
နေပြည်တော် မေ ၁၆
နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ အား ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အသစ် Ms. Noriko Takagi သည် ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လာရောက်ဂါရဝပြု တွေ့ဆုံပြီး ၎င်း၏ ခန့်အပ်လွှာကို ပေးအပ်သည်။
ခန့်အပ်လွှာ ပေးအပ်သည့် အခမ်းအနားသို့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်