ပုဗ္ဗသီရိ ဇွန် ၂၂
ပြည်ထောင်စု နယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်ဘဏ်ခွဲမှ မြို့နယ်အတွင်း ရှိ တောင်သူလယ်သမားများ အတွက် ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့နံနက် ၁၀ နာရီက ထုတ်ချေး ပေးသည်။
ပုဗ္ဗသီရိခရိုင် ဘဏ်ခွဲအနေဖြင့် မေ ၁၆ ရက်မှ စတင်ပြီး မိုးရာသီ စိုက်ပျိုးစရိတ်များ ထုတ်ချေးပေး ခဲ့ရာ ဇွန် ၂၂ ရက်တွင် ပုဗ္ဗသီရိ ခရိုင်ဘဏ်ခွဲမှ ကျည်တောင်ကန် ကျေးရွာအုပ်စုသို့ ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကို ချေးငွေနှုန်းထား လယ်တစ်ဧက လျှင်ငွေကျပ် ၁၅၀၀၀၀ နှုန်း၊ ယာတစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်းနှင့် အတိုးနှုန်း မှာ ငွေကျပ် ၁၀၀ လျှင် ၁ နှစ် ၅ ရာခိုင်နှုန်းဖြင့် တောင်သူ ၁၆၄ ဦး၊ စပါး ၅၃၇ ဧက၊ နှမ်းနှစ်ဧက တို့အတွက် စုစုပေါင်းချေးငွေ ၈၀၇၅၀၀၀၀ ထုတ်ချေးပေးခဲ့ သည်။ အဆိုပါချေးငွေကို သတ်မှတ်ကာလဖြစ်သည့် ၃၁-၃-၂၀၂၃ ရက် ကျော်လွန်ပါက ငွေကျပ် ၁၀၀ လျှင် ၁နှစ် ပြား ၅၀ နှုန်း ဒဏ်တိုးအဖြစ် သတ်မှတ်သွား မည်ဖြစ်ကြောင်း သိရသည်။
ပုဗ္ဗသီရိခရိုင်ဘဏ်ခွဲ အနေ ဖြင့် မေ ၁၆ ရက်မှ ဇွန် ၂၂ ရက် အထိ ကျေးရွာအုပ်စု ၂၀၊ တောင်သူ ၁၇၀၅ ဦး၊ စပါး ၅၈၂၃ ဧက၊ နှမ်း ၇၇၇ ဧက၊ မြေပဲ ရှစ်ဧကအတွက် ချေးငွေ စုစုပေါင်း ၉၅၁၉၅၀၀၀၀ ထုတ်ချေးပေးပြီး ဖြစ်ကြောင်း ပုဗ္ဗသီရိခရိုင် ဘဏ်ခွဲမန်နေဂျာ ဒေါ်ထွေးထွေးသိန်းထံမှ သိရသည်။
မျိုးသီဟ(ပြန်/ဆက်)



