
နေပြည်တော် ဧပြီ ၂၆
ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများရှိ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်း ဆောင်ရွက်မှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး စုပေါင်းခန်းမ၌ Hybrid Format ဖြင့် ကျင်းပသည်။
အခမ်းအနားသို့ အဂတိလိုက် စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင် များ၊ ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများနှင့် တိုင်းဒေသ ကြီး၊ ပြည်နယ်များမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ကော်မရှင်ရုံးမှ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်က ကော်မရှင်အနေနှင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွင် အဓိကအားဖြင့် အသိပညာပေးခြင်း၊ တားဆီး ကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေး အရေးယူခြင်းတို့ကို အလေးထား ဆောင်ရွက်လျက် ရှိကြောင်း၊ ဥပဒေအရ စုံစမ်းစစ်ဆေးအရေးယူ ခြင်းထက် အသိပညာပေးခြင်းနှင့် ကြိုတင်တားဆီး ကာကွယ်ခြင်း သည် အရေးကြီးကြောင်း။
တိုင်းဒေသကြီး/ ပြည်နယ် များတွင် ဖွဲ့စည်းထားသည့် အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) အဖွဲ့ များတွင် ပညာရေးကဏ္ဍမှ ဝန်ထမ်းများပါ ပါဝင်ဖွဲ့စည်းထား သင့်ကြောင်း၊ CPU အဖွဲ့များအနေ ဖြင့် ဌာနနှင့်စပ်လျဉ်း၍ ဖြစ်ပေါ် လာသည့် အခြေအနေများအပေါ် ပြန်လည်ဖြေရှင်း ဆောင်ရွက် ရာတွင် အချိန်နှင့်တစ်ပြေးညီ ဖြစ်ရန် လိုအပ်ကြောင်း၊ CPU ၏ လုပ်ငန်းတာဝန် (၃) ရပ်ဖြစ်သည့် ဌာနအလိုက် လာဘ်ပေးလာဘ်ယူ မှုနှင့် သက်ဆိုင်သော အဂတိ လိုက်စားမှုပြဿနာများကို စိစစ် ဖော်ထုတ်ရန်၊ တွေ့ရှိလာသော ပြဿနာများကို ဥပဒေနှင့်အညီ ဖြေရှင်းရန်၊ အဂတိလိုက်စားမှု ဆက်လက် မဖြစ်ပေါ်စေရေး အတွက် တားမြစ်ထိန်းချုပ်သွား ရန် စသည်တို့ကို ထိရောက်စွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း။
ပြည်သူအားလုံးတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာဗဟုသုတများ ပြည့်ဝ ပါက အဂတိလိုက်စားမှု လျော့နည်း အောင် ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းသည် တစ်ဦးကောင်း၊ တစ်ယောက် ကောင်းဖြင့် ဆောင်ရွက်၍ရသည့် ကိစ္စမျိုးမဟုတ်ဘဲ နယ်ပယ် အသီးသီး၊ ကဏ္ဍအသီးသီးတွင် ရှိသည့် တစ်ဦးတစ်ယောက်ချင်းစီ ကစပြီး အဖွဲ့အစည်းများအထိပါ ပူးပေါင်း ဆောင်ရွက်ကြရမည့် လုပ်ငန်းမျိုးဖြစ်ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်း များကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်ခံယူပြီး အတူတကွ လက်တွဲ၍ ပူးပေါင်းဆောင်ရွက် ခြင်းအားဖြင့် နိုင်ငံတော်အစိုးရ က ဦးတည်ဆောင်ရွက်နေသည့် သန့်ရှင်းသောအစိုးရနှင့် ကောင်း မွန်သော အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်သွားနိုင်မည် ဖြစ် ကြောင်း ပြောကြားသည်။
ယင်းနောက် ကော်မရှင် အတွင်းရေးမှူးက အဂတိ လိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားပြီး ပြည်ထောင်စု ဝန်ကြီးဌာန/ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များမှ CPU အဖွဲ့ခေါင်းဆောင် များက အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်း ဆောင်ရွက်ရာတွင် ကြုံတွေ့ရ သည့် အတွေ့အကြုံများ၊ အားသာ ချက်၊ အားနည်းချက်များနှင့် သုံးသပ်ချက်များကို ဆွေးနွေး တင်ပြကြသည်။
ဆွေးနွေးမှုများအပေါ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ချုပ်များက ပြန်လည်ရှင်းလင်း ကြပြီး ကော်မရှင်အဖွဲ့ဝင် ဦးမောင် မောင်တင့်က လိုအပ်သည်များကို ထပ်မံဖြည့်စွက် ဆွေးနွေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်