
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် International Forum for Energy Transition 2020: Sustainable Development in the post-COVID 19 Era သို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်
=================================================
နေပြည်တော် နိုဝင်ဘာ ၁၀
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် The World Economic Forum နှင့် State Grid Corporation of China တို့ ပူးပေါင်း၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့၌ နိုဝင်ဘာ ၁၀ ရက်တွင် ကျင်းပ သော International Forum for Energy Transition 2020: Sustainable Development in the post-COVID 19 Era သို့ နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။
အခမ်းအနားတွင် Founder and Executive Chairman of World Economic Forum ဖြစ်သူ Prof. Klaus Schwab က အဖွင့်အမှာစကားပြောကြားခဲ့ပြီး Vice Chairman of the National Committee of the CPPCC, President of China Association for Science and Technology ဖြစ်သူ Mr. Wan Gang နှင့် Executive Chairman State Grid Corporation of China ဖြစ်သူ Mr. Mao Weiming တို့က နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။ အခမ်းအနား၌ တစ်ကမ္ဘာလုံး၏ လူမှု စီးပွား စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကိုဗစ်-၁၉ ကပ်ရောဂါလွန်ကာလတွင် ဖြစ်ပေါ်လာမည့် စီးပွားရေး အကျိုးသက်ရောက်မှုများအပေါ် တုံ့ပြန်ကုစားရာတွင် လွန်စွာအရေးပါသော စွမ်းအင်ကဏ္ဍအနေဖြင့် ဘေးကင်း လုံခြုံစိတ်ချရပြီး ကြံ့ကြံ့ခံနိုင်သော၊ ကာဗွန်ထုတ်လွှတ်မှု နည်းပြီး သန့်ရှင်းသောစွမ်းအင်များကို ပြောင်းလဲသုံးစွဲခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်များသုံးစွဲမှုကို တိုးမြှင့်ခြင်း၊ Smart Grid System နှင့် နည်းပညာတီထွင် ဆန်းသစ်ခြင်း၊ မူဝါဒဆိုင်ရာ ပံ့ပိုးကူညီပေးခြင်း စသည်တို့ တွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်၊ သက်ဆိုင်ရာဌာနအကြီးအကဲများနှင့် ကမ္ဘာ့နိုင်ငံပေါင်း ၅၄ နိုင်ငံမှ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ ဝန်ကြီးများ၊ သံအမတ်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ World Economic Forum နှင့် State Grid Corporation of China မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်