ဖြစ်ပြီး လိမ္မော်မျိုးများအပါအဝင် ရှောက်မျိုးရင်းဝင် သစ်သီးပင် များနှင့် ပတ်သက်၍ မျိုးကောင်း မျိုးသန့်များရရှိရေး၊ အထွက်နှုန်း နှင့် အရည်အသွေးများ တိုးတက် ရေး၊ စားသုံးမှုလုံခြုံစိတ်ချရသည့် ထွက်ကုန်ပစ္စည်းများရရှိစေရေး၊ ပြည်ပမှတင်သွင်းရမှု လျှော့ချနိုင် ရေးနှင့် ပြည်ပပို့ကုန်များ တို့မြှင့် စေရေး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျော့နည်းသက်သာ စေမည့် ခေတ်မီစိုက်ပျိုးထုတ်လုပ် မှုဆိုင်ရာ နည်းပညာများ၊ ဈေး ကွက်နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ ရရှိရေးတို့ အတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ် ကြောင်းဖြင့် ပြောကြားသည်။
ဖဲကြိုးဖြတ် ဖွင့်လှစ်
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ နှင့် ပြည်ထောင်စုဝန်ကြီးများက ရှောက်၊ လိမ္မော်၊ သံပရာမျိုးများ ပြပွဲ၊ ပြိုင်ပွဲနှင့် ဆွေးနွေးပွဲ (Citrus Fair, 2021) ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြခန်းများ၊ ပြိုင်ပွဲဝင်သစ်သီးများ၊ ဆုရသစ်သီး များကို လှည့်လည်ကြည့်ရှုအားပေး ကြသည်။
ဆုပေးအပ်ချီးမြှင့်
ဆက်လက်၍ ဆုပေးပွဲကို ကျင်းပပြုလုပ်ရာ ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဌာန ဆိုင်ရာအကြီးအကဲများက ဆု အမျိုးအစားများအလိုက် ပေးအပ် ချီးမြှင့်ကြရာ လိမ္မော်ခွံကျစ် (ကမ္ဗလာ)ပြိုင်ပွဲ ပထမဆု ရှမ်း ပြည်နယ် မောက်မယ်မြို့နယ်မှ ဦးစိုင်းအောင်တင်၊ ဒုတိယဆု မောက်မယ်မြို့နယ်မှ ဦးထွန်း အောင်၊ တတိယဆု ပြင်ဦးလွင် မြို့နယ်မှ ထူးလိမ္မော်ခြံက လည်း ကောင်း၊ လိမ္မော်(ခွံပွ)ပြိုင်ပွဲ ပထမ ဆု ရွာငံမြို့နယ်မှ ဦးကျော်စိုး၊ ဒုတိယဆု ကလောမြို့နယ်မှ ဦးအောင်ကျော်မိုး၊ တတိယဆု ရပ်စောက်မြို့နယ်မှ ဦးခွန်သန်း ထွန်းက လည်းကောင်း၊ ပျား လိမ္မော်ပြိုင်ပွဲ ပထမဆု ပင်းတယ မြို့နယ်မှ ဒေါ်တင်ဝင်းရွှေ၊ ဒုတိယ ဆု မိုင်းပျဉ်းမြို့နယ်မှ ဦးကျော် လွင်၊ တတိယဆု မိုင်းဆတ်မြို့ နယ်မှ ဦးကောလီက လည်း ကောင်း၊ ကျွဲကောပြိုင်ပွဲ ပထမဆု ရွှေကျင်မြို့နယ်မှ ဒေါ်စန္ဒာဝင်း၊ ဒုတိယဆု အုတ်တွင်းမြို့နယ်မှ ဒေါ်မြ၊ တတိယဆု သာယာဝတီမြို့ နယ်မှ ဦးပိုက်တင်က လည်း ကောင်း၊ သံပရာပြိုင်ပွဲ ပထမ ဆု ကြာအင်းဆိပ်ကြီးမြို့နယ်မှ ဦးအောင်ဝင်း၊ ဒုတိယဆု နေပြည် တော် Big M Group Co.,Ltd ၊ တတိယဆု ရွာငံမြို့နယ်မှ ဦးမြင့် ရှိန်က လည်းကောင်း၊ ရှောက် ပြိုင်ပွဲ ပထမဆု ပုသိမ်ကြီးမြို့နယ် မှ ဦးစိုးအောင်ထွန်း၊ ဒုတိယဆု ကြာအင်းဆိပ်ကြီးမြို့နယ်မှ ဦးမြတ် ကျော်၊ တတိယဆု မြဝတီမြို့နယ် မှ ဦးလှဝေတို့က လည်းကောင်း ဆုများ လက်ခံရယူကြသည်။
ယနေ့ ကျင်းပပြုလုပ်သည့် ရှောက်၊ လိမ္မော်၊ သံပရာမျိုးများ ပြိုင်ပွဲတွင် ဒေသအသီးသီးမှ လိမ္မော်ခွံကျစ်(ကမ္ဗလာ)၊ လိမ္မော် (ခွံပွ)၊ ပျားလိမ္မော်၊ ကျွဲကော၊ ပန်း လိမ္မော်၊ ဂရိတ်ဖရု၊ သံပရာ၊ ရှောက် စသည့် သစ်သီးရှစ်မျိုးကို ပြိုင်ပွဲ ဝင် ၁၁၈ ဦးတို့က ပေးပို့ယှဉ်ပြိုင်လာကြခြင်းဖြစ်ပြီး အရည်အသွေး များအပေါ်စိစစ်၍ ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆု၊ အထူးဆု များကို ပေးအပ်ချီးမြှင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဆွေးနွေး
မွန်းလွဲပိုင်းတွင် ရှောက်၊ လိမ္မော်၊ သံပရာမျိုးများ စိုက်ပျိုး ရေးဆိုင်ရာ နည်းပညာရပ်များနှင့် စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုး တက်ရေးဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်ရာ လက်တွေ့ဆောင်ရွက် လျက်ရှိကြသည့် တောင်သူများ၊ ပညာရှင်များ၊ လုပ်ငန်းရှင်များ ပါဝင် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်