
နေပြည်တော် ဧပြီ ၂၉
ပြည်ထောင်စုနယ်မြေ နေပြည် တော် ပျဉ်းမနားမြို့နယ် အမှတ်-၁ အခြေခံပညာ အထက်တန်း ကျောင်း ၌ တည်ဆောက်လျက်ရှိ သည့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးအထက်တန်းကျောင်း တည် ဆောက်နေမှုနှင့် တည်ဆောက် ပြီးစီးမှု အခြေအနေများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အမြဲ တမ်းအတွင်းဝန် ဦးကျော်မင်းဦး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာရဲတင်ထွန်း နှင့် တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေး သည်။
ရှေးဦးစွာ အမြဲတမ်းအတွင်း ဝန် ဦးကျော်မင်းဦးက ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော စိုက်ပျိုးရေး-မွေးမြူရေးပညာရပ်များ တစ်နိုင်ငံ လုံးသို့ ပြန့်ပွားစေပြီး နိုင်ငံတော် ၏ စီးပွားရေးကို အထောက်အကူ ပြုနိုင်စေရန်၊ အဆင့်မြင့်ပညာ ဆက်လက် မသင်ကြားနိုင်သော ကျောင်းသား ကျောင်းသူများ အတွက် အသက်မွေးဝမ်းကျောင်း ပညာအဖြစ် လမ်းသွယ်များ ဖွင့်လှစ် သင်ကြားပေးနိုင်စေရန်၊ အစိုးရနှင့်ပုဂ္ဂလိက စိုက်ပျိုး-မွေးမြူရေးဆိုင်ရာ လုပ်ငန်းများ တွင် လိုအပ်လျက်ရှိသော စိုက်ပျိုး - မွေးမြူရေးကျွမ်းကျင် လုပ်သားများ ပြုစုပျိုးထောင်ပေး နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ အမှတ် - ၁ အခြေခံပညာ အထက်တန်း ကျောင်း၌ တည်ဆောက်လျက် ရှိသည့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း တည်ဆောက်နေမှုနှင့် တည် ဆောက်ပြီးစီးမှု အခြေအနေများ အား ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
မျိုးသီဟ(ပြန်/ဆက်)