ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)ရှိ လူမှုဖူလုံရေး-ကဲဝဲလ် အထွေထွေရောဂါကု ဆေးခန်းများနှင့် ချင်းတွင်းတံခွန်အထည်ချုပ်စက်ရုံတို့ကို ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  စက်တင်ဘာ  ၁၃


အလုပ်သမားဝန်ကြီးဌာန     ပြည် ထောင်စုဝန်ကြီး       ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး      ဦးဝင်းရှိန်နှင့် တာဝန်ရှိသူများသည်      ယနေ့ နံနက်ပိုင်းတွင်  လူမှုဖူလုံရေးအဖွဲ့ စာချုပ်ဆေးခန်းများ     ဖြစ်သည့် ပြည်ထောင်စုနယ်မြေ  (နေပြည် တော်)၊  ဇမ္ဗူသီရိမြို့နယ်၊ ဘောဂ သိဒ္ဓိရပ်ကွက်ရှိ      လူမှုဖူလုံရေး-ကဲဝဲလ်       အထွေထွေရောဂါကု ဆေးခန်း၊ ဒက္ခိဏသီရိမြို့နယ်ရှိ လူမှုဖူလုံရေး-ကဲဝဲလ် အထွေထွေ ရောဂါကုဆေးခန်းများတွင် အကျုံး ဝင်    အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်ပေးနေ မှုများကို        ကွင်းဆင်းကြည့်ရှု စစ်ဆေး၍   အာမခံအလုပ်သမား များကို တွေ့ဆုံအားပေးသည်။


ကြည့်ရှုစစ်ဆေးစဉ်     ပြည် ထောင်စုဝန်ကြီးက   ဆေးကုသမှု ခံယူနေသော အာမခံအလုပ်သမား များအနေဖြင့် မမာမကျန်းဖြစ်ပါက လူမှုဖူလုံရေးဆေးခန်းများ၊  လူမှု ဖူလုံရေးအဖွဲ့ စာချုပ်ဆေးခန်းများ တွင်  ပြင်ပလူနာဝန်ဆောင်မှုရယူနိုင်ကြောင်း၊  နာတာရှည်ရောဂါ များ၊  ခွဲစိတ်ကုသရန်လိုအပ်သော လူနာများအတွက် ပြည်သူ့ဆေးရုံ များတွင်  ပြသပြီး ဆေးဖိုးကုန်ကျ ငွေများကို       ပြန်လည်တင်ပြ တောင်းခံနိုင်ကြောင်း   ပြောကြား သည်။


လူမှုဖူလုံရေးအဖွဲ့    အနေဖြင့် နေပြည်တော်ကောင်စီ    နယ်မြေ တွင် အကျုံးဝင်အာမခံအလုပ်သမား ၂၆၀၀၀   ကျော်ရှိပြီး   အဆိုပါ အာမခံ        အလုပ်သမားများ၏ ကျန်းမာရေး       စောင့်ရှောက်မှု အတွက်    မြို့နယ်လူမှုဖူလုံရေး ဆေးခန်း သုံးခန်း၊     ဌာနကြီး ဆေးခန်း လေးခန်း၊    စာချုပ် ဆေးခန်း သုံးခန်း၊   သားဖွားမီးယပ် ပြင်ပလူနာဝန်ဆောင်မှု (Specialist OG OPD care) နှစ်ခန်းတို့ ဖွင့်လှစ် ၍    ၂၀၂၃  ခုနှစ်   ဇန်နဝါရီလမှ ဩဂုတ်လအထိ    အာမခံအလုပ် သမားလူနာပေါင်း    ၃၁၆၃၀၃ ဦး ကို   ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့သည်။    


လူမှုဖူလုံရေးအဖွဲ့    အနေဖြင့်  အကျုံးဝင်   အာမခံအလုပ်သမား များ၏ ကျန်းမာရေးစောင့်ရှောက် မှုကို ပိုမိုထိရောက်လွယ်ကူစေရန် ပုဂ္ဂလိကဆေးရုံ၊  ဆေးခန်းများနှင့် စာချုပ် ချုပ်ဆို   ဆောင်ရွက်လျက် ရှိရာ    ယခုအခါတွင်    Fee For Service Payment ဆေးခန်း ၂၀၊ Capitation Payment ဆေးခန်း ၂၆ ခန်း၊     သားဖွားမီးယပ်ပြင်ပ လူနာဝန်ဆောင်မှု (Specialist OG OPD care) ၁၅ ခန်းနှင့်   မီးဖွားမှု ဝန်ဆောင်မှုဆေးခန်း ၁၂  ခန်းဖြင့် ကျန်းမာရေး    ဝန်ဆောင်မှုပေး လျက်ရှိရာ နေပြည်တော်ကောင်စီ နယ်မြေတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ မှ      ဩဂုတ်လအထိ  လူနာဦးရေ   ၂၉၃၉  ဦးအတွက်  ဆေးဖိုးကုန်ကျ ငွေကျပ်    ၅၄၆  ဒသမ ၂၀၆ သန်း   ပေးအမ်းခဲ့ပြီးဖြစ်သည်။


ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်  တာဝန်ရှိသူများသည် ဒက္ခိဏသီရိမြို့နယ်ရှိ CMP စနစ် ဖြင့် လုပ်ကိုင်ဆောင်ရွက်နေသော ချင်းတွင်းတံခွန်     အထည်ချုပ် စက်ရုံကို ရောက်ရှိ၍  စက်ရုံတာဝန် ရှိသူများ၊     အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး    ကော်မတီ (WCC) အဖွဲ့ဝင်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်    ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီဝင်များနှင့် တွေ့ဆုံရာ  စက်ရုံတာဝန်ရှိသူက စက်ရုံ        တည်ထောင်ထားရှိမှုနှင့် လုပ်ငန်းလည်ပတ်နေမှု    အခြေ အနေများ၊  WCC  ဖွဲ့စည်းထားရှိမှု၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်း ရှင်းရေးနှင့်  ကျန်းမာရေးကော်မတီ ဖွဲ့စည်းထားမှုများကို       ရှင်းလင်း တင်ပြသည်။


ယင်းနောက်   ပြည်ထောင်စု ဝ န်ကြီးက  ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးခြင်းဖြင့်   လုပ်သား များ၏       လူမှုစီးပွားဘဝကို တိုးတက်စေနိုင်ပြီး     တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာ အထောက်အပံ့    ရစေနိုင်သဖြင့် အစိုးရ၊  အလုပ်ရှင်၊  အလုပ်သမား သုံးပွင့်ဆိုင်   ပူးပေါင်းဆောင်ရွက် မှုကို       အရှိန်မြှင့်ဆောင်ရွက်ရန် လိုကြောင်း၊   အလုပ်သမားရေးရာ အငြင်းပွားမှုများ   လျော့နည်းစေ ရေး၊  မျှတသည့်  အလုပ်သမား ရေးရာဆက်ဆံမှု     ထူထောင်ရန် လိုအပ်ကြောင်း၊       WCC   နှင့် အလုပ်သမား     အဖွဲ့အစည်းများ သည် အလုပ်ရှင်များနှင့် စဉ်ဆက် မပြတ်    ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း၊         လုပ်ငန်းခွင် ဘေးအန္တရာယ်      ကင်းရှင်းပြီး မတော်တဆထိခိုက်မှုနှင့် လုပ်ငန်း ခွင်  ရောဂါထိခိုက်ခံစားမှု  လျော့ နည်းကျဆင်းလာသည်နှင့်   အမျှ ကုန်ထုတ်စွမ်းအားတိုးတက်ရေး အတွက် များစွာအထောက်အကူဖြစ်စေနိုင်ကြောင်း  မှာကြားပြီး စက်ရုံအတွင်း အလုပ်သမားများ အေးချမ်းစွာ လုပ်ကိုင်မှုအခြေအနေ များကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။     

သတင်းစဉ်