ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုပေးမှုအခြေအနေ

 

ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီ ချက်ဖြင့်  ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း  နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄) ဖြင့် ၂၀၁၄ ခုနှစ်၊ အောက် တိုဘာလ (၁၀) ရက်နေ့တွင်    ထုတ်ပြန်ခဲ့ပြီးနောက်   လုပ်ငန်းအသိ အမှတ်ပြုလက်မှတ် လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေ ခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီစိစစ်၍ လုပ်ငန်းအသိအမှတ်ပြု လက်မှတ်များကို ခွင့်ပြုပေးလျက်ရှိပါသည်။ 
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ (၂၂-၃-၂၀၂၃) နေ့က ပြုလုပ်ခဲ့ သော  ပြန်ကြားရေးဝန်ကြီးဌာန၊  စီမံခန့်ခွဲရေးကော်မတီအစည်း အဝေးတွင်   (၂၃-၁-၂၀၂၃) နေ့မှ  (၁၀-၃-၂၀၂၃) နေ့အထိ  လုပ်ငန်း အသိအမှတ်ပြုလက်မှတ်   လျှောက်ထားလာသည့်  ထုတ်ဝေခြင်း လုပ်ငန်းအတွက်  အသစ်လျှောက်ထားသူ  ဂျာနယ် တစ်ဦး၊ မဂ္ဂဇင်း နှစ်ဦးနှင့် အထွေထွေ ၂၀ ဦး ပေါင်း ၂၃ ဦးကိုလည်းကောင်း၊ သတင်း အေဂျင်စီလုပ်ငန်း လျှောက်ထားသူ သုံးဦးကိုလည်းကောင်း အသိ အမှတ်ပြုလက်မှတ်များ ထုတ်ပေးရန် ခွင့်ပြုပေးခဲ့ပါသည်။ 
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများပြဋ္ဌာန်းသည့် (၁၀-၁၀-၂၀၁၄) နေ့မှစ၍ ယနေ့အထိ ပုံနှိပ်ခြင်းလုပ်ငန်း ၁၆၉၈ ဦး၊ ထုတ်ဝေခြင်းလုပ်ငန်း   ၃၂၇၁  ဦးနှင့်    သတင်းအေဂျင်စီလုပ်ငန်း ၄၀၂ ဦး စုစုပေါင်း ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း ၅၃၇၁  ဦးအား   အသိအမှတ်ပြုလက်မှတ်များ  စိစစ်ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါသည်။ 
    ပြန်ကြားရေးဝန်ကြီးဌာန