ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်မှုအတွက် မီဒီယာအခန်းကဏ္ဍဆိုင်ရာ Online ဆွေးနွေးပွဲ ကျင်းပ

 

နေပြည်တော်    ဇန်နဝါရီ    ၁၈


Asia-Pacific Institute For Broadcasting Development (AIBD)ကကြီးမှူး၍ “ပတ်ဝန်း ကျင်စိမ်းလန်းစိုပြည်မှုအတွက် မီဒီယာအခန်း ကဏ္ဍဆိုင်ရာ   (ပိုမိုစိမ်းလန်းစေရေးအတွက် ရေရှည်တည်တံ့သော     အလေ့အကျင့်များ) Online  ဆွေးနွေးပွဲ” ကို    ဇန်နဝါရီ ၁၈ ရက်  မွန်းလွဲပိုင်းက Online မှ တစ်ဆင့် ကျင်းပသည်။


အဆိုပါ    ဆွေးနွေးပွဲကို    အစိမ်းရောင် နည်းပညာ ကာဗွန်သုံးစွဲမှုလျှော့ချရန် သိပ္ပံ ပညာတိုးတက်မှုများကို       အသုံးချခြင်းဖြင့် ဂေဟစနစ်သဟဇာတရှိသော  ပတ်ဝန်းကျင် ကောင်းတစ်ခုကို ထိန်းသိမ်းရန် ရည်ရွယ်ပြီး စိမ်းလန်းသော နည်းပညာ၏ မဏ္ဍိုင်လေးရပ် အနေဖြင့် စွမ်းအင်၊ အဆောက်အဦ၊ သယ်ယူ ပို့ဆောင်ခြင်းနှင့် အမှိုက်စွန့်ပစ်ခြင်း  စီမံခန့်ခွဲမှု စသည်တို့ကို ရှာဖွေဖော်ထုတ်ထားပြီး စိမ်းလန်း သောနည်းပညာနှင့်စပ်လျဉ်း၍ မီဒီယာလုပ်ငန်း များကို  ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။


ဆွေးနွေးပွဲတွင်  မီဒီယာမြှင့်တင်မှုအတွက်  Green Technology ကို မိတ်ဆက်ပေးခြင်းများ၊ လျှပ်စစ်သံလိုက်ဓာတ်ရောင်ခြည်ကို ထိန်းချုပ် ရေးဆိုင်ရာများ၊ Green Content Production and Advancements ၊  ကိရိယာအနည်းငယ်ဖြင့် ပြင်ပအသံလွှင့်ခြင်းကို ချောမွေ့စေခြင်းများ၊ Green Computing နှင့် Adaptive Processing ကို     လက်ခံခြင်း၊       Green   Building   နှင့် Technology   တွင်   ရေရှည်တည်တံ့သော အလေ့အကျင့်များ၊ ရေရှည်တည်တံ့ခိုင်မြဲရေး အတွက် မီဒီယာတွင် ဆန်းသစ်တီထွင်မှုများကို စူးစမ်းရှာဖွေခြင်းဆိုင်ရာများ၊ Green Supply Chain Management ဆိုင်ရာများကို အဓိက ထား ဆွေးနွေးကြသည်။


အဆိုပါ ဆွေးနွေးပွဲသို့ AIBD အဖွဲ့ဝင်နိုင်ငံ များမှ ကိုယ်စားလှယ်များနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများ ပါဝင်တက်ရောက် ဆွေးနွေးကြသည်။


ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် AIBD သို့  တင်းပြည့် အဖွဲ့ဝင်အဖြစ် ၁၉၉၇ ခုနှစ် ဇူလိုင် ၂၉ ရက်တွင် ဝင်ရောက်ခဲ့ပြီး လုပ်ငန်းခွင် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများ၊     သတင်းတု၊    သတင်းမှား တိုက်ဖျက်ရေးနှင့် မီဒီယာသိနားလည်မှုဆိုင်ရာ သင်တန်းများကို   လက်ခံကျင်းပခြင်း၊   ပါဝင် တက်ရောက်ခြင်းများ       ဆောင်ရွက်လျက် ရှိသည်။                

သတင်းစဉ်