
၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေ များအရ ပုံနှိပ်သူ၊ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ် စာစောင် ၆ အုပ် သို့မဟုတ် ၆ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန သည် အဆိုပါ စာအုပ်စာစောင်များကို အမျိုးသားစာကြည့်တိုက်၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနနှင့် အမျိုးသားစာပေဆုရွေးချယ်ရေးကော်မတီများသို့ ခွဲဝေပေးပို့လျက်ရှိပါသည်။ ထို့အပြင် ပေးပို့လာသော ထုတ်ဝေစာများကို ပြက္ခဒိန်နှစ်အလိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း ထုတ်ဝေသော စာအုပ် စာတမ်းများစာရင်းတွင်လည်း ရေးသွင်းထားပြီး နှစ်စဉ်ထုတ်ပြန် လျက်ရှိပါသည်။
ယခုအခါ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ၈-၉-၂၀၂၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၄၃/၂၀၂၂ ဖြင့် အမျိုးသားစာကြည့် တိုက်နည်းဥပဒေများကို ထုတ်ပြန်ခဲ့ပြီး ယင်းနည်းဥပဒေ ၁၇၊ နည်း ဥပဒေခွဲ(က)တွင် “အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်းအပါအဝင် ထုတ်ဝေသူသည် ယင်းတို့ထုတ်ဝေသည့် ပုံနှိပ်နှင့် ပုံနှိပ်မဟုတ်သော စာပေအနုပညာပစ္စည်း တစ်မျိုးစီ၏ ၅ အုပ်၊ ၅ စောင် သို့မဟုတ် ၅ ခုကို ထုတ်ဝေသည့်နေ့မှ တစ်လ အတွင်း အမျိုးသားစာကြည့်တိုက်သို့ စာပေအနုပညာပစ္စည်းပေးပို့ခြင်း ပုံစံ(ပုံစံ-၁)ဖြင့် အခမဲ့ပေးပို့ရမည်” ဟု ပြဋ္ဌာန်းထားရှိပါသည်။
သို့ပါ၍ ထုတ်ဝေသူများအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည့် ထုတ်ဝေစာများကို ၆ အုပ် သို့မဟုတ် ၆ စောင်အစား (၁-၁၀-၂၀၂၂) ရက်နေ့မှစတင်ပြီး ၅ အုပ် သို့မဟုတ် ၅ စောင်ကိုသာ ပေးအပ်ရမည်ဖြစ်ကြောင်း အသိပေးကြေညာအပ် ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန