ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ဟိုပုံးမြို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးမှူးရုံး၌ ရုံးဖွင့်လှစ်ထားရှိမှုနှင့် ရုံးသစ်ဆောက်လုပ်မည့် မြေနေရာအား ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  စက်တင်ဘာ  ၂၉ 


ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရုံးသစ်များ    ဖွင့်လှစ်မှုနှင့်အတူ လိုအပ်ချက်များကို      လုပ်ထုံး လုပ်နည်းနှင့်အညီ  တင်ပြဆောင် ရွက်ကြရန် လူဝင်မှုကြီးကြပ်ရေး နှင့်    ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် က မှာကြားသည်။

 


ပြည်ထောင်စုဝန်ကြီးသည် ယမန့်နေ့မွန်းလွဲပိုင်းက ဟိုပုံးမြို့၌  လူဝင်မှုကြီးကြပ်ရေး နှင့်   ပြည်သူ့ အင်အားဝန်ကြီးဌာန   ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ       ဦးစီးမှူးရုံး ဖွင့်လှစ်ထားရှိမှုနှင့်  ဝန်ထမ်းများ လုပ်ငန်းဆောင်ရွက်နေမှု   အခြေ အနေများကို   လှည့်လည်ကြည့်ရှု စစ်ဆေးစဉ်  ယင်းသို့မှာကြားခြင်း ဖြစ်သည်။

 


ဆက်လက်၍   ပြည်ထောင်စု ဝန်ကြီးသည်    ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ  ဦးစီးရုံးဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အတူ  ဝန်ကြီးဌာန ၏    ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးမှူးရုံးအသစ်    ဆောက်လုပ် မည့်   မြေနေရာသို့   သွားရောက် ကြည့်ရှုစစ်ဆေးပြီး ရုံးတည်ဆောက် ရေးလုပ်ငန်းများကို    လုပ်ထုံး လုပ်နည်းများနှင့်အညီ  သတ်မှတ် စံချိန်စံညွှန်း   ပြည့်မီရေးအတွက် အလေးထား   ဆောင်ရွက်ကြရေး မှာကြားသည်။

 


ထို့မှတစ်ဆင့်   ပြည်ထောင်စု ဝန်ကြီးသည် ဟိုပုံးမြို့နယ်ဦးစီးမှူး ရုံးသို့သွားရောက်၍       ရုံးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် မှတ်တမ်းခန်း ၌   ကိုယ်ရေးဖိုင်များ   စနစ်တကျ ထိန်းသိမ်းထားရှိမှုကို  လှည့်လည် ကြည့်ရှုစစ်ဆေးပြီး   ဝန်ထမ်းများ နှင့် တွေ့ဆုံကာ   လိုအပ်ချက်များ မေးမြန်း၍ နိုင်ငံတော်နှင့် ဌာနအပေါ်  သစ္စာစောင့်သိရိုသေရေး၊   ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင် ရွက်ကြရေး၊ ပြည်သူကို ထိရောက် သော   ဝန်ဆောင်မှုပေးနိုင်ရေး နှင့်    ယဉ်ကျေးပျူငှာစွာ   ဆက်ဆံ ဆောင်ရွက်ကြရေး၊ လုံခြုံရေးသတိ ရှိရေးတို့နှင့် စပ်လျဉ်း၍    ရှင်းလင်း မှာကြား     အားပေးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။  

သတင်းစဉ်