
မန္တလေး ဧပြီ ၂၉
ပုဂံလူရည်ချွန်စခန်းဖွင့်ပွဲ အခမ်း အနားကို ယနေ့ နံနက်ပိုင်းက ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် အောင်မြေသာရပ်ရှိ ပုဂံလူရည်ချွန် စခန်း မုခ်ဦးရှေ့၌ ကျင်းပသည်။
အခမ်းအနားသို့ မန္တလေးတိုင်း ဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ စည်ပင်သာယာ ရေးဝန်ကြီး မြို့တော်ဝန် ဦးကျော် ဆန်း၊ ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဝင်း၊ တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ၊ လူရည် ချွန်ကြီးများ၊ ကျောင်းအုပ်ကြီး များ၊ ဆရာ ဆရာမများနှင့် လူရည် ချွန်ကျောင်းသား ကျောင်းသူများ၊ ကြီးကြပ် ဆရာ ဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည် တော်များ တက်ရောက်ကြသည်။
ဦးစွာ ပုဂံလူရည်ချွန်စခန်း အား လူရည်ချွန် ကျောင်းသား ကျောင်းသူတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်း တင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် အခမ်းအနားကို Heritage Bagan Hotel ၌ ဆက်လက်ကျင်းပရာ လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီးကျော်ကျော်မင်း က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြား ပြီး လူရည်ချွန် ကျောင်းသား ကျောင်းသူများအတွက် လူရည် ချွန်တံဆိပ်များကို ကျောင်းသား ကျောင်းသူ ကိုယ်စားလှယ်တစ်ဦး စီထံ ပေးအပ်ကာ လူရည်ချွန် ကျောင်းသားတစ်ဦးက ကျေးဇူး တင်စကား ပြန်လည်ပြောကြား သည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပညာ ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်း ဝန်နှင့် တာဝန်ရှိသူများ၊ လူရည် ချွန်ကြီးများက လူရည်ချွန် ကျောင်းသား ကျောင်းသူများကို ရင်ထိုးတံဆိပ်များ တပ်ဆင်ပေး ကာ ရင်းနှီးနွေးထွေးစွာနှုတ်ဆက် ကြပြီး လူရည်ချွန် ကျောင်းသား ကျောင်းသူများနှင့် စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကြကာ (အပေါ်ပုံ) လူရည်ချွန် ကျောင်းသား ကျောင်းသူများက အမှတ်တရ သစ်ပင် စိုက်ပျိုးကြသည်။
ဆက်လက်၍ လူရည်ချွန် ကျောင်းသား ကျောင်းသူများ သည် အာနန္ဒာဘုရား၊ သဗ္ဗညု ဘုရား၊ မနူဟာဘုရား၊ မြစေတီ+ ဂူပြောက်ကြီးဘုရား၊ ဘူးဘုရား၊ ထီးလိုမင်းလိုဘုရား၊ ပုဂံဒေသရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေ အနှစ်များ၊ ရှေးဟောင်းဗိသုကာ လက်ရာများကို အုပ်ချုပ်သူ ဆရာ ဆရာမများနှင့်အတူ သွားရောက် ဖူးမြော်လေ့လာကြသည်။
ညပိုင်းတွင် ပုဂံလူရည်ချွန် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံရာ ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အခမ်းအနားကို စတင်ဖွင့်လှစ်ပေးပြီး တိုင်းဒေသ ကြီးပညာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က စခန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ လူရည်ချွန်တစ်ဦးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လူရည် ချွန် ကျောင်းသား ကျောင်းသူ များနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြပြီး ဂုဏ်ပြုဧည့်ခံ ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်