ရှားတောတွင် ကိုယ်ဝန်ဆောင်သည်အပါအဝင် ကလေး သုံးဦးနှင့် အမျိုးသမီး သုံးဦး အသတ်ခံရဟု မဟုတ်မမှန်သတင်းများရေးသား ဝါဒဖြန့်

နေပြည်တော်  ဖေဖော်ဝါရီ   ၈ 
ကယားပြည်နယ် ရှားတောမြို့နယ် ၌  ဖေဖော်ဝါရီ   ၅    ရက်က နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးဒုက္ခသည်   အမျိုးသမီး သုံးဦးနှင့် ကလေးသုံးဦးကို တပ်မ တော်က ပစ်သတ်ခဲ့သည်ဟုမဟုတ် မမှန်  ဝါဒဖြန့်သတင်းများကို လူမှု ကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေ လျက်ရှိသည်ကို တွေ့ရှိရသည်။
ထိုသတင်းနှင့်  ပတ်သက်၍ သက်ဆိုင်ရာ ဒေသနယ်မြေလုံခြုံ ရေးတာဝန်ရှိသူတစ်ဦး၏   ပြော ကြားချက်အရ ဖေဖော်ဝါရီ ၅ ရက် တွင်     ရှားတောဒေသအတွင်း တပ်မတော်မှ    နယ်မြေလှုပ်ရှား သွားလာမှု       မရှိကြောင်းနှင့် စစ်ဘေးရှောင်များကို သတ်ဖြတ် ခဲ့သည်ဆိုသည်မှာလည်း  အခြေ အမြစ်မရှိသည့်  သတင်းမှားသာ ဖြစ်ကြောင်းနှင့်     အကြမ်းဖက် အားပေးပြည်ဖျက်မီဒီယာများက မဟုတ်မမှန်     ကောလာဟလ သတင်းများကို လုပ်ကြံရေးသား ဝါဒဖြန့်ချိနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။     သတင်းစဉ်