
ကူမင်း ဧပြီ ၁၉
တရုတ် - လာအိုရထားလမ်းသည် ဧပြီ ၁၃ ရက်က နယ်စပ်ဖြတ် ကျော် ခရီးသည်တင် ရထား ပြေးဆွဲမှု စတင်ပြီးနောက် ပထမ ရက်သတ္တပတ်အတွင်း နယ်စပ်ဖြတ်ကျော် ခရီးသည် တင်ရထားပြေးဆွဲမှုပေါင်း ၂၅၉၇ ကြိမ် ကိုင်တွယ်ဆောင်ရွက်နိုင် ခဲ့ကြောင်း မိုဟန်နယ်စပ် ဝင်/ထွက် စစ်ဆေးရေးဂိတ်က ပြောသည်။
အဆိုပါ ကာလအတွင်းတရုတ် နိုင်ငံ အနောက်တောင်ပိုင်း ယူနန် ပြည်နယ်ရှိ တရုတ်နယ်စပ်ဂိတ် မိုဟန်သည် အထွက်ခရီးစဉ် ပေါင်း ၁၁၅၄ ခုနှင့် အဝင်ခရီးစဉ် ပေါင်း ၁၄၄၃ ခုကို ဆောင်ရွက် နိုင်ခဲ့ကြောင်း သိရသည်။ လာအို နိုင်ငံမှ တရုတ်နိုင်ငံသို့ ရထားဖြင့် ခရီးသွားခြင်းသည် လွန်ခဲ့သည့် သုံးနှစ်က ၎င်းသွားခဲ့သော အဝေးပြေးလမ်း ခရီးစဉ်နှင့် နှိုင်းယှဉ်ကြည့်ပါက အလွန် အဆင်ပြေကြောင်းနှင့် ၎င်းက ခရီးသွားကြာချိန်ကို သက်သာ စေပြီး လမ်းကြောင်းတစ်လျှောက် ရှုခင်းများကို ကြည့်ရှုခံစားနိုင် ကြောင်း ယူနန်ပြည်နယ်၏ မြို့တော် ကူမင်းတွင် စာသင်ကြား ရန် လာရောက်သော လာအိုနိုင်ငံ မှ ကျောင်းသားတစ်ဦးဖြစ်သူ ဆေခမ်ပါ ဒါအိုဖာဆောက်ခ်က ပြောသည်။
မိုဟန်စစ်ဆေးရေးဂိတ်သည် အနာဂတ်တွင် ခရီးသည်များအား ပိုမိုကောင်းမွန်သော ဝန်ဆောင် မှုများပေးနိုင်ရေးအတွက် နယ်စပ် ဝင်ပေါက်နှင့် ထွက်ပေါက်ထိန်းချုပ် ရေး အစီအမံများကို ပိုမိုတိုးတက် ကောင်းမွန်အောင် လုပ်ဆောင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တရုတ် - လာအိုရထားလမ်း သည် ၁၀၃၅ ကီလိုမီတာ ရှည်လျား ပြီး တရုတ်နိုင်ငံ ကူမင်းမြို့နှင့် လာအိုနိုင်ငံ ဗီယင်ကျန်းတို့သို့ ဆက်သွယ်ထားသည်။
ဆင်ဟွာ