ပုသိမ်မြို့ စက်တော်ရာဘိုးဘွားရိပ်သာ၌ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်ပြုလုပ်

 

နေပြည်တော်  အောက်တိုဘာ   ၁


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ် မြို့တွင်    အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်း အမှတ်ကို    ယနေ့နံနက်ပိုင်းက စက်တော်ရာ  ဘိုးဘွားရိပ်သာ၌ ကိုဗစ်- ၁၉  စည်းမျဉ်း၊  စည်းကမ်း များနှင့်အညီ ပြုလုပ်ရာ တိုင်းဒေသ ကြီး  ဝန်ကြီးချုပ်  ဦးတင်မောင် ဝင်း၊    အနောက်တောင်တိုင်း စစ်ဌာနချုပ်   တိုင်းမှူး  ဗိုလ်ချုပ် အောင်အောင်နှင့်    အဖွဲ့ဝင်များ၊ စက်တော်ရာ    ဘိုးဘွားရိပ်သာ ကြီးကြပ်ရေးဥက္ကဋ္ဌ ဒေါ်တင်တင် လှနှင့် ကန်တော့ခံ ဘိုးဘွားများ တက်ရောက်ကြသည်။


ဦးစွာ တိုင်းဒေသကြီး ဝန်ကြီး ချုပ်၊ တိုင်းမှူးနှင့် တက်ရောက် လာကြသူများက    ဘိုးဘွားများ ကို   ပူဇော်ကန်တော့ကြသည်။ ထို့နောက် စက်တော်ရာ ဘိုးဘွား ရိပ်သာရှိ          ဘိုးဘွားများ စားသောက်ရေး အဆင်ပြေစေရန် အတွက် ဆန်၊ ဆီ၊ အလှူငွေများနှင့် စားသောက်ဖွယ်ရာများ   ပေးအပ် လှူဒါန်းရာ   ဘိုးဘွားရိပ်သာမှ  တာဝန်ရှိသူများက  လက်ခံရယူ ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်   တိုင်းမှူးတို့က စက်တော်ရာ ဘိုးဘွားရိပ်သာရှိ     ဘိုးဘွား များကို    အလှူငွေများ  လိုက်လံ ပေးအပ်    လှူဒါန်းကြသည်။ ယင်းနောက်        ဘိုးဘွားများ ကိုယ်စား အဘိုးတစ်ဦးက  အလှူ ရှင်များအား      မေတ္တာပို့သကာ ကျေးဇူးတင်စကား    ပြန်လည် ပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။                    

သတင်းစဉ်