ပရီမီယာလိဂ်ပြိုင်ပွဲ ချယ်ဆီးကို ဂိုးပြတ်အနိုင်ယူပြီး အမှတ်ပေးဇယားကို လီဗာပူးအသင်း ဆက်လက်ဦးဆောင်

 

ပရီမီယာလိဂ်ပွဲစဉ်     (၂၂)    မှ  ဖေဖော်ဝါရီ ၁  ရက်   နံနက်  ၂  နာရီ ၄၅ မိနစ်က  ယှဉ်ပြိုင်ကစားခဲ့သည့်    လီဗာပူးနှင့်   ချယ်ဆီးအသင်းပွဲစဉ်တွင် လီဗာပူးအသင်း က  လေးဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင် နိုင်ခဲ့သည်။ 


အသင်းကြီးအချင်းချင်း   ထိပ်တိုက် တွေ့ဆုံမှုဖြစ်သော်လည်း ချယ်ဆီးအသင်း သည်    ခြေစွမ်းပြသနိုင်ခြင်းမရှိဘဲ လီဗာပူး အသင်း၏   ထိုးဖောက်တိုက်စစ်ဆင်မှုများ ကိုသာ  ပွဲချိန်အများစု  ကာကွယ်ရှင်းထုတ် ခဲ့ရသည်။     ထို့ပြင်  ချယ်ဆီးအသင်းသည်  လီဗာပူးအသင်းဘက်သို့  ဂိုးကန်သွင်းခွင့် စုစုပေါင်း လေးကြိမ်သာရှိခဲ့သည်။ 


လီဗာပူးအသင်းက ချယ်ဆီးအသင်း ဘက်သို့  ဂိုးကန်သွင်းခွင့် ၂၈ ကြိမ်အထိ ရရှိခဲ့ပြီး ဂိုးပေါက်တည့်မှု  ၁၃   ကြိမ်တွင် လေးကြိမ်ဂိုးအဖြစ် ပြောင်းလဲ နိုင်ခဲ့ခြင်းဖြစ်သည်။   အသင်းတိုက်စစ်ကစားသမား   နူနက်ဇ်သည် ၂၀၀၃-၂၀၂၄ ခုနှစ်နောက်ပိုင်း ပရီမီယာလိဂ်ပြိုင်ပွဲတွင် ဂိုးဘားတန်း လေးကြိမ်ထိမှန်သည့် ပထမဆုံးကစားသမား ဖြစ်လာခဲ့သည်။ 


လီဗာပူအသင်းအတွက် သွင်းဂိုးများကို ဂျိုတာ၊ ဘရက်ဒလေ၊ စဘော့ဆလိုင်းနှင့် ဒီယက်ဇ်တို့က သွင်းယူပေးပြီး ချယ်ဆီးအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို အန်ခွန်ကူက သွင်းယူပေးခဲ့သည်။ လီဗာပူး နှင့် ချယ်ဆီးအသင်းတို့သည် ဖေဖော်ဝါရီ ၂၅ ရက်တွင် ယှဉ်ပြိုင်ကစားမည့် ကာရာဘောင်ဖလားပြိုင်ပွဲ  ဗိုလ်လုပွဲတွင်လည်း ထပ်မံယှဉ်ပြိုင်ကစား သွားရဦးမည်ဖြစ်သည်။  ပရီမီယာလိဂ်ပွဲစဉ်  (၂၂)  မှ အခြားသော ပွဲစဉ် ရလဒ်များတွင်  မန်စီးတီးက  ဘန်လေကို သုံးဂိုး - တစ်ဂိုး၊   စပါးက ဘရန့်ဖို့ဒ်ကို  အကြိတ်အနယ်ကစားပြီး သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ သည်။                                                    

 အောင်ဇော်