ရာသီချိန်ထွက်ပေါ်လာသည့်အာလူးများ အထွက်နှုန်းနည်းပါးသဖြင့် စျေးကောင်းရရှိ

 

မန္တလေး  ဇွန်  ၁၈


ယခုနှစ်အာလူးပေါ်ချိန်တွင်   အထွက်နှုန်း  နည်းပါး သည့်အတွက် စျေးကောင်းရနေကြောင်း အာလူးစိုက် တောင်သူများနှင့် ကုန်သည်များထံမှ သိရသည်။ 

 


ထို့အပြင် ယခင်နှစ်များက ပြည်ပမှ ဝင်ရောက် လေ့ရှိသည့် အာလူးများမှာလည်း  လက်ရှိ   နယ်စပ် ကုန်သွယ်ရေးများ     ကန့်သတ်ထားသည့်အတွက် ဝင်ရောက်ခြင်းမရှိတော့သောကြောင့်    စျေးကွက် ယှဉ်ပြိုင်စရာနည်းကာ စျေးကောင်းရနေခြင်း  ဖြစ် သည်။

 


“အဓိက  စိုက်ဧကလျော့ခဲ့တယ်။   ပုံမှန်ထက် သုံးပုံ  ပုံရင်   နှစ်ပုံလောက်ပဲ    စိုက်ခဲ့ကြတယ်။ အထွက်နှုန်းလျော့ကျလို့ ဟိုအရင်နှစ်တွေထက် စျေး ကောင်းရတယ်။ ဟိုအရင်က  ဒီအချိန်ဆို   တရုတ် အာလူးတွေနဲ့  စျေးကွက်ယှဉ်လုနေရတယ်။   အခု ပြည်တွင်းစားသုံးမှုနဲ့ ထွက်ရှိမှုလည်း ညီမျှနေတယ် လို့ပြောလို့ရတယ်” ဟု အာလူးစိုက်တောင်သူတစ်ဦး က ပြောသည်။ 
ယခင်နှစ်များက အာလူးတစ်ပိဿာ ကျပ် ၅၀၀ မှ အများဆုံး ကျပ် ၈၀၀ ခန့်သာရှိခဲ့ရာမှ လက်ရှိတွင် တစ်ပိဿာလျှင် ကျပ် ၁၃၀၀ မှ ၂၀၀၀ အထိ ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံ ဈေးကွက်တွင် ၂၀၁၅ ခုနှစ် မှစပြီး တရုတ်အာလူးများ တရားမဝင် ဝင်ရောက်ခဲ့ပြီး ပြည်တွင်းစိုက်အာလူးများ အရောင်းအဝယ်အေးကာ နှစ်စဉ်အရှုံးပေါ်ခြင်းဖြင့် ရင်ဆိုင်ခဲ့ရကြောင်းနှင့် ၂၀၂၀ ပြည့်နှစ်မှ စတင်ကာ  အာလူးစိုက်သည့် တောင်သူများ လျော့နည်းသွားသလို စိုက်ဧကများလည်း လျော့ကျ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 


“တရုတ်အာလူးကို မယှဉ်နိုင်လို့ နှစ်စဉ်ရှုံးခဲ့တာ။ တောင်သူတွေဆို သိပ်မစိုက်ကြတော့ဘူး။ ဒါကြောင့် အထွက်နှုန်းကျလာတယ်။ တရုတ်ဘက်ကို ကုန်သွယ် မှုပိတ်ထားတော့ ပြည်တွင်းအာလူးရှားပြီး အခုအမြင့် စျေးရတာပေါ့” ဟု အာလူးစိုက်တောင်သူ  ဦးမြင့်လွင် ကပြောသည်။ 

 


အာလူးကို ရှမ်းပြည်နယ်၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မွန်၊ ကရင်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းဒေသကြီး များတွင်အများဆုံးစိုက်ပျိုးကြောင်း သိရသည်။


မောင်အေးချမ်း