PR စနစ်ကိုပြောင်းလဲကျင့်သုံးခြင်းဖြင့် မဲဆန္ဒရှင်ပြည်သူများ၏မဲများ အဟောသိကံအလဟဿဖြစ်မှုနည်းပါးပြီး စွမ်းဆောင်ရည်မြင့်မားသောအစိုးရကို ဖွဲ့စည်းဆောင်ရွက်နိုင်မည်

 

နေပြည်တော်   ဩဂုတ်  ၁၉  


ပြည်ထောင်စု  ရွေးကောက်ပွဲကော်မရှင် နှင့်   ကော်မရှင်အဖွဲ့ခွဲရုံးအဆင့်ဆင့်တို့ တွင် တာဝန်ထမ်းဆောင်မည့် ဦးစီးအရာရှိ များ   လုပ်ငန်းခွင်အကြို   စွမ်းရည်မြှင့် သင်တန်းအမှတ်စဉ် (၄ / ၂၀၂၂ ) သင်တန်း ဆင်းပွဲကို   ယနေ့မွန်းလွဲ   ၃  နာရီတွင် စစ်ကြောရေးနှင့်          တည်းခိုရေးတပ် (ရွာတော်)   ဆင်ဖြူရှင်ခန်းမ၌  ကျင်းပ သည်။

 


သင်တန်းဆင်းပွဲ၌    ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်     ဥက္ကဋ္ဌက ရွေးကောက်ပွဲကော်မရှင်၌ ဦးစီးအရာရှိ အဖြစ်    တာဝန်ထမ်းဆောင်ရာတွင် ဆောင်ရွက်ရမည့်   လုပ်ငန်းပိုင်းဆိုင်ရာ သိသင့်သိထိုက်သည်များကို သင်ကြား ပို့ချပေးခဲ့သည့်အတွက်    လက်တွေ့ လုပ်ငန်းများ     ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်မည်ဖြစ်ကြောင်း။

 


အရာရှိများအနေနှင့် ရွေးကောက်ပွဲ ဆိုင်ရာ   ဥပဒေ၊   နည်းဥပဒေများနှင့် စပ်လျဉ်းပြီး လုပ်ငန်းစဉ်အလိုက် သေသေ ချာချာ အသေးစိတ်လေ့လာရန်လိုသကဲ့သို့ ဥပဒေ၊ နည်းဥပဒေများ၏ ဆိုလိုချက်ကို တိတိကျကျ  နားလည်သဘောပေါက်ရန် လိုကြောင်း၊ သို့မှသာ လုပ်ငန်းများဆောင် ရွက်ရာတွင်   ဥပဒေနှင့်အညီ  မှန်မှန် ကန်ကန် ဆောင်ရွက်နိုင်မည်ဖြစ်သကဲ့သို့ ဥပဒေနှင့်မညီသည့်    ကိစ္စရပ်များကို လည်း   တားမြစ်နိုင်မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲများနှင့်     ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်သည်   အဓိက တာဝန်ယူရသည့်      အဖွဲ့အစည်းဖြစ် ကြောင်း၊ ကော်မရှင်၏ လုပ်ဆောင်ချက်၊ ဆောင်ရွက်ချက် ချွတ်ချော်မှုများ ဖြစ်ခဲ့ပါ က ကော်မရှင်၏သိက္ခာ၊  နိုင်ငံ၏ သိက္ခာ ကို ထိခိုက်နိုင်သည့်အတွက် အမှားမရှိ    ရအောင်    သတိထားပြီး  သဘောရိုးဖြင့် ဆောင်ရွက်ကြရန် လိုကြောင်း။

 


ကော်မရှင်အနေနှင့်    ယခုအချိန် ကတည်းက    ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်   ဆောင်ရွက်နေပြီဖြစ် ကြောင်း၊ သင်တန်းသားအရာရှိများအနေနှင့်လည်း တာဝန်ကျရာနေရာသို့ ရောက်ရှိ သည့်အခါ လုပ်ဆောင်ရမည့် အလုပ်များ ကို  အချိန်နှင့်တစ်ပြေးညီ  ပြီးစီးစေရန် ကြိုတင်ပြင်ဆင်      ဆောင်ရွက်ကြရန် လိုကြောင်း၊   လာမည့်ရွေးကောက်ပွဲကို ယခင်ရွေးကောက်ပွဲများတွင် ကျင့်သုံးခဲ့ သည့် မဲများသူအနိုင်ရ (FPTP) စနစ်အစား အချိုးကျ      ကိုယ်စားပြုစနစ်(PR)သို့ ပြောင်းလဲကျင့်သုံးမည်ဖြစ်ကြောင်း၊  PR စနစ်ကို       ပြောင်းလဲကျင့်သုံးခြင်းဖြင့် မဲဆန္ဒရှင် ပြည်သူများ၏မဲများ  အဟော သိကံ    အလဟဿဖြစ်မှု     နည်းပါးပြီး ပါတီစုံ၊ လူတန်းစားစုံ၊ အလွှာစုံ ကိုယ်စား လှယ်များ ပါဝင်လာခြင်းဖြင့် စွမ်းဆောင် ရည်မြင့်မားသော    အစိုးရကို   ဖွဲ့စည်း ဆောင်ရွက်နိုင်မည်     ဖြစ်ကြောင်း၊ တိုင်းရင်းသားလူနည်းစု   ပါတီများအနေ ဖြင့်   ယင်းတို့ကို   ထောက်ခံသောမဲများ အချိုးအရ      ဥပဒေပြုလွှတ်တော်နှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများတွင် ပါဝင် ဆောင်ရွက်ခွင့် ရရှိလာမည်ဖြစ်ကြောင်း၊ PR စနစ်၏ သဘောသဘာဝနှင့် ဆောင် ရွက်ရမည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ကို ဆောင်ရွက်နိုင်ရန် လေ့လာပြင်ဆင် ထားရန်လိုကြောင်း။

 


သင်တန်းသားဦးစီးအရာရှိများအနေဖြင့်    မိမိတို့တာဝန်ကျရာ  ဒေသများသို့ ရောက်ရှိချိန်တွင် မြို့နယ်ရွေးကောက်ပွဲတာဝန်ခံအရာရှိ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး တာဝန် များကို   ထမ်းဆောင်ကြရမည်ဖြစ်သည့် အတွက်     မြို့နယ်ကို   ခေါင်းဆောင်ပြီး ရွေးကောက်ပွဲအောင်မြင်အောင်  ဆောင် ရွက်ကြရမည့်သူများ       ဖြစ်ကြောင်း၊ ထို့အတွက်ကြောင့် ခေါင်းဆောင်ကောင်း များအဖြစ် မိမိတို့၏ လုပ်ငန်းတာဝန်များ ကို တာဝန်ပေး စေခိုင်းမှသာ ဆောင်ရွက် ခြင်းမျိုးမဟုတ်ဘဲ ကြိုတင်မျှော်တွေးပြီး ပြင်ဆင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဆက်စပ်ဆောင်ရွက်ရမည့် ဝန်ကြီးဌာန များနှင့်လည်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ရန်လိုကြောင်း၊ မြေပြင်အခြေအနေအရ ဖြစ်ပေါ်လာမည့်  အကြောင်းကိစ္စများကို ဖြေရှင်းဆောင်ရွက်နိုင်ရန် ပြဋ္ဌာန်းထားပြီး ဖြစ်သည့် ဥပဒေ၊  နည်းဥပဒေ၊ လုပ်ထုံး၊ လုပ်နည်းများ      ရှိပြီးဖြစ်သည့်အတွက် ကြေညက်အောင်     လေ့လာမှတ်သား ထားရန်လိုကြောင်း၊  ရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင် ဖြစ်မြောက်အောင် ဆောင်ရွက်နိုင်ရမည်ဆိုသည့် သန္နိဋ္ဌာန် စိတ်ဖြင့် ဦးဆောင်ဦးရွက်ပြုပြီး ဆောင် ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 


အဆိုပါ    သင်တန်းဆင်းပွဲသို့    ပြည် ထောင်စု      ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး တာဝန်ရှိသူ များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


 သတင်းစဉ်