ရွာငံနှင့် လွိုင်လင်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်   နိုဝင်ဘာ   ၁၁  


မူးယစ်ဆေးဝါး    တားဆီးနှိမ်နင်း ရေး    ရဲတပ်ဖွဲ့မှ    တပ်ဖွဲ့ဝင်များ ပါဝင်သော    ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၉ ရက် နံနက် ၁၁ နာရီ တွင် ရွာငံမြို့နယ်  မြို့ကြီးကျေးရွာ ရှိ စစ်ဆေးရေးဂိတ်တွင်  AD Van အမျိုးအစား        ခရီးသည်တင် မော်တော်ယာဉ်ကို        ရပ်တန့် စစ်ဆေးရှာဖွေရာ   ဘိန်းစိမ်း  ၁၁ ဒသမ    ၁ ကီလိုကို      လည်း ကောင်း။

 


နိုဝင်ဘာ   ၁၀   ရက်    မွန်းလွဲ  ၁  နာရီ   ၃၅  မိနစ်တွင်  လွိုင်လင် မြို့နယ်       ပန်ဝိုးကျေးရွာအုပ်စု ဟိုတင့်ကျေးရွာအနီး    လွိုင်လင်-တောင်ကြီးသွား    ကားလမ်းတွင် Express   အမျိုးအစား   ခရီးသည် တင်   မော်တော်ယာဉ်ကို  ရပ်တန့် စစ်ဆေးရှာဖွေရာ     ယာဉ်ပေါ်ပါ   ခရီးသည်     သန်းသန်းအောင်   သယ်ဆောင်လာသည့်       ငွေကျပ် သိန်း ၁၄၀၀ တန်ဖိုးရှိ အိုက်စ် ၁၀ ကီလိုကိုလည်းကောင်း သိမ်းဆည်း ရမိခဲ့သဖြင့် (ဝဲပုံ) ၎င်းတို့အား မူးယစ် ဆေးဝါးနှင့်       စိတ်ကိုပြောင်းလဲ စေသော    ဆေးဝါးများဆိုင်ရာ     ဥပဒေအရ    အရေးယူထားကြောင်း     သိရ သည်။  

                       
ရဲပြန်ကြား