
ပုသိမ် အောက်တိုဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် အ.ထ.က (၃) ကိုဗစ်-၁၉ စင်တာ၌ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် တွင် ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူဖြေဆိုနိုင် ကြစေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ အောက်တို ဘာ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ပုသိမ်မြို့ အ.ထ.က (၃) နှင့် သစ်ညိုကုန်းအထက (ခွဲ) တို့မှ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူ နှစ်ကျောင်းပေါင်း ၃၄၂ ဦးတို့အား ပုသိမ်မြို့နယ် ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများ၊ အမှတ်(၄) စစ်မြေပြင်ဆေးတပ်ရင်းအဖွဲ့ ဝန်ထမ်း များက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံ ပေးခဲ့ကြသည်။
ကာကွယ်ဆေးထိုးနှံရာတွင် ကျောင်းအုပ် ဆရာမကြီး ဒေါ်နွဲ့နွဲ့ဝင်းနှင့် ပညာရေးဝန်ထမ်း များက လိုအပ်သည်များကို ကူညီပံ့ပိုးပေးကြောင်း သိရသည်။
ပုသိမ်လှကြည်