
နေပြည်တော် မေ ၁၈
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ ယနေ့တွင် စစ်တွေမြို့၌ သဘာဝ ဘေးအန္တရာယ် မိုခါမုန်တိုင်းကြောင့် လျှပ်စစ် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးခြင်း ပျက်စီးခဲ့မှုများမှ ဓာတ်အားအမြန်ပို့လွှတ်ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက် နေမှု၊ ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ကျွမ်းကျင်ဝန်ထမ်းများနှင့် ပစ္စည်းများရောက်ရှိနေမှု နှင့် ပြန်လည်ပြင်ဆင်တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် ရန်ကုန်မြို့မှ စစ်တွေဆိပ်ကမ်းသို့ ဆိုက်ကပ် လာသည့် မုတ္တမစစ်ရေယာဉ်နှင့်အတူ ရောက်ရှိလာ သော ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပို ရေးရှင်းမှ ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများ ပြင်ဆင်ရန် ကျွမ်းကျင်ဝန်ထမ်း ၁၀၄ ဦး၊ မီးစက်များ နှင့် စက်သုံးဆီများရောက်ရှိမှုတို့ကို သွားရောက် ကြည့်ရှုကာ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း များကိုမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီး ဌာနကြီးကြပ်မှုအောက်ရှိ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့/အနောက်)နှင့် ဧရာဝတီ တိုင်းဒေသကြီးတို့မှ ရောက်ရှိလာသည့် ကျွမ်းကျင် ဝန်ထမ်း ၁၆၄ ဦးကို ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ရုံး၌ တွေ့ဆုံပြီး လုပ်ငန်းများ လျင်မြန်စွာဆောင်ရွက် နိုင်ရေးနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးတို့နှင့်ပတ်သက်၍ မှာကြားကာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးချုပ်များ၊ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်သည်။
ယင်းနောက် စစ်တွေမြို့ မေယုလမ်းမကြီး တစ်လျှောက်(စာတိုက်မှ နာရီစင်အထိနှင့် လောကာ နန္ဒာဘုရားမှ လေယာဉ်ကွင်းလမ်းဆုံအထိ) ဖြန့်ဖြူး ရေးဓာတ်အားလိုင်း ပြုပြင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဓမ္မာစရိယတက္ကသိုလ်ကျောင်းတိုက်သို့ သွားရောက်ကာ ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းမှ ဝန်ထမ်းများ တည်းခို နေထိုင်မည့်နေရာများကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် ၆၆/၁၁ ကေဗွီ ဓာတ်အားခွဲရုံ အမှတ် (၁)ရှိ လေဘေး ကြောင့် ပျက်စီးသွားသည့် ဝန်ထမ်းအိမ်ရာများ၊ ပစ္စည်းသိုလှောင်ရေးအဆောက်အဦများကို သွား ရောက်ကြည့်ရှုစစ်ဆေး၍ အမြန်ဆုံးပြန်လည်ပြုပြင် နိုင်ရေး မှာကြားကာ ဝန်ထမ်းများနှင့် မိသားစုများကို အားပေးစကားပြောကြားပြီး ဆတ်ရိုးကျတံတားနှင့် စစ်တွေ View Point အထိ ပျက်စီးဆုံးရှုံးမှုများ ပြင်ဆင်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် စစ်တွေမြို့သို့ ဓာတ်အားပေးထားသည့် ၆၆ ကေဗွီ ဓာတ်အားလိုင်းအမှတ်(၁)ရှိ ပြိုကျပျက်စီးနေ သည့် တာဝါတိုင်အမှတ်(၄၂၁) အားဖြုတ်သိမ်းခြင်း၊ ပြုပြင်ခြင်းများဆောင်ရွက်နေခြင်းကို ကြည့်ရှု စစ်ဆေးကာ မေယုလမ်းမကြီးအတိုင်း အစိုးရရိပ်သာ မှ လောကာနန္ဒာဘုရားအထိနှင့် လေယာဉ်ကွင်း လမ်းဆုံမှ လေယာဉ်ကွင်းအထိ ဖြန့်ဖြူးရေးဓာတ်အား လိုင်းများ ပြုပြင်ဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ရခိုင် ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား အမြန်ဆုံး ပြန်လည်ရရှိရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းအင်အား ၁၀၂၀ ဖြင့် စစ်တွေ၊ မြောက်ဦးနှင့် ပုဏ္ဏားကျွန်းဒေသများတွင် အခြေပြု၍ အသီးသီးဖြန့်ခွဲကာ ရခိုင်ပြည်နယ် မြောက်ပိုင်းအတွင်း ပြန်လည်ပြုပြင်တည်ဆောက် ခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိသည်။ ဆက်လက်၍လည်း နေပြည်တော်၊ မန္တလေးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ကရင် ပြည်နယ်တို့မှ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၂၀၉ ဦး ထပ်မံစေလွှတ်လျက်ရှိပြီး မေလကုန်၊ ဇွန်လဆန်းပိုင်း တွင် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသသို့ လျှပ်စစ် ဓာတ်အား ပြန်လည်ရရှိနိုင်ရေး စီမံဆောင်ရွက်လျက်ရှိ သည်။ အလားတူ ပြင်ဆင်ခြင်းလုပ်ငန်းများကို အချိန်မီပြုပြင် ပြင်ဆင်နိုင်ရန်အတွက် ထပ်မံလိုအပ် လျက်ရှိသော ကရိန်းယာဉ် လေးစီး၊ အုပ်ချုပ်မှုနှင့် လုပ်ငန်းသုံးယာဉ် ရှစ်စီး၊ ၁၂ မီတာ ကွန်ကရိတိုင် ၇၀၀၊ ၁၅ မီတာ ကွန်ကရိတိုင် ၂၅၀၊ ၁၈ မီတာ ကွန်ကရိတိုင် ၅၀ နှင့် တာဝါသံပေါင်နှင့်ဓာတ်အား ခွဲရုံ၊ ဓာတ်အားလိုင်းသုံးဆက်စပ်ပစ္စည်း ၆၀၇ တန် အား တပ်မတော်ရေယာဉ်၊ သင်္ဘောနှင့်မော်တော် ယာဉ် အသီးသီးဖြင့် ပို့ဆောင်ပေးလျက်ရှိပြီး လိုအပ် လျက်ရှိသော ပစ္စည်းများကိုလည်း ဆက်လက် ပို့ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
သတင်းစဉ်