ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ဦးစီးဌာနများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းဆိုင်ရာများမှာကြား

နေပြည်တော်   ဖေဖော်ဝါရီ   ၁၅


ပြည်ထောင်စုဝန်ကြီး    ဦးတင်ထွဋ်ဦး သည် ဖေဖော်ဝါရီ ၉ ရက် မှ ၁၁ ရက် အထိ    စိုက်ပျိုးရေး၊    မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန   အောက်ရှိ ဦးစီးဌာနများမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာနများ     တည်ရှိရာ အစည်းအဝေး            ခန်းမများတွင် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက် များနှင့်အညီ တွေ့ဆုံ၍ ဝန်ကြီးဌာန၏ ရှေ့ဆက်ဆောင်ရွက်မည့်      လုပ်ငန်း များ၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက် မည့် စီမံကိန်းလုပ်ငန်းဆိုင်ရာများကို  ဆွေးနွေးမှာကြားသည်။


လိုက်နာဆောင်ရွက်


တွေ့ဆုံပွဲများတွင် ပြည်ထောင်စု ဝန်ကြီးက  မိမိတို့  တာဝန်ယူထားကြ သည့်   သက်ဆိုင်ရာ   လုပ်ငန်းကဏ္ဍ အလိုက် မူလရည်မှန်းချက် ပြည့်မီရေး အတွက်     ဆောင်ရွက်မှုအားလုံးကို သက်ဆိုင်သူများအချင်းချင်း၊ ဌာနများ အချင်းချင်းညှိနှိုင်းတိုင်ပင်၍  မြန်မြန် ဆန်ဆန်            ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ကြ စေလိုကြောင်း၊    မိမိတို့၏      ရှိရင်းစွဲ အရည်အချင်းကို        လုပ်ငန်းခွင်၌ အကျိုးရှိထိရောက်စွာ    အားထုတ် ဆောင်ရွက်ကြသည့်နည်းတူ လုပ်ဖော် ကိုင်ဖက် လက်အောက်ဝန်ထမ်းများ အား လူမှန်နေရာမှန် အသုံးချနိုင်ရေး နှင့် လူ့စွမ်းအားအရင်းအမြစ်များ ပိုမို အားကောင်း      လာစေရေးအတွက်   မိမိဌာန၏ ရည်မှန်းချက် အောင်မြင်စွာ ဖော်ဆောင်နိုင်မည့် ဝန်ထမ်းများအား  ပြုစုပျိုးထောင်ခြင်း၊ ရာထူးတိုးမြှင့်ရေး  အပါအဝင် ဝန်ထမ်းရေးရာကိစ္စများကို  ပွင့်လင်းမြင်သာစေပြီး           အဂတိ ကင်းရှင်းစွာ     ဆောင်ရွက်ရန်နှင့် စည်းမျဉ်းစည်းကမ်းများ        အတိုင်း လိုက်နာ  ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ ထို့အပြင်ဝန်ထမ်းအဆင့်ဆင့် အနေဖြင့်လည်း  မိမိတို့၏  တာဝန်နှင့် ဝတ္တရားများကို  စည်းမျဉ်းစည်းကမ်း များနှင့်အညီ               ဆောင်ရွက်ရန် အဆင့်ဆင့် အားပေးစည်းရုံးဆောင် ရွက်ကြရန် လိုအပ်ကြောင်း၊ ဘဏ္ဍာငွေ အင်အားနှင့်   လုပ်ငန်းစီမံချက်၊   စီမံ ကိန်းများကို  ခွဲခြမ်းစိတ်ဖြာပြီး  ရှိပြီး အရင်းအမြစ်နှင့် လက်ရှိပြောင်းလဲနေ သည့်    ဖြစ်စဉ်များအရ    လက်တွေ့ လုပ်ကိုင်နေသော ကျွမ်းကျင်ပညာရှင် များ    များစွာပေါ်ထွက်လာရန်    စီမံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။


တိုးမြှင့်ဆောင်ရွက်


ကိုဗစ်-၁၉   ကပ်ရောဂါကြောင့်  ကြုံတွေ့ခဲ့ရသည့်  စိုက်ပျိုးမွေးမြူရေး ကဏ္ဍ    အမြန်ဆုံးပြန်လည်ဦးမော့ လာပြီး    တိုးတက်မှုများကို    ထင်သာ မြင်သာရှိစေရန်၊ တောင်သူလယ်သမား  များနှင့်  ကျေးလက်နေ  ပြည်သူများ အကျိုးရရှိခံစားနိုင်စေမည့်  ထိရောက် သည့်    လုပ်ငန်းအစီအမံများ    စနစ် တကျ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် စျေးကွက်တွင် စားသုံးသူများ ဝယ်ယူစားသုံးလိုသည့်  အဓိကသီးနှံများနှင့်  အနာဂတ်တွင် အရေးကြီးလာမည့် ဟင်းသီးဟင်းရွက်  သစ်သီးဝလံများဆိုင်ရာ သုတေသန ဖွံ့ဖြိုးရေးကို တိုးမြှင့်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများ အတွက် လိုအပ်သည့် အရင်းအမြစ် များဖြစ်သော ခြံလုပ်ငန်းများ အခြေ အနေ၊   ဘဏ္ဍာငွေသုံးစွဲနိုင်မှု၊    သီးနှံ အလိုက်   ကျွမ်းကျင်မှုတို့ကို     စိစစ် ကြပ်မတ်ပြီး     ဖြစ်နိုင်မှုအများဆုံး အခြေအနေများကို       ကာလအနေ အထားနှင့်တိုက်ဆိုင်၍ သုံးသပ်ဆောင် ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြုပြင်ရန်     လိုအပ်ချက်များအပေါ် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။ 


ရှာဖွေဖော်ထုတ်


သမားရိုးကျ   လုပ်ဆောင်မှုများ အပြင်  စိန်ခေါ်မှုများ အခက်အခဲများ အပေါ် ထိုးဖောက်ဖြစ်မြောက်နိုင်မည့် နည်းလမ်းများကို      ရှာဖွေဖော်ထုတ် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုး၊ မွေးမြူရေးကဏ္ဍ၊ ကျေးလက်ဖွံ့ဖြိုးရေး ကဏ္ဍ၊ သမဝါယမကဏ္ဍများတွင် ICT  နည်းပညာ   အသုံးပြုနိုင်မှု    တိုးမြှင့်        ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။ 


အနယ်နယ်အရပ်ရပ်တွင်   တိုးချဲ့  ပညာပေးရေး   ဆောင်ရွက်နေသည့် ဝန်ထမ်းများ၏    တာဝန်ယူ   ဆောင် ရွက်ရသည့်    ဧရိယာနှင့်    တောင်သူ အရေအတွက် မမျှတမှုအပေါ် လုပ်ရိုး လုပ်စဉ်ထက် ရှေ့ပြေးဆောင်ရွက်ချက်  လုပ်ငန်းစဉ်များ သေချာစွာရေးဆွဲ၍ ICT နည်းပညာ အပါအဝင် ပညာပေး  စခန်းများဖြင့်    ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊      တိုးတက်လာသည့် နည်းပညာနှင့်အတူ တောင်သူများထံ မိုဘိုင်းဖုန်းမှတစ်ဆင့်        အသိပညာ၊ နည်းပညာမက်ဆေ့ချ်     ပေးနိုင်သည့် နည်းလမ်းများစွာ            ရှိသည့်အနက် မိမိတို့  တိုးချဲ့ပညာပေးရေး ဝန်ထမ်း များမှ တစ်ဆင့်လည်း ICT နည်းပညာ အသုံးပြု၍   တောင်သူများထံ   နည်း  ပညာ ပြန့်ပွားရေး စီမံဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊    နည်းပညာပိုင်း ဆိုင်ရာနှင့်   စျေးကွက်ချိတ်ဆက်မှု ဆိုင်ရာများကို တောင်သူများ နားလည် သဘောပေါက်ရန်နှင့်       လက်တွေ့ အသုံးချနိုင်ရန် လိုအပ်ကြောင်း။ 


ရွေးချယ်တာဝန်ပေး


စီမံကိန်းလုပ်ငန်းများတွင်လည်း  ဘဏ္ဍာငွေကြေးကို အလေအလွင့်မရှိ ပိုင်နိုင်စွာ သုံးစွဲရန်နှင့် ထိရောက်စွာ ဆောင်ရွက်နိုင်သူများအား   ရွေးချယ် တာဝန်ပေးရန်          လိုအပ်မည်ဖြစ် ကြောင်း၊ ဌာနဆိုင်ရာ ငှားရမ်းမှုဖြစ် သော   မြေကွက်၊   ခြံများကို    အမှန် တကယ် လိုအပ်ချက်နှင့်အတူ သုတေ သန  လုပ်ငန်းနှင့်  စိုက်ပျိုးရေးဖွံ့ဖြိုး   မှု    လုပ်ငန်းများအား   ထိရောက်စွာ ထောက်ပံ့ပေးနိုင်သည့်      ငှားရမ်းမှု လုပ်ငန်းများ          ဖြစ်စေရေးအတွက် တည်ဆဲလုပ်ထုံးလုပ်နည်း ဥပဒေနှင့် အညီ   ဆောင်ရွက်မှုဖြစ်ရန်    လိုအပ် ကြောင်း၊ အမှန်တကယ် ခေါင်းစဉ်တပ် ငှားရမ်းမှုနှင့် ကိုက်ညီမှုရှိရန် တာဝန် ရှိသူတို့က စိစစ်ကာ လုပ်ထုံးလုပ်နည်း အတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  မိမိတို့    တာဝန်ယူသည့်     ကာလ၌ ရေရှည်ဆောင်ရွက်ရမည့်    မူဝါဒနှင့် စီမံကိန်းများကို အခြေခံလျက် လက်ရှိ အနေအထားနှင့်  ကိုက်ညီသည့်  စီမံ ကိန်းများ၊   မပြီးပြတ်သေးသော   စီမံ ကိန်း လုပ်ငန်းများကိုလည်း ပြီးပြတ် အောင် ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ဆွေးနွေးပြောကြားသည်။


သတင်းစဉ်