ပုံပြောပြိုင်ပွဲ၊ စကားရည်လုပွဲနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသင်းအဖွဲ့ဝင် လူငယ်၊ လူရွယ်များနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်

မော်လမြိုင်  နိုဝင်ဘာ  ၁၆


ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် သည်  ယမန်နေ့မွန်းလွဲပိုင်းက  မော်လမြိုင်မြို့ရှိ သတင်းနှင့်      စာနယ်ဇင်းလုပ်ငန်း၊     ကိုယ်ပွား သတင်းစာတိုက် (မော်လမြိုင်)သို့ ရောက်ရှိပြီး စက်ရုံ အတွင်း ကြည့်ရှုစစ်ဆေးကာ  သတင်းစာများ အရည် အသွေးကောင်းမွန်ရေး၊ အချိန်မှန်ဖြန့်ဝေနိုင်ရေးနှင့် စက်များကြံ့ခိုင်မှုရှိရေးတို့ကို မှာကြားသည်။ 


ထို့နောက်  မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ စာကြည့်တိုက်နှင့် ကလေးစာဖတ်ခန်း  ပြင်ဆင်ထားရှိမှုကို  ကြည့်ရှု စစ်ဆေးပြီး လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌   ပြည်နယ်ဒုတိယညွှန်ကြားရေး မှူး(တာဝန်ပေး)၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်ဦးစီးမှူးများနှင့်    ဝန်ထမ်းများ၊    ကိုယ်ပွား သတင်းစာတိုက်တာဝန်ခံနှင့် ဝန်ထမ်းများ၊ ထပ်ဆင့် လွှင့်စက်ရုံမှ ဇုန်နယ်မှူးနှင့် ဝန်ထမ်းများအား တွေ့ဆုံ သည်။ 
ယင်းနောက်   မော်လမြိုင်မြို့ရှိ   မြန်မာ့အသံနှင့် ရုပ်မြင်သံကြား  ထပ်ဆင့်လွှင့်စက်ရုံတွင်  ရုပ်မြင် သံကြားနှင့် ရေဒီယိုအစီအစဉ်များ ထုတ်လွှင့်ပေးနေ မှုကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။


ဒုတိယဝန်ကြီးသည်     ယနေ့နံနက်ပိုင်းတွင် ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ပြည်နယ်ဦးစီးမှူး၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြဝတီခရိုင်၊ ဖာပွန်ခရိုင်နှင့် ကော့ကရိတ် ခရိုင်တို့မှ ခရိုင်နှင့် မြို့နယ်ဦးစီးမှူးများ၊ ထပ်ဆင့်လွှင့် စက်ရုံဇုန်နယ်မှူးနှင့် ဘားအံထပ်ဆင့်လွှင့်စက်ရုံမှူး၊ မြန်မာ့အသံနှင့်  ရုပ်မြင်သံကြား  ဘားအံသတင်း ဌာနခွဲမှ  ဝန်ထမ်းများအား  တွေ့ဆုံပြီး (အပေါ်ပုံ)ဘားအံ ထပ်ဆင့်လွှင့်စက်ရုံကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။ 


ဝန်ထမ်းများနှင့်တွေ့ဆုံစဉ်   ဒုတိယဝန်ကြီး က  ကိုဗစ်-၁၉ ရောဂါကူးစက်မှု  လျော့နည်းလာပြီ ဖြစ်၍ မိမိတို့စာကြည့်တိုက်များ ပြန်လည်ဖွင့်လှစ်ပြီး ပြည်သူများနှင့်ထိတွေ့၍      အသိပညာပေးခြင်း၊ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများ   ပြန်လည်စတင် ဆောင်ရွက်ရန်၊    ဝန်ထမ်းများအနေဖြင့်    စာရေး၊ စာဖတ်ခြင်းကို    အလေ့အကျင့်တစ်ခုသဖွယ်အဖြစ် ဆောင်ရွက်ရန်၊ ဝန်ထမ်းများ စာရေး၊ စာဖတ်မှသာ ဗဟုသုတတိုးပွားလာပြီး ဟောပြောပွဲများ၊ ဆွေးနွေးပွဲ များ  ပြုလုပ်နိုင်သည်အထိ  ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း၊ ပုံပြောပြိုင်ပွဲ၊ စကားရည်လုပွဲနှင့် အသိပညာ ပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း  အသင်း အဖွဲ့ဝင်လူငယ်၊ လူရွယ်များနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်၊      ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်သူ၊ စာငှားသူ တိုးပွားလာအောင် စည်းရုံး ဆောင်ရွက်ရန်၊ ထူးခြားဖြစ်စဉ်သတင်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ ပေးပို့ရန်၊ ဝန်ထမ်းကောင်း ပီသစွာ အရောင်အသွေး ကင်းရှင်းပြီး နိုင်ငံတော်နှင့် ပြည်သူလူထုအပေါ် သစ္စာစောင့်သိရန်၊ လိုအပ်သည့် ဝန်ဆောင်မှုများ အပြည့်အဝပေးနိုင်အောင်  ကြိုးစား ဆောင်ရွက်ရန်၊ ကိုဗစ်-၁၉  ရောဂါဖြစ်ပွားမှု လျော့ နည်းလာသော်လည်း အသိပညာပေးလုပ်ငန်းများကို  မလျှော့ဘဲ   ဆက်လက်ဆောင်ရွက်ကြရန်၊     ရုံး အဆောက်အအုံများနှင့် စက်ပစ္စည်းများ လုံခြုံရေး ဂရုပြုကြရန်၊  ထပ်ဆင့်လွှင့်စက်ရုံ စက်ပစ္စည်းများ မပျက်စီး၊ မပျောက်ဆုံးအောင် ထိန်းသိမ်းစောင့်ရှောက် ကြရန်တို့ကို မှာကြားခဲ့သည်။  


သတင်းစဉ်