
ပြည် စက်တင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး ပြည်တက္ကသိုလ်ရှိ တာဝန်ရှိသူ များနှင့် သင်ကြား/စီမံဌာနပေါင်းစုံမှ အရာထမ်း၊ အမှုထမ်းများနှင့် မိသားစုဝင်များအား ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူနှင့်အဖွဲ့က ယနေ့နံနက်ပိုင်းတွင် ယင်းတက္ကသိုလ်ဓမ္မာရုံ၌ တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ဆောင်ရွက်ပေးခြင်းကို ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင် နှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးတိုးလှိုင် ဦးဆောင်သော အဖွဲ့ဝင်များ လာရောက်ကြည့်ရှု အားပေးကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် ပြည်တက္ကသိုလ် ၌ တာဝန်ထမ်းဆောင်လျက်ရှိသော ပါမောက္ခ ချုပ်နှင့် ဒုတိယပါမောက္ခချုပ်အပါအဝင် သင်ကြား/စီမံဌာနများမှ ပါမောက္ခဌာနမှူးများနှင့် ဆရာ ဆရာမ များ၊ စီမံရေးရာဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် မိသားစုဝင်များအနက် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံမှု တတိယအကြိမ် ၁၆၀ နှင့် စတုတ္ထအကြိမ် ၂၁၃ ဦး စုစုပေါင်း ၃၇၃ ဦးတို့ကို ပြည်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာငြိမ်းငြိမ်းအေး ဦးဆောင်သော ခရိုင်ပြည်သူ့ကျန်းမာရေး ဆရာ ဆရာမများအဖွဲ့က ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (Sinovac) ထိုးနှံဆောင်ရွက်ပေးကြောင်း တက္ကသိုလ် တာဝန်ရှိသူများထံမှ သိရသည်။
ကိုဆက်(ပြန်/ဆက်)