ပန်းတောင်း ဇွန် ၂၂
ပဲခူးတိုင်းဒေသကြီး ပန်းတောင်း မြို့နယ်၌ ၂၀၂၂ ခုနှစ် ဇွန် ၂၂ ရက် တွင် မိုးရာသီ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ပန်းတောင်း မြို့နယ် ကုန်းကလေးကျေးရွာ အုပ်စု ကျားအိုကျေးရွာရှိ တောင်သူ ဦးခင်မောင်ဝင်း စိုက်ပျိုး ထားသော တိရစ္ဆာန်အစာပင် နေဗီယာမြက် သရုပ်ပြစိုက်ခင်း တစ်ဧက စိုက်ပျိုးထားရှိမှု အခြေ အနေကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုး ထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုကြောင်း သိရသည်။
ဆက်လက်၍ ပန်းတောင်း မြို့နယ် မွေးမြူရေး နှင့်ကုသရေး ဦးစီးဌာနမှ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းဖြင့် တိရစ္ဆာန်အစာ ရှားပါးချိန်တွင် အာဟာရဓာတ် ပြည့်ဝသော ဖြည့်စွက်စာအဖြစ် ကျွေးမွေးနိုင်ရန်၊ နေဗီယာမြက်ကို ကြက်၊ ဝက်၊ နွား၊ ဆိတ်မွေးမြူရေး များတွင် ကျွေးမွေးပါက အသားဓာတ်ပြည့်ဝပြီး ကြီးထွား နှုန်း ကောင်းမွန်စေရန်၊ တောင်သူ များ စိတ်ပါဝင်စားစွာ စိတ်ပျိုးနိုင် စေရန်ရည်ရွယ်၍ နေဗီယာမြက် စိုက်ပျိုးထားခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
သင်းသင်းအေး(ပြန်/ဆက်)



