
နေပြည်တော် ဒီဇင်ဘာ ၂၃
နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏ မောင်လွင်သည် အိန္ဒိယနိုင်ငံ ပြည်ပရေးရာ ဝန်ကြီးဌာန နိုင်ငံခြားရေးအတွင်းဝန် ရှရီ ဟာ့ရှ် ဗာ့ဒ်ဟန် ရှရင်ဂလာ ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့အား ဒီဇင်ဘာ ၂၂ ရက် နံနက် ၉ နာရီ ခွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ ရှိရင်းစွဲဆက်ဆံရေးကို ပိုမိုတိုးမြှင့် ရေး၊ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကဏ္ဍများဖြစ်သည့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ဒေသဆိုင်ရာနှင့် အပြည်ပြည် ဆိုင်ရာ အကျိုးတူကိစ္စရပ်များ အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်း များဖြစ်သည့် ကုလားတန်မြစ် ကြောင်း ဘက်စုံသုံး ဖြတ်သန်း သယ်ယူပို့ဆောင်ရေး စီမံကိန်း၊ စစ်တွေဆိပ်ကမ်းလုပ်ငန်း စတင် လည်ပတ်ရေးလုပ်ငန်း၊ တမူး-ကျီကုန်း-ကလေးဝ လမ်းပေါ်ရှိ တံတား ၆၉ စင်း အဆင့်မြှင့်တင် ခြင်းလုပ်ငန်း၊ သုံးနိုင်ငံ အဝေးပြေး လမ်းမကြီးစီမံကိန်း၊ တမူးနယ်စပ် တွင် အဆင့်မီဘက်ပေါင်းစုံ စစ်ဆေးရေးဂိတ် တည်ဆောက် ရေး စီမံကိန်း၊ နှစ်နိုင်ငံ ပြည်သူ ချင်း ထိတွေ့ဆက်ဆံမှု ပိုမိုခိုင်မာ လာစေရေးနှင့် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများအတွက် အိန္ဒိယနိုင်ငံ မှ ကူညီဆောင်ရွက်ပေးနေသည့် ကိစ္စရပ်များကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ အမြဲတမ်း အတွင်းဝန် ဦးချမ်းအေးနှင့် နိုင်ငံ ခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြ ပြီး၊ အိန္ဒိယ နိုင်ငံခြားရေးအတွင်း ဝန်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး ရှရီ ဆော်ရက်(ဘ်)ကူမား၊ အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးဌာနမှ တွဲဖက်အတွင်းဝန် ရှရီမတီ စမီတာပန့်နှင့် အိန္ဒိယနိုင်ငံမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက် ခဲ့ကြသည်။
သတင်းစဉ်