ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စ မာကျားအား လက်ခံတွေ့ဆုံ

 

နေပြည်တော်    ဩဂုတ်    ၂၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စ မာကျားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ်  နှစ်နိုင်ငံ လယ်ယာကဏ္ဍဖွံ့ဖြိုးမှု  ပူးပေါင်းဆောင်ရွက်ရေး၊  မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းလုပ်ငန်းဆိုင်ရာများ၊ တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ GACC နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နှစ်နိုင်ငံ စိုက်ပျိုးမွေးမြူရေး ထွက်ကုန်ဆိုင်ရာ ကုန်သွယ်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။                             သတင်းစဉ်