ပြည်တွင်းစက်သုံးဆီဖူလုံစေရေးအတွက် စက်သုံးဆီများ ပုံမှန်တင်သွင်းနိုင်ရေး စီမံဆောင်ရွက်လျက်ရှိ

 

စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း  ကြီးကြပ်ရေးကော်မတီသည် ပြည်တွင်းစက်သုံးဆီ  ဖူလုံမှုရှိစေရေးအတွက်    စက်သုံးဆီ  အမျိုးအစား များအလိုက် ပုံမှန်စိစစ်တင်သွင်း ဆောင်ရွက်လျက် ရှိရာ အောက်တိုဘာ  ၁၂ ရက်တွင်  ရန်ကုန်တိုင်း ဒေသကြီး  သီလဝါဆိပ်ကမ်းရှိ Terminal များတွင် MT Aulac Vision   သင်္ဘောမှ   ပရီမီယံဒီဇယ်ဆီ ၂  ဒသမ ၈၈ ဂါလန်သန်း၊ MT Yu Yi သင်္ဘောမှ ရိုးရိုး ဒီဇယ်ဆီ ၂ ဒသမ ၁၈ ဂါလန်သန်းနှင့် ပရီမီယံ ဒီဇယ်ဆီ   ၁ ဒသမ ၈၆   ဂါလန်သန်းအား ဆီချ  လုပ်ငန်းဆောင်ရွက်လျက်ရှိပြီး      ရိုးရိုးဒီဇယ်ဆီ ၁ ဒသမ ၆၀    ဂါလန်သန်းနှင့်  ပရီမီယံဒီဇယ်ဆီ  ၄ ဒသမ ၅၃  ဂါလန်  သန်းတင်ဆောင်လာသည့် MT Harmony One  သင်္ဘောသည်လည်း ထပ်မံ ဆိုက်ကပ်လာပြီး   ဆီချလုပ်ငန်းများ  ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ရာ စက်သုံးဆီလက်ကျန် အခြေအနေအရ      စက်သုံးဆီ    ဖူလုံမှုရှိကြောင်း တွေ့ရှိရသည်။

 


ယခုရက်သတ္တပတ်အတွင်း ကမ္ဘာ့စက်သုံးဆီဈေးနှုန်းအနည်းငယ်      ကျဆင်းလာသောကြောင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်း ကျဆင်းလာကြောင်း သတင်းရရှိသည်။

သတင်းအရင်းအမြစ် - စီးပွား/ကူးသန်း