ပြည့်တန်ဆာလုပ်ငန်းသို့ ပို့ဆောင်ကာ ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သူများအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

 

နေပြည်တော် စက်တင်ဘာ ၁၃


ပြည့်တန်ဆာလုပ်ငန်းသို့ ပို့ဆောင်ကာ ငွေကြေးအကျိုးအမြတ်ခေါင်းပုံဖြတ်ရယူခဲ့သူများကို လူကုန် ကူးမှုဖြင့် ထောင်ဒဏ်တစ်သက်စီနှင့် နှစ် ၂၀ စီ ကျခံရန် အမိန့်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။


မန္တလေးတိုင်းဒေသကြီး    မဟာအောင်မြေ မြို့နယ်နေ ကမာဘိုင်(ခ)ကျော်လေး(ခ)ကျော် ကျော်နှင့် ထားထားမြင့်(ခ)မထက်၊ ချမ်းမြသာစည် မြို့နယ်နေ စောမြတ်သူ(ခ)မြတ်သူနှင့် အေးချမ်းမိုး (ခ) စုစု တို့က ရန်ကုန်တိုင်းဒေသကြီး ထန်းတပင် မြို့နယ်နေ မ --- ၊ ၁၅ နှစ် နှင့် မ --- ၊ ၁၈ နှစ်တို့ကို အဓမ္မပြည့်တန်ဆာအဖြစ်  ခိုင်းစေရန်   ပို့ဆောင်၍ ငွေကြေးအကျိုးအမြတ်များကို ခေါင်းပုံဖြတ်ရယူ ခဲ့သဖြင့် အောင်ပင်လယ်နယ်မြေရဲစခန်း (ပ) ၂၀/ ၂၀၂၃၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ ၃၅/၄၄ ဖြင့်  အမှုရေးဖွင့်ခဲ့ပြီး   မဟာအောင်မြေ ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ စက်တင်ဘာ ၈ ရက်တွင် တရားခံ ကမာဘိုင်(ခ)ကျော်လေး(ခ)ကျော်ကျော်နှင့် ထားထားမြင့်(ခ)မထက်တို့  နှစ်ဦး ကို  လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး  ဥပဒေပုဒ်မ ၃၈(က)/၄၀  အရ   ထောင်ဒဏ်တစ်သက်စီနှင့် စောမြတ်သူ(ခ)မြတ်သူ နှင့် အေးချမ်းမိုး(ခ)စုစု တို့ နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေ ပုဒ်မ ၃၈(က) အရ ထောင်ဒဏ် နှစ် ၂၀ စီ ကျခံစေ ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်