
ဟားခါး နိုဝင်ဘာ ၂၉
ချင်းပြည်နယ်အတွင်း ပန်းသီး သီးနှံစိုက်ပျိုး ထုတ်လုပ်ခြင်းလုပ်ငန်းများ အောင်မြင်လာ စေရန် ပန်းသီး သီးနှံစိုက်ဧကများ တိုးမြှင့် စိုက်ပျိုးလာနိုင်ပြီး အရည်အသွေးကောင်းမွန် သည့် ဒေသထွက်ပန်းသီးများ တိုးမြှင့် ထုတ်လုပ်နိုင် ရန် ပန်းသီးစိုက်တောင်သူများ၏ မိသားစုဝင်ငွေ တိုးပွားစေရန်နှင့် လူနေမှု အဆင့်အတန်းမြင့်မားလာစေပြီး ဒေသခံ တောင်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ ချင်းပြည်နယ် သမဝါယမဦးစီးဌာနအနေဖြင့် တီးတိန်နှင့် မင်းတပ်မြို့နယ်တို့တွင် သမဝါယမအသင်းများ ဖွဲ့စည်းကာ ပန်းသီးစိုက်ပျိုးထုတ်ကုန်များ ထုတ်လုပ်သွားမည်ဖြစ်သည်။
ပန်းသီးပင်သည် စတင် စိုက်ပျိုးသည်မှ ငါးနှစ်မြောက်တွင် အသီးစတင်ဆွတ်ခူးနိုင်ပြီး ၁၅ နှစ် အထိကောင်းစွာ အသီးများ ဆွတ်ခူးရရှိနိုင်ကာ တစ်ပင်လျှင် တစ်နှစ်ပျမ်းမျှ သုံးပိဿာနှုန်းဖြင့် တစ်ဧက ၁၉၄ ပင် စိုက်ပျိုးမှု တွင် ၅၈၂ ပိဿာ ထွက်ရှိကြောင်း၊ တစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ရောင်းချပါက ၁၁ ဒသမ ၆၄ သိန်းရရှိပြီး အချိုးကျ တွက်ချက်မှုအရ ကုန်ကျစရိတ် ငါးသိန်းဖြစ်သဖြင့် တစ်ဧက နှစ်စဉ်အမြတ် ငွေကျပ် ၆ ဒသမ ၆၄ သိန်း ရရှိမည်ဖြစ် ကြောင်း၊ တောင်သူတစ်ဦးအနေဖြင့် ပန်းသီး သုံးဧက စိုက်ပျိုးနိုင်ပါက တစ်နှစ်ဝင်ငွေကျပ် ၂၀ သိန်းရ ရှိမည်ဖြစ်သည်။ အကယ်၍ ပန်းသီးမှတန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပန်းသီး ဝိုင် ထုတ်လုပ်ပါက တစ်ပုလင်းထုတ်လုပ်မှု အကျိုးအမြတ်ငွေကျပ် ၇၆၀ ရရှိပြီး ပုလင်း ၁၀၀၀ ထုတ်လုပ်နိုင်ပါက ၇ ဒသမ ၆ သိန်း အကျိုးအမြတ် ရရှိမည်ဖြစ်သည်။ လက်ရှိ ချင်းပြည်နယ်အနေဖြင့် တီးတိန်၊ ဖလမ်းနှင့် မင်းတပ်မြို့နယ်တို့တွင် ပန်းသီးသီးနှံ ၂၉၈ ဧက စိုက်ပျိုးထားပြီးဖြစ်ကြောင်းသိရသည်။
သတင်းစဉ်