ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ ဗီနေးကူးမားနှင့် အဖွဲ့ကို တွေ့ဆုံ

 

နေပြည်တော်    ဇွန်    ၁၅


ဆောက်လုပ်ရေး   ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး    မစ္စတာ  ဗီနေး ကူးမား     ဦးဆောင်သောအဖွဲ့ကို  ယမန်နေ့   မွန်းလွဲ  ၂ နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၏  ဧည့်ခန်းမ၌  လက်ခံတွေ့ဆုံသည်။

 


တွေ့ဆုံစဉ် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍ  ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့်  လုပ်ငန်းစဉ်များ၊ အိန္ဒိယနိုင်ငံ      အကူအညီဖြင့် ဆောင်ရွက်သော    ယာကြီး - ကလေးဝ  လမ်းပိုင်းကို   နှစ်လမ်း သွားလမ်း   အဆင့်မြှင့်တင်ခြင်း၊ ပလက်ဝ-ဇိုရမ်ပူ လမ်းအဆင့်မြှင့် တင်ခြင်း၊    ကလေးဝ-ကျီကုန်း-တမူးလမ်းပေါ်ရှိ တံတား ၆၉ စင်း ပြုပြင်ထိန်းသိမ်းခြင်းနှင့် အသစ် တည်ဆောက်မည့်  လုပ်ငန်းအစီ အစဉ်များ၊       တမူးနယ်စပ်၌ အဆင့်မီဘက်ပေါင်းစုံ စစ်ဆေး ရေးဂိတ်   (Integrated Check Post) တည်ဆောက်ရေးကိစ္စရပ် များ၊ အလုပ်အကိုင်အခွင့်အလမ်း များ   ရရှိရေးနှင့်    စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ     အမြင်ချင်း ဖလှယ်    ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


 သတင်းစဉ်