ပူတာအိုဒေသ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး အထောက်အကူပြုမည့် ဖုန်ရင်ရာဇီနှင့် ဖုန်ကန်ရာဇီ ရေခဲတောင်သွားလမ်းပိုင်း အဆင့်မြှင့်တင်

 

ပူတာအို     အောက်တိုဘာ  ၃၀


မြန်မာပြည်မြောက်ဖျား  ကချင်ပြည်နယ်  ပူတာအိုခရိုင်အတွင်း   ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဖုန်ရင်ရာဇီနှင့် ဖုန်ကန်ရာဇီရေခဲတောင်သွားလမ်းပိုင်း (အထက်ဆန်ဂေါင်-လုံနဒမ်း-ဇီယာဒမ်းလမ်း) မြေသားလမ်းတိုးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။ 

 


အဆိုပါ လမ်းပိုင်းသည် လမ်းအရှည် ၂၄ မိုင်ရှိပြီး ပူတာအိုဒေသ   ခရီးသွားလုပ်ငန်း   ဖွံ့ဖြိုးတိုးတက် စေရေးအတွက်  ဇီယာဒမ်းမှတစ်ဆင့်   ဖုန်ရင်ရာဇီ ရေခဲတောင်နှင့် ဖုန်ကန်ရာဇီရေခဲတောင် ခရီးစဉ် တစ်ခုအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် အတူ ကျေးရွာ ရှစ်ရွာအတွင်းရှိ ကျေးလက်နေပြည်သူ များ၏   အလုပ်အကိုင်အခွင့်အလမ်း၊  ပညာရေး၊ ကျန်းမာရေး၊  လူမှုရေးကိစ္စရပ်များနှင့်  လယ်ယာ ထွက်ကုန်များ အချိန်မီတင်ပို့ ရောင်းချနိုင်ရေးအတွက် ရာသီမရွေးသွားနိုင်မည့် လမ်းပိုင်းတစ်ခုလည်းဖြစ် ကြောင်း သိရသည်။

 


အဆိုပါလမ်းအဆင့်မြှင့်တင် ဆောင်ရွက်လျက် နေမှုကို     ပြည်နယ်ဝန်ကြီးချုပ်    ဦးခက်ထိန်နန်၊ ပြည်နယ်  တိုင်းရင်းသားရေးရာဝန်ကြီး၊ စစ်ဗျူဟာ အဖွဲ့ (အခြေချ) ပူတာအိုမှ ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းမင်းသိန်း၊ ကျေးလက်လမ်းဖွံ့ ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်   ဦးဝဏ္ဏဇော်နှင့်   ဌာနဆိုင်ရာ တာဝန်ရှိသူများသည် အောက်တိုဘာ ၂၆ ရက် နံနက် က  အထက်ဆန်ဂေါင်-လုံနဒမ်း-ဇီယာဒမ်း လမ်းပိုင်း လမ်းအရှည် ၂၄ မိုင်အတွင်း  တောင်ပေါ် မြေသားလမ်း တိုးချဲ့ခြင်းလုပ်ငန်း    ၁၇  မိုင်  ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့်    လမ်းပိုင်းအတွင်း   အရှည် ပေ ၂၄၀ ရှိ မူလာချောင်းကူးတံတား တည်ဆောက် နိုင်ရေးအတွက်   ၆ မိုင်  ဗျူးပွိုင့်နေရာမှတစ်ဆင့် မော်တော်ဆိုင်ကယ်များဖြင့် သွားရောက်၍ မြေပြင် အခြေအနေကို   ကွင်းဆင်း  ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ၆ မိုင်ဗျူးပွိုင့်ရှိ   ရှင်းလင်းဆောင်၌  ရေခဲတောင် သွားလမ်းပိုင်း    ဆောင်ရွက်နေမှု  အခြေအနေများ၊ တံတားတည်ဆောက်ရေးလုပ်ငန်းများနှင့် ဘဏ္ဍာနှစ် အလိုက် တောင်ပေါ်မြေသားလမ်း တိုးချဲ့ဆောင်ရွက် သွားမည့် ကိစ္စရပ်များနှင့် ရေခဲတောင် တောင်တက် ခရီးစဉ်     တိုးမြှင့်ဖော်ဆောင်နိုင်ရေး၊   ကြိုးဝိုင်း/ ကြိုးပြင်သစ်တောများ စနစ်တကျထိန်းသိမ်းနိုင်ရေးတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

 


ထိုမှတစ်ဆင့်     ပြည်နယ်ဝန်ကြီးချုပ်သည် ပူတာအိုမြိုသို့ ပြန်လည်ရောက်ရှိပြီး အခြေခံပညာ အထက်တန်းကျောင်း(ပူတာအို)၌  အသက် ၁၂ နှစ် နှင့်အထက်    ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုကို  ကြည့်ရှု အားပေးခဲ့ကြပြီး     ကျန်းမာရေးဝန်ထမ်းများနှင့် ကျောင်းဆရာ/ဆရာမများအတွက်  ထောက်ပံ့ငွေများ နှင့်   နှာခေါင်းစည်းများကို ဖြန့်ဝေပေးအပ်သည်။

 


ယင်းနောက် ညနေပိုင်းတွင် ခရိုင်စက်မှုလယ်ယာ ဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနတို့မှ    တာဝန်ရှိသူများနှင့်    တွေ့ဆုံပြီး ပူတာအိုဒေသတွင်း ဆန်ရိက္ခာဖူလုံရေး၊ စိုက်ပျိုးရေး ကဏ္ဍ    တိုးတက်မြှင့်မားလာစေရေး၊   နည်းစနစ် တကျစိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးရေး သွင်းအားစု များ မှန်ကန်မှုရှိစေရေး စက်မှုလယ်ယာဦးစီးဌာနမှ ဖော်ဆောင်သွားမည့်  စိုက်ပျိုးမြေများ တိုးချဲ့ဖော် ထုတ်ပေးနိုင်ရေးနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ ကြသည်။                          

ပြည်နယ်(ပြန်/ဆက်)