
နေပြည်တော် အောက်တိုဘာ ၂၈
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းမင်း ဦးဆောင်၍ ကျန်းမာရေး အတွက် ဆီစားသုံးမှုလျှော့ချရေး၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု၏ အကျိုးဆက်များအဖြစ် စီးပွားရေးလုပ်ငန်း များ တုံ့ဆိုင်းခြင်း၊ ပို့ကုန်တင်ပို့မှု လျော့ကျခြင်း အစရှိသည့် အကြောင်းရင်း များကြောင့် နိုင်ငံခြားငွေကြေးသုံးစွဲမှု လျှော့ချနိုင်စေရန်အတွက် စားသုံးဆီ တင်သွင်းမှု လျှော့ချရေးနှင့်စပ်လျဉ်း သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါဝန်ကြီးဌာန ၌ Virtual Meeting စနစ်ဖြင့် ကျင်းပ သည်။
ဆွေးနွေး
အစည်းအဝေးတွင် အမြဲတမ်း အတွင်းဝန်က မြန်မာနိုင်ငံ၌ စားသုံးဆီ သုံးစွဲမှုအနေဖြင့် တစ်နှစ်လျှင် တန်ချိန် ၁၂ သိန်းခန့်ရှိပြီး ပြည်တွင်း၌ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်၊ မုန်ညင်း၊ ပန်းနှမ်း စသည့် ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်လျက် ရှိသော်လည်း ပြည်တွင်းစားသုံးဆီ ထုတ်လုပ်မှုမှာ တန်ချိန် သုံးသိန်းခန့်သာ ထုတ်လုပ်နိုင်သဖြင့် နှစ်စဉ် ပြည်ပမှ တန်ချိန် ကိုးသိန်းခန့် တင်သွင်းနေရပြီး စားသုံးဆီတင်သွင်းမှု လျှော့ချရန် လိုအပ်ကြောင်းနှင့် ပြည်သူများ၏ ကျန်းမာရေးအတွက် ဆီစားသုံးမှုလျှော့ချ နိုင်ရေး၊ ပြည်တွင်း၌ ဆီထွက်သီးနှံ တိုးမြှင့်ထုတ်လုပ်၍ ပြည်တွင်းဆီ ထုတ်လုပ်မှု တိုးမြှင့်ရန် လိုအပ်ကြောင်း တို့ကို ဆွေးနွေးခဲ့သည်။
နိုင်ငံခြားငွေသုံးစွဲရမှုလျှော့ချနိုင်
ထို့နောက် တက်ရောက်လာသူများက စားသုံးဆီကဏ္ဍတွင် နိုင်ငံခြားငွေသုံးစွဲရမှု ကို လျှော့ချနိုင်ရေး၊ ကျန်းမာရေးရှုထောင့် အရ ပြည်တွင်းရှိ လူတစ်ဦးချင်း ဆီစား သုံးမှုပုံစံများ လျော့ကျလာစေရေး၊ ကမ္ဘာ တစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေ အနေများကြောင့် နိုင်ငံတိုင်းက ပြည်တွင်း ၌ ထုတ်လုပ်မှုကဏ္ဍ ပိုမိုတိုးမြှင့်လာစေရေး နှင့် စားနပ်ရိက္ခာဖူလုံရေးကို ဦးစားပေး စဉ်းစား ဆောင်ရွက်နေကြသကဲ့သို့ ပြည်တွင်း၌ ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့ စိုက်ပျိုးထုတ်လုပ်လာစေရေးနှင့် ပြည်တွင်း ရှိ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရေး၊ ပြည်ပမှစားသုံးဆီ တင်သွင်း မှုကို လျှော့ချရာတွင် ပြည်တွင်းရှိ စားသုံး သူများ မထိခိုက်ရေးနှင့် တရားမဝင် တင်သွင်းမှုများကို တားဆီးထိန်းချုပ် အရေးယူနိုင်ရေးတို့အတွက် ဆောင်ရွက် မည့် အစီအမံများအပေါ် ကဏ္ဍအလိုက်ဝိုင်းဝန်းဆွေးနွေးကြသည်။
တက်ရောက်
အစည်းအဝေးသို့ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စားသုံး ဆီ တင်သွင်း၊ သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအဖွဲ့နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်