ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေနံမြေများတွင် တွင်းသစ်တူးဖော်ထုတ်လုပ်နေမှုနှင့် တွင်းသစ်တူးဖော်မည့်မြေနေရာများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   မတ်   ၁၈


စွမ်းအင်ဝန်ကြီးဌာန       ပြည် ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးသည် ယနေ့တွင် မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ထောက်ရှာပင်-ကမ်းနီရေနံမြေတွင်      အသစ် တူးဖော်ခဲ့သော    တွင်းအမှတ် (၈၈၃)၊       ထပ်မံတူးဖော်မည့် တွင်းသစ်နေရာများနှင့်  မန်းရေနံ မြေတွင်      အသစ်တူးဖော်မည့် တွင်းအမှတ် (၆၇၁)တို့ကို သွား ရောက်ကြည့်ရှု စစ်ဆေးသည်။

 


ရှေးဦးစွာ    ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ထောက်ရှာပင်ရေနံမြေရှိ     တွင်း အမှတ် (၈၈၃)သို့ ရောက်ရှိပြီး ယာယီရှင်းလင်းဆောင်တွင် ရေနံ မြေ      အထွေထွေမန်နေဂျာက လုပ်ငန်းဆောင်ရွက်နေမှု ၊ တွင်း အမှတ် (၈၈၃)ကို     နေရှင်နယ် ၅၅ / ၈  တွင်းတူးစက်ဖြင့် ရည်မှန်း အနက်ပေ  ၃၆၅၀  သို့  ရောက်ရှိ အောင်တူးဖော်ခဲ့မှု၊      ရေနံစိမ်း ထုတ်ယူရရှိမှုနှင့် ထပ်မံတူးဖော် မည့် ရေနံတွင်းသစ်များ တူးဖော် ဆောင်ရွက်ရန် စီမံထားရှိမှုတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက ရေနံနှင့် ရေနံထွက် ပစ္စည်းများ   ပြည်ပမှ တင်သွင်းမှု လျှော့ချနိုင်ရေးနှင့်     ပြည်တွင်း ထုတ်လုပ်မှုတိုးတက်ရေး စီမံချက် နှင့်အညီ   ရေနံမြေများမှ  ရေနံ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့်   ကြိုးစား ရှာဖွေတူးဖော်ထုတ်လုပ်သွားရန် ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေ ဖြင့်   ရေနံမြေများတွင်  ရေနံစိမ်း နှင့်   သဘာဝဓာတ်ငွေ့များကို ကိုင်တွယ်     လုပ်ကိုင်နေရခြင်း ကြောင့်       မီးဘေးအန္တရာယ် ကင်းဝေးစေရေး ဂရုပြုဆောင်ရွက် ရန် လိုအပ်ကြောင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ်  ကင်းရှင်းရေးနှင့် ရေနံမြေလုံခြုံရေးကို       အထူး အလေးထား ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်းနှင့် ရေနံမြေများ တွင်  ရေနံ နှင့်သဘာဝဓာတ်ငွေ့များ တိုးတက်တူးဖော် ထုတ်လုပ်ရန် အစီအစဉ်များကို မှာကြားသည်။ ထို့နောက် တွင်းအမှတ် (၈၈၃) ၏ ရေနံစမ်းသပ်  ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ရေနံမြေ ဝန်ထမ်းများကို        အမှတ်တရ သစ်သီးခြင်းနှင့်  အင်အားဖြည့် အစားအစာများ ပေးအပ်သည်။

 


ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ‌ထောက်ရှာ ပင် ရေနံမြေတွင် အသစ်တူးဖော် မည့် တွင်းအမှတ် BK-3901 နေရာ ကိုလည်းကောင်း၊ အသစ်တူးဖော် မည့် တွင်းအမှတ် PK-3902 နေရာ ကိုလည်းကောင်း၊ အသစ်တူးဖော် မည့် တွင်းအမှတ် PK-4801 နေရာ ကိုလည်းကောင်း စစ်ဆေးကြည့်ရှု အတည်ပြုပေးသည်။ 

 


ထို့နောက်     ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည်‌    ထောက် ရှာပင်ရေနံမြေမှ မန်းရေနံမြေသို့ ရောက်ရှိပြီး   မန်းရေနံမြေတွင် အသစ်တူးဖော်ရန် လျာထားသည့် တွင်းအမှတ် (၆၇၁) မြေနေရာတွင် ရေနံမြေအထွေထွေမန်နေဂျာနှင့် တာဝန်ရှိသူများက ZJ7L SR 1 တွင်းတူးစက်ဖြင့်        ရည်မှန်း အနက်ပေ ၈၀၀၀ အထိတူးဖော်ပြီး ပဒေါင်းကျောက်စဉ်စု  အတွင်းရှိ သဲကြောမှ   ရေနံနှင့်  သဘာဝ ဓာတ်ငွေ့များ     စမ်းသပ်တူးဖော် ထုတ်လုပ်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက     လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


သတင်းစဉ်