ပါတီနိုင်ငံရေးကင်းစင်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော  ပညာရေးကဏ္ဍ တိုးတက်မြင့်မားရန်အတွက် ကျရာကဏ္ဍမှ  တာဝန်ကျေပွန်အောင်ထမ်းဆောင်

 

 

နေပြည်တော်  နိုဝင်ဘာ   ၂၃
ပညာရေးဘွဲ့   ငါးနှစ်သင်တန်း   အမှတ်စဉ်(၄) သင်တန်းဆင်းပွဲနှင့်   အလုပ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် စစ်ကိုင်း တိုင်းဒေသကြီး  စစ်ကိုင်းမြို့နယ်ရှိ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ    ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)၌   ဘွဲ့နှင်းသဘင်ခန်းမ   အပါအဝင်  သုံးနေရာ ခွဲခြား၍ ကိုဗစ်-၁၉  စည်းကမ်းသတ်မှတ် ချက်များနှင့်အညီ ကျင်းပသည်။
၁၃၇၈၆ ဦး မွေးထုတ်ပေးနိုင်
သင်တန်းဆင်းပွဲအခမ်းအနားတွင်      နယ်စပ် ရေးရာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က  လက်ရှိအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုဖြင့် ရည်မှန်းချက်  (၅)ရပ်နှင့်   ဦးတည်ချက် (၉) ရပ်ကို ချမှတ်အကောင်အထည်ဖော်         ဆောင်ရွက်လျက်ရှိရာ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့်  နယ်စပ်ဒေသ များ၏  ဖွံ့ဖြိုးတိုးတက်ရေးနှင့်  လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြိုးပမ်းဆောင် ရွက်ပေးလျက်ရှိကြောင်း၊  နယ်စပ်ဒေသရှိ  တိုင်းရင်း သား လူငယ်များအား အဆင့်မြင့်ပညာများ သင်ကြား လေ့ကျင့်ပေးပြီး  နယ်စပ်ဒေသများ၏  လူ့စွမ်းအား အရင်းအမြစ်များ  ဖွံ့ဖြိုးတိုးတက်ရေးနှင့်  လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်   ပူးပေါင်း ပါဝင်ဆောင်ရွက်ကြမည့်  ပညာရေးဝန်ထမ်းကောင်း များ    မွေးထုတ်ပေးနိုင်ရန်အတွက်    ပြည်ထောင်စု  တိုင်းရင်းသားလူမျိုးများ          ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)ကို တည်ထောင်ဖွင့်လှစ် သင်ကြားလေ့ကျင့် ပေးလျက်ရှိကြောင်း၊  ဖွံ့ဖြိုးရေးတက္ကသိုလ်  စတင် ဖွင့်လှစ်သည့်အချိန်မှ ယနေ့အထိ မဟာပညာရေးဘွဲ့ ၁၃၁ ဦး၊ မဟာဒဿန ပညာရေးဘွဲ့ ၃၅ ဦး၊ ပညာရေး ဘွဲ့ ၄၁၀၉ ဦး၊ ဆရာအတတ်ပညာ  ဒီပလိုမာ ၉၃၂ ဦး၊ အလယ်တန်း ဆရာအတတ်ပညာ ဒီပလိုမာ ၉၅၆ ဦး၊ အထူးမူလတန်း ဆရာအတတ်သင်တန်း ၄၆၁ ဦး၊ မူလတန်း   ဆရာအတတ်သင်တန်း  ၇၁၆၂ ဦး စုစုပေါင်း ဘွဲ့ရပညာတတ်   တိုင်းရင်းသားလူငယ် ၁၃၇၈၆ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း။
တိုးတက်နေသည့်  ကမ္ဘာကြီးကို  အမီလိုက်နိုင် သည့်၊ ပညာခေတ်၏  စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်း နိုင်သည့် လူသားအရင်းအမြစ်များကို မွေးထုတ်ပေး ရာတွင် ဆရာ  ဆရာမများသည်   အဓိကကျသည့် အခန်းကဏ္ဍတွင်   ပါဝင်နေကြောင်း၊  တပည့်များကို ခေတ်မီပညာရပ်များ  တတ်မြောက်အောင်၊  အတွေး အခေါ်မြင့်မားအောင်  လေ့ကျင့်ပျိုးထောင်ပေးနိုင်ရန် အတွက် ဆရာကိုယ်တိုင်က  အစဉ်လေ့လာသင်ယူသူ များဖြစ်ရန် လိုအပ်ကြောင်း၊ ဆရာဆိုသည်မှာ ပညာ ပေးဝေသူဖြစ်ပြီး ပညာရှာမှီးနေသူလည်း  ဖြစ်ရန်လို ကြောင်း၊  တပည့်များ၏အကျိုးကို   အစဉ်ရှေးရှုပြီး ကောင်းမွန်ရာကို လမ်းညွှန်ပြသပေးနိုင်သည့်  ဆရာ ကောင်းများကသာ  နောင်တစ်ခေတ် နိုင်ငံ့တာဝန်ကို ထမ်းဆောင်ကြမည့်    အရည်အသွေးပြည့်ဝသည့် လူသားအရင်းအမြစ်များကို    မွေးထုတ်ပေးနိုင်မည် ဖြစ်ကြောင်း။
အစွမ်းကုန်ကြိုးစား
သင်တန်းဆင်း  မောင်မယ်တို့အနေဖြင့်   ဆရာ ဆရာမများအဖြစ်   နိုင်ငံ့တာဝန်ကို   ထမ်းဆောင်ကြ တော့မည်ဖြစ်သဖြင့်  နယ်စပ်ဒေသရှိ တိုင်းရင်းသား များ၏   လူမှုစီးပွားဘဝ   တိုးတက်မြင့်မားအောင် ဆောင်ရွက်ပေးကြမည့် ခေါင်းဆောင်ငယ်များအဖြစ် လည်းကောင်း၊ စိတ်ဓာတ်ကောင်းသော၊  စည်းကမ်း ကောင်းသော၊ ကျင့်ဝတ်လိုက်နာသော နိုင်ငံ့ဝန်ထမ်း ကောင်းများအဖြစ်လည်းကောင်း၊    ပေးအပ်သော တာဝန်ကို   ကျေပွန်အောင်    ထမ်းဆောင်ကြရန် မှာကြားလိုကြောင်း၊ အထူးအလေးထား မှာကြားလို သည်မှာ ဒို့တာဝန်အရေး  သုံးပါးကို  ဦးထိပ်ထားပြီး တိုင်းရင်းသား အားလုံး၏ စိတ်ထဲတွင် ပြည်ထောင်စု စိတ်ဓာတ် အစဉ်ထာဝရကိန်းအောင်းရှင်သန်နေစေရေး စည်းရုံးဆောင်ရွက်ပေးကြရန်၊  မိမိတို့၏ တပည့် ကျောင်းသားလူငယ်များကိုလည်း    နိုင်ငံတော်က အားထားရသည့်    လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးကြရန်၊ တိုင်းရင်း သားများ၏   လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် အစွမ်းကုန်ကြိုးစား ဆောင်ရွက်ကြရန်၊   ပါတီနိုင်ငံ ရေးကင်းစင်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော ပညာရေးကဏ္ဍ တိုးတက်မြင့်မားရန် အတွက် ကျရာကဏ္ဍမှ တာဝန်ကျေပွန်အောင် ထမ်း ဆောင်ကြရန်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍  ပြည်ထောင်စုဝန်ကြီး  ဒုတိယ ဗိုလ်ချုပ်ကြီး   ထွန်းထွန်းနောင်က  စံပြထူးချွန်ဆု၊ ဆရာအတတ်ပညာ ဘာသာထူးချွန်ဆု၊ စာပေဘာသာ ထူးချွန်ဆု(သိပ္ပံတွဲ)၊ စာပေဘာသာ ထူးချွန်ဆု (ဝိပ္ပံ တွဲ) ဆုရကျောင်းသား   ကျောင်းသူများကိုလည်း ကောင်း၊   စစ်ကိုင်းတိုင်းဒေသကြီး   ဝန်ကြီးချုပ် ဦးမြတ်ကျော်က စာပေဘာသာ ထူးချွန်ဆု(ဝိဇ္ဇာတွဲ)၊ တိုင်းရင်းဘာသာ၊ စာပေနှင့် ယဉ်ကျေးမှုထူးချွန်ဆု၊ ဖွံ့ဖြိုးရေးဘာသာ    ထူးချွန်ဆုရ    ကျောင်းသား ကျောင်းသူတို့ကို လည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦးကဆရာကြီးဦးသန်းဦး၏ထူးချွန်ဆုရကျောင်းသူကိုလည်းကောင်း      ဆုများ     အသီးသီး ချီးမြှင့်ပေးအပ်သည်။   ၎င်းနောက်    အမြဲတမ်း အတွင်းဝန်    ဦးသိန်းဌေးဦးက    သင်တန်းဆင်း ကျောင်းသား ကျောင်းသူ  ၂၇၂  ဦးတို့ကို  အလုပ်ခန့် အပ်လွှာများ ပေးအပ်သည်။  
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး သည်  သင်တန်းဆင်း  ကျောင်းသား  ကျောင်းသူများ ကို ခင်မင်ရင်းနှီးစွာ   နှုတ်ဆက်ပြီး  ဘွဲ့နှင်းသဘင် ဧည့်ခန်း၌ ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူ များကို တွေ့ဆုံ၍ ဂုဏ်ပြုအားပေးစကား ပြောကြား သည်။ 
နိုဝင်ဘာ ၂၂ ရက် ညနေပိုင်းကလည်း  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီး ချုပ်၏ကိုယ်စား ပြည်ထောင်စုဝန်ကြီးက ဧည့်သည် တော်များနှင့် သင်တန်းဆင်း ကျောင်းသားကျောင်းသူ များအား ဘွဲ့နှင်းသဘင်ခန်းမနှင့် မြက်ခင်းပြင်တို့တွင် သုံးနေရာခွဲခြား၍ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သိရသည်။                  သတင်းစဉ်