ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း၏ အာရှပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူး Mr. Alexander James Matheou ကို လက်ခံတွေ့ဆုံ

 

နေပြည်တော်   ဧပြီ    ၂၆


နိုင်ငံခြားရေး       ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည်        အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့်   လခြမ်းနီအသင်း များ ဖက်ဒရေးရှင်း(IFRC)၏ အာရှ ပစိဖိတ်ဒေသဆိုင်ရာ   ညွှန်ကြား ရေးမှူး  Mr.  Alexander James Matheou ကို ယနေ့နံနက် ၁၀ နာရီ တွင်  နေပြည်တော်ရှိ   နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

 


တွေ့ဆုံစဉ်   IFRC  ၏  အာရှ ပစိဖိတ်ဒေသဆိုင်ရာ   ညွှန်ကြား ရေးမှူးက   IFRC  ၏  လုပ်ငန်း သဘောသဘာဝ၊     မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS) က ဆောင်ရွက်နေသည့် လုပ်ငန်းများ ပိုမိုအားကောင်းလာစေရေး ကူညီ ပံ့ပိုးပေးနေမှုကို        ဆွေးနွေး ပြောကြားသည်။   ပြည်ထောင်စု ဝန်ကြီးက ကျန်းမာရေး၊  သန့်ရှင်း ရေး၊ အသိပညာပေးရေးကဏ္ဍများ တွင်  နည်းပညာအကူအညီများ ပေးအပ်ရေးနှင့်     ပတ်သက်၍  ပြန်လည်ဆွေးနွေး      ပြောကြားသည်။

         

သတင်းစဉ်