ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုပေးမှုအခြေအနေ

 

နေပြည်တော် အောက်တိုဘာ ၈


ပြန်ကြားရေးဝန်ကြီးဌာနသည်  ပြည်ထောင်စုအစိုးရ၏ သဘော တူညီချက်ဖြင့်  ပုံနှိပ်ခြင်းနှင့်  ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄) ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်း အသိအမှတ်ပြုလက်မှတ်  လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီ စိစစ်၍ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များကို   ခွင့်ပြုပေးလျက်ရှိပါသည်။ 


ထိုသို့‌ဆောင်ရွက်ပေးလျက်ရှိရာ   (၁-၁၀-၂၀၂၁)  နေ့က ပြုလုပ်ခဲ့သော ပြန်ကြားရေးဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးတွင် (၂၀-၇-၂၀၂၁) နေ့မှ (၂၁-၉-၂၀၂၁) နေ့အထိ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာသည့် ပုံနှိပ် ခြင်းလုပ်ငန်းအတွက် အသစ်လျှောက်ထားသူ တစ်ဦး၊ ထုတ်ဝေ ခြင်းလုပ်ငန်းအတွက်  အသစ်လျှောက်ထားသူ ဂျာနယ် တစ်ဦး၊ မဂ္ဂဇင်း တစ်ဦး၊ အထွေထွေ လေးဦး  ပေါင်းခြောက်ဦးကိုလည်း ကောင်း၊ သတင်းအေဂျင်စီလုပ်ငန်း  လျှောက်ထားသူ တစ်ဦးကို လည်းကောင်း   အသိအမှတ်ပြုလက်မှတ်များ ထုတ်‌ပေးရန် ခွင့်ပြု‌ပေးခဲ့ပါသည်။ 


ပုံနှိပ်ခြင်းနှင့်   ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများ ပြဋ္ဌာန်း သည့် (၁၀-၁၀-၂၀၁၄) နေ့မှစ၍ ယနေ့အထိ ပုံနှိပ်ခြင်းလုပ်ငန်း ၁၆၉၆ ဦး၊ ထုတ်ဝေခြင်းလုပ်ငန်း ၃၀၉၅ ဦးနှင့် သတင်းအေဂျင်စီ လုပ်ငန်း ၃၈၃ ဦး စုစုပေါင်း ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်း အေဂျင်စီလုပ်ငန်း ၅၁၇၄ ဦးအား အသိအမှတ်ပြုလက်မှတ်များ စိစစ်ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါသည်။ 


ပြန်ကြားရေးဝန်ကြီးဌာန