ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံ

 

ရန်ကုန်   ဖေဖော်ဝါရီ  ၂၄


နိုင်ငံခြားရေး      ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးသန်းဆွေ သည်   ရန်ကုန်မြို့ရှိ     နိုင်ငံခြားရေး ဝန်ကြီးဌာန         ဝန်ထမ်းများအား တွေ့ဆုံသည့်       အခမ်းအနားကို  ယနေ့မွန်းလွဲ ၁ နာရီတွင် နိုင်ငံခြား ရေးဝန်ကြီးဌာန   ဝန်ဇင်းမင်းရာဇာ ခန်းမ၌ ကျင်းပသည်၊၊

 


အခမ်းအနားသို့   အပြည်ပြည် ဆိုင်ရာ   ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံခြားရေးဝန်ကြီး ဌာန        အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး၊  ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ     ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊       အမှုထမ်းများ တက်ရောက်ကြသည်။

 


တွေ့ဆုံပွဲတွင်  ပြည်ထောင်စု ဝန်ကြီးက  နိုင်ငံခြားရေးဝန်ကြီး ဌာန     ရန်ကုန်ရှိ    မဟာဗျူဟာ လေ့လာရေးနှင့်    လေ့ကျင့်ရေး ဦးစီးဌာနနှင့် ဦးစီးဌာနအသီးသီးမှ အရာထမ်း၊    အမှုထမ်းများအနေ ဖြင့်      မိမိတို့ဌာနများအလိုက် ဆောင်ရွက်ရမည့်  လုပ်ငန်းတာဝန် များ၊ ဦးစီးဌာနနှင့်ကိုယ်စားပြုသော ဝန်ကြီးဌာန၏      တာဝန်များကို ကျေပွန်စွာ       ထမ်းရွက်သွားရန် လိုအပ်ပါကြောင်း၊     တစ်ဦးချင်း အရည်အသွေး      မြင့်မားရေးကို တည်ဆောက်ရန်သာမက   အစဉ် အမြဲ         သင်ယူလေ့လာမှုများကို စိတ်အားထက်သန်စွာဖြင့်  ဆောင် ရွက်သွားရန်လိုကြောင်း၊    နိုင်ငံ့ ဝန်ထမ်းများသည်    နိုင်ငံအပေါ် သစ္စာရှိရန်     အထူးအရေးကြီး ကြောင်းနှင့်  လုပ်ငန်းတာဝန်များ ကို    ထမ်းဆောင်ရာတွင်လည်း ပိုမိုကောင်းမွန်အောင် ဆောင်ရွက် နိုင်ရေး   အမြဲစဉ်းစားသုံးသပ်၍ မိမိတို့ဌာနများအလိုက်   ညှိနှိုင်း တိုင်ပင်ပြီး   ပူးပေါင်းဆောင်ရွက် သွားကြရန်နှင့် မိမိတို့ဝန်ကြီးဌာန ဂုဏ်မြင့်အောင်       ကြိုးပမ်း ဆောင်ရွက်သွားရန်  အလေးထား ပြောကြားသည်။

 


ထို့အပြင်  နိုင်ငံ့ဝန်ထမ်းများ သည်   ပါတီနိုင်ငံရေးကင်းရှင်းရန် နှင့်  တိကျစွာလိုက်နာဆောင်ရွက် သွားရန်     လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာန၏   သဘောသဘာဝ အရ ဝန်ထမ်းများသည် ပြည်တွင်း/ပြည်ပ    အလှည့်ကျတာဝန်ထမ်း ဆောင်နေကြသူများဖြစ်၍ မြန်မာ နိုင်ငံ၏       ပြည်တွင်းဖြစ်ပေါ် တိုးတက်မှု    အခြေအနေများကို သိရှိနားလည်         သဘောပေါက် ထားရန်        လိုအပ်သကဲ့သို့ နိုင်ငံတကာရေးရာများကိုလည်း စဉ်ဆက်မပြတ် လေ့လာသိရှိနေ ရန် လိုအပ်ပါကြောင်း၊  မိမိနိုင်ငံ၏ အခြေအနေအမှန်ကို        သိရှိပြီး နိုင်ငံတကာ      မျက်နှာစာတွင် အခြားသူများအား    နားလည် သဘောပေါက်အောင်  ရှင်းလင်း ပြောကြားနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားကြရန်   လိုအပ် ကြောင်း    ရှင်းလင်းပြောကြားသည်။

 


မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီး        ဦးသန်းဆွေနှင့် ဦးကိုကိုလှိုင်တို့သည် အမှတ်(၃၇) သံတမန်လမ်း      နိုင်ငံခြားရေး ဝန်ကြီးဌာန တိုးချဲ့အဆောက်အဦ ရှိ မြန်မာနိုင်ငံ  မဟာဗျူဟာနှင့် နိုင်ငံတကာ    လေ့လာရေးအဖွဲ့ရုံး တွင် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ   လေ့လာရေးအဖွဲ့မှ ဥက္ကဋ္ဌနှင့်       ဝါရင့်အကြံပေး အဖွဲ့ဝင် များ၊           အမှုဆောင်အဖွဲ့ဝင် များနှင့်        ဆက်လက်တွေ့ဆုံ ဆွေးနွေးသည်။ 

 


ထိုသို့       တွေ့ဆုံရာတွင် ပြည်ထောင်စု      ဝန်ကြီးများက နိုင်ငံတော်အစိုးရ၏ ရပ်တည်ချက် များ၊   မူဝါဒများနှင့်    အကောင် အထည်ဖော်    ဆောင်ရွက်လျက် ရှိသည့် ကိစ္စရပ်များ၊ ရှေ့လုပ်ငန်း စဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးပြောကြားကြသည်။

 


တွေ့ဆုံပွဲ       အခမ်းအနားသို့ မြန်မာနိုင်ငံ     မဟာဗျူဟာနှင့် နိုင်ငံတကာ     လေ့လာရေးအဖွဲ့ အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ    ဦးသန့် ကျော်၊ ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များ၊ နိုင်ငံခြား ရေးဝန်ကြီးဌာန       အမြဲတမ်း အတွင်းဝန်      ဦးချမ်းအေးနှင့် တာဝန်ရှိသူများ   တက်ရောက် ကြသည်။ 


သတင်းစဉ်