ပျဉ်းမနားမြို့နယ် အရှေ့တောင်ပေါ်ဒေသ ကိုးတစ်ကျေးရွာအုပ်စု၊ ဘို့မကျေးရွာအုပ်စုတို့၌ လူထုအခြေပြု ခရီးသွားလုပ်ငန်းအကောင်အထည်ဖော်နိုင်ရေး ပဏာမညှိနှိုင်းအစည်းအဝေးကျင်းပ

 

 

နေပြည်တော် ဒီဇင်ဘာ ၂၂

 

 

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ် အရှေ့ တောင်ပေါ်ဒေသ ကိုးတစ်ကျေးရွာအုပ်စုနှင့် ဘို့မကျေးရွာ အုပ်စုတို့၌ လူထုအခြေပြု ခရီးသွားလုပ်ငန်းအကောင် အထည်ဖော်နိုင်ရေး ပဏာမညှိနှိုင်းအစည်းအဝေးကို ယမန် နေ့ ညနေပိုင်းက နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာ ရေး ဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ ကျင်းပ သည်။

အစည်းအဝေးသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေး မှူးချုပ်များ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ ကော်မတီဝင် (၂) ဦးမင်းသူ၊ ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

စိတ်ဝင်စားမှု ရရှိနေပြီဖြစ်

အစည်းအဝေးတွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က လက်ရှိ အချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးမှုအရ ပြည်တွင်း ပြည်ပခရီးစဉ်များကို ရပ်နားထားရသော်လည်း ကိုဗစ်အလွန်ကာလတွင် ခရီးသွားများ New Normal ဖြင့် လည်ပတ်နိုင်ရန်အတွက် ခရီးစဉ်အသစ်များရှာဖွေခြင်း၊ နေပြည်တော်ပတ်ဝန်းကျင်တွင် ခရီးစဉ်ဒေသအသစ်များ နှင့် ခရီးသွားဆွဲဆောင်မှုများ ရှာဖွေဖော်ထုတ်မြှင့်တင်ရန် လိုအပ်ပါကြောင်း၊ နေပြည်တော်ပတ်ဝန်းကျင်ရှိ ကျေးရွာ များတွင် ပင်လောင်း ရေပူစမ်းကဲ့သို့သော ခရီးသွားဆွဲဆောင် မှု အသစ်များ ရှာဖွေရန်လိုအပ်ပါကြောင်း၊ ယခင်ကွင်းဆင်း ကြည့်ရှုခဲ့သည့် ဝေသာလီကျေးရွာအနီးရှိ တိမ်ပင်လယ်၊ မြသီတာကျေးရွာအနီးရှိ ခုနစ်ဆင့် ရေတံခွန်နှင့် ပြဒါးချောင်း ကျေးရွာတို့သည် ယနေ့တွင် ဒေသခံခရီးသွားများ၏ သိရှိ စိတ်ဝင်စားမှု ရရှိနေပြီဖြစ်ပါကြောင်း။

လိုအပ်သည်များကို အကြံပြုဆွေးနွေး

ပျဉ်းမနားမြို့နယ် ကိုးတစ်ကျေးရွာအုပ်စုနှင့် ဘို့မ ကျေးရွာအုပ်စုများကို သွားရောက်ရာ သဘာဝပတ်ဝန်းကျင် ပျက်ယွင်းမှုမရှိဘဲ ဒေသခံတိုင်းရင်းသားများ၏ ရိုးရာဓလေ့ ထုံးစံများကို လေ့လာနိုင်ကြောင်း တွေ့ရှိခဲ့ရကြောင်း၊ ရေပူစမ်း ဖန်တီးနိုင်သော တောင်မြင့်ရေပူကျေးရွာအထိ သွားရောက်လေ့လာခဲ့ပြီးဖြစ်သဖြင့် ယနေ့အစည်းအဝေး ကို ယင်းကျေးရွာများတွင် လူထုအခြေပြု ခရီးသွား လုပ်ငန်း(CBT) အကောင်အထည်ဖော်ဆောင်နိုင်ရေး အတွက် ပဏာမကြိုတင်ပြင်ဆင်သည့်အနေဖြင့် ပြုလုပ် ရခြင်းဖြစ်ပြီး လိုအပ်သည်များကို အကြံပြုဆွေးနွေးပေးကြ စေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရာတွင် ဌာနမှ ဝန်ထမ်းများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု မလုံလောက်ပါကြောင်း၊ ဒေသခံပြည်သူလူထု၏ ပါဝင် ပူးပေါင်းထိန်းသိမ်းမှုသည် အရေးကြီးပါကြောင်း၊ ယင်းသို့ ထိန်းသိမ်းရာ၌ သဘာဝအခြေခံခရီးသွားလုပ်ငန်းများ သည် များစွာအထောက်အကူဖြစ်ပါကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ထားသည့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း များနှင့် လူထုအခြေပြုခရီးသွားလုပ်ငန်းမှာလည်း များစွာ ကောင်းမွန်ပါကြောင်း၊ ယခုဖော်ဆောင်မည့် ခရီးသွား လုပ်ငန်းနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သင့်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာမျိုးအောင်က အဆိုပါ ကျေးရွာများ၌ လူထု အခြေပြုခရီးသွားလုပ်ငန်းဖော်ဆောင်ရာတွင် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ နေပြည်တော်အဆင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီသို့လည်း တင်ပြ ဆောင်ရွက်သင့်ပါကြောင်း၊ နေပြည်တော်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီကိုလည်း လုပ်ထုံးလုပ်နည်းနှင့် အညီ အကြောင်းကြားဆောင်ရွက်မည်ဆိုပါက မိမိတို့ နေပြည်တော်ကောင်စီအနေဖြင့်လည်း လူထုအခြေပြု ခရီးသွားလုပ်ငန်းဖော်ဆောင်နိုင်ရေးအတွက်ကို ပူးပေါင်း ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြ သူများက လူထုအခြေပြုခရီးသွားလုပ်ငန်း အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင် ရာ ကဏ္ဍအလိုက် အသီးသီး အကြံပြုဆွေးနွေးတင်ပြကြရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်က Myanmar Tourism Strategic Recovery Roadmap (MTSRR) ရေးဆွဲဆောင်ရွက်နေမှု၊ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့ (DMO) ဖွဲ့စည်းထားရှိမှု၊ သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများနှင့် ပေါင်းစပ်၍ Heritage & Culture Tourism ၊ Nature Based & Eco Tourism၊ Agriculture & Farming Tourism၊ River & Rail Tourism၊ Adventure & Sports Tourism၊ Gastronomy Tourism၊ Caravan Tourism ၊ MICE Tou-rism များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက် သွားမည့်အခြေအနေများကို ဆွေးနွေးတင်ပြသည်။

ဖြည့်စွက်ဆွေးနွေး

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က နိဂုံးချုပ် အမှာစကားပြောကြားပြီး လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်