ပြည်တွင်းလေကြောင်းခရီးသွားပြည်သူများအား တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ် - ၁၉ ရောဂါနှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေး

နေပြည်တော် ဖေဖော်ဝါရီ ၂၀ ပြည်တွင်း လေကြောင်းခရီးသွား ပြည်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ကိုဗစ်- ၁၉ ရောဂါ သတ်မှတ်ချက်များ အတိုင်း ကျန်းမာရေးစစ်ဆေးခြင်း၊ ထိန်းချုပ်ကြပ်မတ်ဆောင်ရွက်ခြင်း များနှင့် ပတ်သက်၍ နေ့စဉ်စစ်ဆေး ပေးခြင်း၊ ဆေးစစ်ချက် ထောက်ခံ ချက်ထုတ်ပေးခြင်းနှင့် ကုသပေး ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးဝန်ထမ်းများ အနေဖြင့် လုပ်ငန်းတာဝန်များ လာရောက် ထမ်းဆောင်မှု မရှိတော့သဖြင့် တပ်မတော် ဆေးတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၁၀ ရက်မှစ၍ ဌာန ဆိုင်ရာ ဝန်ထမ်းများနှင့် ပူးပေါင်းပြီး လိုအပ်သည်များ ကူညီဆောင်ရွက် ပေးလျက်ရှိသည်။ ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ထားဝယ်မြို့မှ ရန်ကုန်မြို့ သို့ လေယာဉ်ဖြင့် ခရီးသွားရောက် မည့် ဒေသခံတိုင်းရင်းသားပြည်သူ အမျိုးသား ၂၈ ဦး၊ အမျိုးသမီး ၅၀ တို့ ကို ထားဝယ်တပ်နယ်မှ ဆေးအဖွဲ့ က နယ်မြေခံတပ်နယ် ခန်းမ၌ COVID-19 Antigen Rapid Diag-nostic Test(RDT) ဖြင့် ကျန်းမာရေး စစ်ဆေးမှုများကို ဆောင်ရွက်ပေးပြီး လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်