
နေပြည်တော် စက်တင်ဘာ ၂၈
ပြည်တွင်းစက်သုံးဆီ ဖူလုံမှု ရှိစေရေးအတွက် စက်သုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ အနေဖြင့် စက်သုံးဆီအမျိုးအစား အလိုက် ပုံမှန်စိစစ်တင်သွင်း ဆောင်ရွက်လျက်ရှိရာ စက်တင် ဘာ ၂၈ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ သီလဝါဆိပ်ကမ်းရှိ Terminal တွင် MT Synergy သင်္ဘောမှ ဆီချလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အဆိုပါ သင်္ဘောတွင် ဓာတ်ဆီ 92 Ron ၂ ဒသမ ၄၅ ဂါလန်သန်းနှင့် ပရီ မီယံဒီဇယ်ဆီ ၆ ဒသမ ၁၄ ဂါလန် သန်းပါရှိ၍ စက်သုံးဆီလက်ကျန် အခြေအနေအရ စက်သုံးဆီဖူလုံမှု ရှိကြောင်း သိရသည်။
ယခု ရက်သတ္တပတ်အတွင်း စက်သုံးဆီ ဈေးနှုန်းများ တဖြည်းဖြည်း ကျဆင်းလာသော် လည်း ကမ္ဘာ့စက်သုံးဆီဈေးနှုန်း (MOPS) အနည်းငယ် မြင့်တက် လာမှုကြောင့် ယနေ့တွင် စက်သုံး ဆီ ဈေးနှုန်းအနည်းငယ်ပြန်လည် မြင့်တက်လာခဲ့သည်။
ပြည်တွင်း၌ စက်သုံးဆီပြတ် လပ်မှုမရှိစေရေး စီမံဆောင်ရွက် လျက်ရှိသော်လည်း စက်သုံးဆီ ဖြန့်ဖြူးမှုတွင် သက်ဆိုင်ရာ စက် သုံးဆီ အရောင်းဆိုင်များသို့ ပို့ဆောင်ဖြန့်ဖြူးပေးသည့် ဆီတင် ယာဉ်အချို့ကို နှောင့်ယှက် တားဆီးမှုများ ကြုံတွေ့နေရသည်။ စက်တင်ဘာ ၂၇ ရက်တွင် ရန်ကုန် မြို့ သီလဝါမှ ကလေးဝမြို့ရှိ စက်သုံးဆီ အရောင်းဆိုင်များသို့ စက်သုံးဆီပို့ဆောင်မည့် ဆီတင် ယာဉ် လေးစီးအား အကြမ်းဖက် အဖွဲ့အစည်းများက တိုက်ခိုက် နှောင့်ယှက်ခဲ့သည့်အတွက် သက် ဆိုင်ရာ စက်သုံးဆီအရောင်းဆိုင် များသို့ စက်သုံးဆီပို့ဆောင်နိုင်ခြင်း မရှိဘဲ ဆီသယ်ယာဉ်များရပ်တန့် လျက်ရှိကြောင်း သိရှိရသည်။