ပြတိုက်ပညာရပ်ဖြန့်ဖြူးပေးရာ ဘွဲ့လွန်ပြတိုက်ပညာ ဒီပလိုမာသင်တန်း

Type
77

 

သီသီသောင်း
 

ပြတိုက်များသည် အရေးကြီးသော ပညာရေးပတ်ဝန်းကျင်များဖြစ်ပြီး သင်ယူလေ့လာမှုဆိုင်ရာ အလားအလာများစွာကို ရယူနိုင်သည့် ပညာဘဏ်တိုက် နေရာဌာန တစ်ခုဖြစ်ပေသည်။ ပြတိုက်ပညာရေးသင်ယူခြင်းမှာ ဘောင်အကန့်အသတ်မရှိပါ။ ပြတိုက်များတွင် ပြသထားသော ယဉ်ကျေးမှု အမွေအနှစ် ပြသပစ္စည်းစုဆောင်းမှုများသည် ပညာရပ်ဆိုင်ရာ လေ့လာသင်ယူကြသည့် ကျောင်းသားများအား အတိတ်ကာလ ဆီမှ လူသားများ၏ တီထွင်ဖန်တီးမှုများ၊ အချိန်ကာလ၊ နေရာများ၊ အဖြစ်အပျက်များ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့နိုင်သော ချိတ်ဆက်မှု များကို ပေးစွမ်းနိုင်ပြီး  လူ့သမိုင်းနှင့် ယဉ်ကျေးမှု အမွေအနှစ်များ၏ ဆင့်ကဲဖြစ်စဉ်ကို သင်ယူမှတ်သားရရှိ  ခံစားနိုင်စေသည့်နေရာဖြစ်ပါသည်။ 
ပြတိုက်များတွင်   ပညာရပ်ဆိုင်ရာ   လေ့လာသင်ယူခြင်းသည် ယဉ်ကျေးမှု အမွေအနှစ် ဝတ္ထုပစ္စည်းများ၏ သမိုင်းတန်ဖိုးကို နားလည် ရန်၊   မတူကွဲပြားသော   ယဉ်ကျေးမှုများကို  လေးစားရန်နှင့် ဓလေ့၊ ထုံးတမ်းယဉ်ကျေးမှုပေါင်းစုံကို သိရှိနားလည်ရန် ကူညီပေးပေသည်။ ပြတိုက်များကို      စူးစမ်းလေ့လာခြင်းသည်   ကျောင်းသားများအား အသိပညာဆည်းပူးခြင်း လုပ်ငန်းစဉ်တွင် တက်ကြွစွာ ပါဝင်လုပ်ဆောင် စေကာ ကျောင်းသားများ၏ စိတ်ကူးစိတ်သန်းများနှင့် စိတ်ခံစားမှုများ ကို ပုံဖော်ပြစေနိုင်ပါသည်။ ပြတိုက်များကို ထိရောက်စွာ အသုံးပြုခြင်း ဖြင့် ဘက်စုံလေ့လာသင်ယူနိုင်မှု၊ ဝေဖန်ပိုင်းခြားနိုင်သော တွေးခေါ်မှု စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မျက်မှောက်ခေတ် ကာလ ၏ ဘဝတစ်သက်တာ သင်ယူမှုစွမ်းရည်များကို ရယူနိုင်ရန် ပံ့ပိုးကူညီ ပေးပေသည်။
လူ့အဖွဲ့အစည်းတွင် ပြတိုက်များ၏  အခန်းကဏ္ဍသည်   အလွန်အရေးပါ
အပြည်ပြည်ဆိုင်ရာ  ပြတိုက်များကောင်စီ (COM -International Council of Museums)    သည်    ပြတိုက်နှင့်     ပြတိုက်ပညာရှင်များ၏  တစ်ခုတည်းသော    နိုင်ငံတကာအဖွဲ့အစည်း    ဖြစ်ပါသည်။    ထိုအဖွဲ့ အစည်းမှာ အသင်းဝင်ရောက်ရသည့် လွတ်လပ်သော  အဖွဲ့အစည်း တစ်ခုဖြစ်ပြီး  ပြတိုက်ပညာပေးရေးလုပ်ငန်း၊ ပြတိုက်ပညာရပ်အလိုက်  သုတေသနပြုခြင်း၊   ပြတိုက်ပစ္စည်း  ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပြတိုက်များ   စဉ်ဆက်မပြတ်   လည်ပတ်နိုင်ရေးနှင့်  ခေတ်နှင့်အညီ ပြတိုက်ပညာရပ်ဆိုင်ရာ   စဉ်ဆက်မပြတ်   ဖွံ့ဖြိုးတိုးတက်ရေး၊ လူထု ဆက်ဆံရေးလုပ်ငန်းများကို    အစဉ်တစိုက်       လုပ်ကိုင်ပါသည်။ မျက်မှောက်ခေတ် ပြောင်းလဲလာသော လူ့အဖွဲ့အစည်းတွင် ပြတိုက် များ၏  အခန်းကဏ္ဍနှင့် ပြတိုက်ပညာရေး   တိုးတက်ဖွံ့ဖြိုးရန် အခန်း ကဏ္ဍသည်   အလွန်အရေးပါပြီး   စိန်ခေါ်မှုများစွာဖြင့်   ကြုံတွေ့နေရ ပေသည်။ 
    ပြတိုက်ပညာရပ်များကို စာတွေ့၊  လက်တွေ့ လေ့လာဆည်းပူးရာ ပြတိုက်များသည် ကမ္ဘာပေါ်ရှိ   သဘာဝကပေးအပ်သော အမွေအနှစ် များ၊   လူသားများ၊  လူ့ယဉ်ကျေးမှုများက  တည်ဆောက်ခဲ့သော အမွေအနှစ်များကို  တစုတစည်းတည်း    ခံစားကြည့်ရှုနိုင်သော၊  လက်ရှိပစ္စုပ္ပန်ကာလနှင့်   အနာဂတ်ကာလကို  ဆက်စပ်ဆင်ခြင်နိုင် သော၊   အကျိုးအမြတ်မယူဘဲ ပြည်သူလူထုကိုပညာပေးရန်၊ ဆက်လက် ရှင်သန်ရပ်တည်နိုင်ရန် ဆောင်ရွက်သော အဖွဲ့အစည်းလည်း ဖြစ်ပါ သည်။
မြန်မာတစ်နိုင်ငံလုံး၌  တစ်ခုတည်းသာရှိ
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနအောက်ရှိ အမျိုးသားပြတိုက်(ရန်ကုန်) ၌ ဖွင့်လှစ်သင်ကြားလျက်ရှိသည့်  အမျိုးသားယဉ်ကျေးမှုနှင့်  အနုပညာ တက္ကသိုလ် (ရန်ကုန်)မှ ဘွဲ့အပ်နှင်းသည့် ဘွဲ့လွန်ပြတိုက်ပညာဒီပလိုမာ (Post Graduate Diploma in Museology) P.G.D.M တစ်နှစ်သင်တန်း သည်     ပြတိုက်ပညာရပ်ဖြန့်ဖြူးပေးရာ၊      ပြတိုက်ပညာရပ်ဆိုင်ရာ လူ့အရင်းအမြစ်မွေးထုတ်ပေးရာ၊ ပြတိုက်ပညာရပ်ဆိုင်ရာ ပညာများ ကို သင်ကြားပို့ချနေသည့် မြန်မာတစ်နိုင်ငံလုံး၌  တစ်ခုတည်းသာရှိ သည့် သင်တန်းလည်း ဖြစ်ပေသည်။
ဘွဲ့လွန်ပြတိုက်ပညာဒီပလိုမာ တစ်နှစ်သင်တန်းကို ၂၀၀၂-၂၀၀၃ ပညာသင်နှစ် နိုဝင်ဘာ ၂၆ ရက်မှ စတင်၍ အမှတ်စဉ်(၁)ကို ဖွင့်လှစ်ခဲ့ ရာ ၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ်တွင် အမှတ်စဉ် ၁၉ အထိ ဖွင့်လှစ်နိုင် ခဲ့ပြီး ဘွဲ့လွန်ပြတိုက်ပညာဒီပလိုမာ    ရရှိပြီးသူဦးရေ   ၃၁၅ ဦးနှင့် တက်ရောက်ဆဲ ၁၂ ဦး   စုစုပေါင်း  ၃၂၇  ဦးသာ ရှိနေပါသေးသည်။ သို့ဖြစ်ရာ  မြန်မာနိုင်ငံအရပ်ရပ်ရှိပြတိုက်များတွင် တာဝန်ထမ်းဆောင် နေကြသည့်   ပြတိုက်ဝန်ထမ်းများနှင့်   ပြင်ပမှ  ပြတိုက်ပညာရပ်ကို စိတ်ပါဝင်စား   သင်ကြားတတ်မြောက်လိုသည့်   မျိုးဆက်သစ်များ၊  ပြတိုက်လောကသို့ အသစ်ဝင်ရောက်လာမည့်သူများအတွက် ပြတိုက် ပညာရပ်များကို ကျွမ်းကျင်တတ်မြောက် သင်ကြားနိုင်စေရန် အခွင့် အလမ်းအနေဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဖွင့်လှစ်မည့် ဘွဲ့လွန် ပြတိုက်ပညာဒီပလိုမာသင်တန်း      အမှတ်စဉ် (၂၀) ကို  ၂၀၂၂ ခုနှစ်  နိုဝင်ဘာလနောက်ဆုံးပတ်တွင်  ဖွင့်လှစ်တော့မည်ဖြစ်ပါသည်။
ဘွဲ့လွန်ပြတိုက်ပညာဒီပလိုမာသင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက် များမှာ-
    မြန်မာနိုင်ငံရှိ ပြတိုက်များ၏ အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် နှင့်    နိုင်ငံတကာစံနှုန်းနှင့်ညီသည့် ပြတိုက်ပညာရပ်များ တိုးတက် ပြန့်ပွားစေရန်အတွက်၊   ဘွဲ့လွန်ပြတိုက်   ပညာဒီပလိုမာသင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များမှာ  အောက်ပါအတိုင်း ဖြစ်ပါသည်- 
 (၁)    မြန်မာနိုင်ငံရှိ  ပြတိုက်ပညာရပ်ဆိုင်ရာ  နည်းပညာများကို စိတ်ပါဝင်စားသည့်  မျိုးဆက်သစ်များသို့   လက်ဆင့်ကမ်း ပို့ချပေးရန်၊ 
(၂)    မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို စနစ်တကျ  စုဆောင်း ခြင်း၊ ထိန်းသိမ်းခြင်း၊ ခင်းကျင်းပြသခြင်း၊ ပြတိုက်ပညာရပ် ဆိုင်ရာ ဈေးကွက်သုတေသနပြုခြင်း၊ ပညာပေးခြင်း စသည့် ပြတိုက်ပညာရပ်ဆိုင်ရာ    နည်းပညာများကို   စနစ်တကျ နားလည်တတ်မြောက်လာခြင်းဖြင့်        ပြတိုက်များတွင် လက်တွေ့အသုံးချနိုင်ရန်၊ 
(၃)    ပြတိုက်ပညာရပ်ဆိုင်ရာ ဘွဲ့၊ ဒီဂရီ၊ သင်တန်းများ စဉ်ဆက် မပြတ်       ဖွင့်လှစ်နိုင်ခြင်းဖြင့်   လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန်၊ 
(၄)     ဘွဲ့လွန်ပြတိုက်ပညာဒီပလိုမာဘွဲ့ရရှိသူများထဲမှ ထူးချွန်ပြီး သင်ကြားရေးတွင် စိတ်ပါဝင်စားသူများအား ပြတိုက်ပညာ ရပ်ဆိုင်ရာ နည်းပြများအဖြစ် မွေးထုတ်ရန်၊ 
(၅)    မြန်မာနိုင်ငံတွင် နောင်အနာဂတ်အတွက် ပြတိုက်ပညာရပ် ဆိုင်ရာ ပညာရှင်များ ပေါ်ထွက်လာခြင်းဖြင့် ပြတိုက်နယ်ပယ် ၌ ပညာရှင်မျိုးဆက် မပြတ်စေရန်။ 
ပြတိုက်ပညာသင်တန်းများပို့ချဖွင့်လှစ်မည့်နေရာ
    ဘွဲ့လွန်ပြတိုက်ပညာဒီပလိုမာသင်တန်းကို    အမျိုးသားပြတိုက် (ရန်ကုန်) ၆၆/၇၄ ပြည်လမ်း ဒဂုံမြို့နယ်၌ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး ဘွဲ့လွန်ဒီပလိုမာဖြစ်သည်နှင့်အညီ ဘွဲ့တစ်ခုခုရရှိပြီးသည့် မည်သူမဆို တက်ရောက်နိုင်ပါသည်။
    ဘွဲ့လွန်ပြတိုက်ပညာဒီပလိုမာသင်တန်းတွင် သင်ကြားမည့် ပထမ နှစ်ဝက်၊ ဒုတိယနှစ်ဝက်အလိုက် ဘာသာရပ်သင်ရိုးများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။ 
1    E 1001    English
2    MU-5101/5201    Museum Administration & Management
3    MU-5102/5202    Museum Collection Management & Storage
4    MU-5103/5203    Museology & Related Studies  
5    MU-5104/5204    Museum Exhibition Technology
6    MU-5105/5205    Museum Conservation &Research
7    MU-5106/5206    Museum Marketing, Museum Education & Public Relation
8    MU-5207    Museum Tour Report, Dissertation 
9    MU-5208    Display

အင်္ဂလိပ်စာဘာသာရပ်ကို ထည့်သွင်းသင်ကြားရသည်မှာ ပြတိုက် ပညာရပ်ဆိုင်ရာTerminology၊ ဝေါဟာရအသုံးချပုံများနှင့်Museol-ogy  Field  တွင်   ပညာရပ်ကို   ပိုမိုနားလည်နိုင်စေရေးအတွက် ထည့်သွင်းသင်ကြားပေးခြင်း ဖြစ်ပေသည်။


Museum Administration and Management ဘာသာရပ်သည် ပြတိုက်၏ အဓိပ္ပာယ်နှင့်ဆိုလိုချက်များ၊    ပြတိုက်အမျိုးအစားများ၊ သီအိုရီများ၊ ပြတိုက်များ စဉ်ဆက်မပြတ်ပြောင်းလဲမှုများ၊ ပြတိုက်၏အုပ်ချုပ်မှု၊ပြတိုက်ဆိုင်ရာ  စီမံခန့်ခွဲမှုများ၊ ခေါင်းဆောင်မှုပညာရပ်များ၊ ပြတိုက်ဗိသုကာ၊ ပြတိုက်မှူးများ၏ တာဝန် ဝတ္တရားများ၊ ပြတိုက်၏ မူဝါဒများ၊ ပြတိုက်ဥပဒေ ၊ ပြတိုက်ဆိုင်ရာအဓိပ္ပာယ် သတ်မှတ်ချက်များ ကို သင်ကြားပေးသည့်ဘာသာရပ်ဖြစ်ပါသည်။ 
 Museum  Collection Management & Storage ဘာသာရပ်တွင် ပြတိုက် ပစ္စည်းစုဆောင်းရေးမူဝါဒ၊ စုဆောင်းရေးနည်းပညာမိတ်ဆက်၊ ပြတိုက်ပစ္စည်း စုဆောင်းရေးလက်စွဲ၊ စုဆောင်းရေး လုပ်ထုံးလုပ်နည်း များ၊ ကတ်တလောက် ပြုစုခြင်း၊ ပြသပစ္စည်းရောက်ရှိပုံစံ၊ ထွက်ခွာပုံစံ၊ ရွှေ့ပြောင်းခြင်းပုံစံ၊ ပြသပစ္စည်း နံပါတ်တပ်ခြင်းပုံစံ၊ အမှတ်အသား ပြုခြင်းပုံစံ၊    ဒစ်ဂျစ်တယ်နည်းပညာ  အသုံးပြုခြင်းနည်းလမ်းများကို သင်ကြားပါသည်။ 
 Museology & Related Studies ဘာသာရပ်တွင် ပြတိုက်နှင့် ဆက်စပ်သော ဘူမိဗေဒပညာရပ်၊ ပြတိုက်နှင့်ဆက်စပ်သော မနုဿ ဗေဒပညာရပ်၊    ပြတိုက်ပညာနှင့်   ရှေးဟောင်းသုတေသနပညာရပ် ဆက်စပ်မှု၊ အနုပညာရပ်ဆိုင်ရာဆက်နွှယ်မှုနှင့်   ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများအား       ထိန်းသိမ်းစောင့်ရှောက်ခြင်းများကို သင်ကြားပေးပါသည်။
  Museum Exhibition Technology ဘာသာရပ်တွင် ပြတိုက် ခင်းကျင်းမှု နည်းပညာများ၊ အယူအဆများ၊ မူဝါဒများ၊ ပြခန်းအလင်း ပေးခြင်းနည်းစနစ်၊   ဒစ်ဂျစ်တယ်နည်းပညာအသုံးပြု၍ ပြခန်းများ ခင်းကျင်းခြင်းနည်းပညာ  စသည်တို့ကို သင်ကြားပေးပါသည်။
Museum Conservation & Research ဘာသာရပ်တွင် ပြတိုက် ပစ္စည်းများ ကိုင်တွယ်ခြင်းနည်းစနစ်များ၊ ပြတိုက်ပစ္စည်းများ လုံခြုံမှု၊ သုတေသနနည်းစနစ်များ၊    ပြတိုက်ပစ္စည်းများ   ထိန်းသိမ်းမှုနည်း စနစ်များ စသည်တို့ကိုသင်ကြားပေးပါသည်။
Museum Marketing, Museum Education & Public Relation  ဘာသာရပ်တွင် ပြတိုက်ပညာပေးခြင်း၊    ပြတိုက်လူထုဆက်ဆံရေး၊ ပြတိုက်စျေးကွက်   ဖော်ဆောင်ခြင်း၊   ပြတိုက်စျေးကွက်သုတေသန ပြုခြင်း   စသည်တို့ကို သင်ကြားပေးပါသည်။
မိမိစိတ်ဝင်စားသည့်  စာတမ်းခေါင်းစဉ်ရွေးချယ်၍ တင်သွင်းရမည်ဖြစ်
ပြတိုက်၊ ပြခန်း၊ ရှေးဟောင်းဇုန်များ၊ ပြပွဲများအလိုက်ခရီးသွားလေ့လာချက်  စာတမ်းရေးသားပြုစုတင်သွင်းခြင်းနှင့် ပြတိုက်ပညာရပ် ဆိုင်ရာ အကြောင်းအရာများ၊  ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်း ခြင်း၊   ယဉ်ကျေးမှုအမွေအနှစ်ဇုန်များနှင့်   ပြတိုက်များ  ဆက်နွှယ်မှု     စသည့်  မိမိစိတ်ဝင်စားသည့်  စာတမ်းခေါင်းစဉ်ရွေးချယ်၍ ဘွဲ့ယူ စာတမ်းရေးသားပြုစုခြင်းတို့ တင်သွင်းရမည်ဖြစ်ပေသည်။  
လက်တွေ့ခင်းကျင်း       လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့်    ပြတိုက် ခင်းကျင်းရေးဆိုင်ရာ   စိတ်ကူးစိတ်သန်းများ၊    ကိုယ်ပိုင်ဖန်တီးမှုနှင့် အရည်အသွေးများ တိုးတက်ဖွံဖြိုးရန် ရည်ရွယ်၍ လက်တွေ့ခင်းကျင်းမှု နည်းပညာကို   အဖွဲ့လိုက်ခွဲကာ   လက်တွေ့ခင်းကျင်းမှု   လုပ်ဆောင်ရ ပေမည်။ 
ထိရောက်သော    ဘွဲ့လွန်ပြတိုက်ပညာ    ဒီပလိုမာတစ်ခုဖြစ်လာရန် မှာ ကျယ်ပြန့်သော စာတွေ့၊ လက်တွေ့၊ အသိပညာဗဟုသုတများကိုပါ ထည့်သွင်းသင်ကြားရပေသည်။    ပြတိုက်ပညာရပ်များ   သင်ကြား တတ်မြောက်ခြင်းဖြင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ပြည်တွင်း ပြည်ပဧည့်သည်တော်များ   ပိုမိုစိတ်ဝင်စား      သိမြင်လာရေးအတွက် လူထုပညာပေးရေး၊ လူထုဆက်ဆံရေး ပြတိုက်ပညာကဏ္ဍ တိုးမြှင့် ဆောင်ရွက်နိုင်စေခြင်း၊ ယဉ်ကျေးမှုအမွေအနှစ်များ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ ခင်းကျင်းပြသခြင်းနှင့် ပညာရပ်ဆိုင်ရာ အချက်အလက် များ ရယူနိုင်စေရန် ပြတိုက်ကို ပြည်သူလူထုပိုမိုသိရှိအသုံးပြုနိုင်မည့် နည်းလမ်းများကို သိရှိနိုင်မည်ဖြစ်ပါသည်။
ဖက်ရှင်ကျသည့်   ပြတိုက်မှူးတစ်ဦးဖြစ်နိုင်စေရန်  အခွင့်အလမ်း တစ်ခုလည်းဖြစ်
နိုင်ငံတကာတွင် ပြတိုက်ပညာရပ်သည် ငွေကြေးများစွာ ပေးတက် ရပြီး အလွန် အဖိုးတန်လှသည့် ပညာရပ်ဖြစ်ပေသည်။ ဘွဲ့လွန်ပြတိုက် ပညာ ဒီပလိုမာသင်တန်း တက်ရောက်တတ်မြောက်ပြီးလျှင် ပရော် ဖက်ရှင်ကျသည့် ပြတိုက်မှူးတစ်ဦးဖြစ်နိုင်စေရန် လှမ်းတက်နိုင်သည့် အခွင့်အလမ်းတစ်ခုလည်း ဖြစ်ပေသည်။ 
ပြတိုက်ပညာရပ်ဆိုင်ရာ   နားလည်တတ်ကျွမ်းသည့်   ပြတိုက် လုပ်ငန်းနယ်ပယ်တွင်   လုပ်ငန်းခွင်ဝင်ရောက်ရန်   အသင့်ဖြစ်သော လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးသည့် ဤသင်တန်းသည် ပြတိုက်ပညာရပ်များကို     စိတ်ဝင်စားသူ၊    ပြတိုက်ပညာရပ်များ သင်ကြားတတ်မြောက်လိုသူများအနေဖြင့် တက်ရောက်သင့်သည့် သင်တန်းတစ်ခုဖြစ်ပေသည်ဟု သတင်းစကားပါးအပ်ပါသည်။    ။
ကိုးကား-    
        ဘွဲ့လွန်ပြတိုက်ပညာ    ဒီပလိုမာသင်တန်း၊  သင်ရိုး ညွှန်းတမ်းနှင့် သင်ရိုးမာတိကာ