ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ရန်ကုန်မြို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ရိုက်ကူးထုတ်လွှင့်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

 

ရန်ကုန်   ဩဂုတ်   ၃၀


ပြန်ကြားရေးဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည်   ယနေ့  နံနက်ပိုင်းတွင် ရန်ကုန်မြို့  ပြည်လမ်းရှိ   မြန်မာ့အသံနှင့်   ရုပ်မြင် သံကြား၌        ရိုက်ကူးထုတ်လွှင့်ရေးလုပ်ငန်းများ၊ စတူဒီယိုခန်းမများ၊    သတင်းခန်းများ၊   နိုင်ငံတော် ဆိုင်းဝိုင်းနှင့် သံစုံတီးဝိုင်းတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။
နိုင်ငံတော်ဘက်မှရပ်တည်
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား(ရန်ကုန်)ရှိ ဌာနခွဲအသီးသီးမှ တာဝန်ရှိသူ အရာထမ်းများနှင့်  အစည်းအဝေးခန်းမ၌  တွေ့ဆုံပြီး  မြန်မာ့အသံနှင့်  ရုပ်မြင်သံကြားသည် သမိုင်းအစဉ်အဆက်   အစဉ်အလာကောင်းများဖြင့် သမိုင်းပေးတာဝန်များကို   ကျေပွန်စွာထမ်းဆောင် ခဲ့သည့် ဌာနကြီးတစ်ခုဖြစ်ပါကြောင်း၊ ပြောင်းလဲနေ သည့်       နိုင်ငံရေးအခင်းအကျင်းများကြားတွင် နိုင်ငံတော်ဘက်မှရပ်တည်၍     ပြန်ကြားပေးရန်၊ အသိပညာပေးရန်၊           ဖျော်ဖြေပေးရန်ဆိုသည့် ဆောင်ပုဒ်ကို  လက်ကိုင်ပြုကာ  ဝန်ဆောင်မှုပြုနေ သည့် ဌာနကြီးတစ်ခုလည်းဖြစ်ကြောင်း။
 မိမိတို့ ပြန်ကြားရေးဝန်ကြီးဌာနသည် နိုင်ငံ တော်၏  ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်  ဦးတည်ချက်  (၉)ရပ် အောင်မြင်ရေးအတွက်  မီဒီယာနည်းလမ်း များဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လုပ်ငန်း များဆောင်ရွက်ရာတွင် သမားရိုးကျနည်းလမ်းများ ဖြင့်       ဆောင်ရွက်၍မရဘဲ     ပြောင်းလဲနေသည့် လူမှုဓလေ့စရိုက်များ၊ ပြည်သူများ၏ သိမြင်ခံစား မှုများ၊    မိမိတို့   မြန်မာလူမျိုးများ၏  “စံ”  တန်ဖိုး ထားရှိမှုများ၊ တိုးတက်လာသည့် နည်းပညာရပ်များ အပေါ် အခြေခံ၍  ပိုမိုသစ်လွင်ကောင်းမွန်စေရေး တီထွင်ကြံဆလုပ်ဆောင်ကြရန် လိုအပ်ပါကြောင်း၊ ပြည်သူများအား       မီဒီယာနည်းလမ်းများဖြင့် ဝန်ဆောင်မှုပေးရာတွင်      သမားရိုးကျလုပ်နည်း လုပ်ဟန်ဟောင်းများဖြင့်   ဝန်ဆောင်မှုပေးနေပါက အောင်မြင်မှု မရနိုင်ပါကြောင်း။
ယနေ့ (၂၁) ရာစုတွင်      မီဒီယာလုပ်ငန်းများ၊    ရုပ်သံထုတ်လွှင့်မှုလုပ်ငန်းများသည်    ဒစ်ဂျစ်တယ် နည်းပညာရပ်များအပေါ် အခြေခံ၍ အမြဲဆန်းသစ် တီထွင် ထုတ်လွှင့်တင်ဆက်နေကြသည်ကို တွေ့ကြရ မည်ဖြစ်ကြောင်း၊  ယနေ့ မြန်မာ့အသံနှင့်  ရုပ်မြင် သံကြားသည် စိန်ရတုကာလတိုင်အောင် လုပ်ငန်းများ ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း။
အရေးကြီးသည့် အခန်းကဏ္ဍတွင်ရှိ
နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာ့အသံနှင့်ရုပ်မြင် သံကြား (၇၅) နှစ်မြောက် စိန်ရတုအခမ်းအနားတွင် “မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် ပြန်ကြား ပေးရန်၊ ပညာပေးရန်နှင့် ဖျော်ဖြေပေးရန်ကိုသာမက လူတို့၏ စိတ်နှလုံးကို တက်ကြွအောင်(Motivation) လုပ်ပေးနိုင်ကြောင်း၊ မီဒီယာသည် စတုတ္ထမဏ္ဍိုင်ဖြစ် သဖြင့် အရေးကြီးသည့် အခန်းကဏ္ဍတွင်ရှိပြီး မှန်မှန် ကန်ကန်ဖြစ်ရန်လိုကြောင်း၊    နိုင်ငံတော်အတွက် ထာဝရရှိနေမည့် နိုင်ငံတော်က  အားထားရသော၊ ပြည်သူက  အားကိုးရသော မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဖြစ်စေလိုသည်”ဟု လမ်းညွှန်ခဲ့ပါကြောင်း။
 မိမိတို့လက်ထက်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားကို ပိုမိုဆန်းသစ်၍   ပြောင်းလဲထုတ်လွှင့် ပေးရန် အတူတကွ ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ ထိုသို့ထုတ်လွှင့်တင်ဆက်ရာတွင်     ပြည်သူလူထု အတွင်း၌    သာမန်ထက်ပို၍       ဖြစ်ပေါ်နေသော နာကြည်းမှုများ၊   မုန်းတီးမှုများ၊   စိတ်သောက ရောက်နေမှုများကို   ပြေပျောက်စေပြီး   ပျော်ရွှင် အေးချမ်းသည့်   မြန်မာ့လူ့အဖွဲ့အစည်းကြီးတစ်ခု ဖြစ်ပေါ်လာစေရေးအတွက်    အနုပညာရပ်များ၊ မီဒီယာနည်းလမ်းများဖြင့် ပေါင်းစပ်ဆောင်ရွက် ပေးရန် လိုအပ်ပါကြောင်း၊ ထိုမှတစ်ဆင့် ပြည်သူများ အသိမှန်၊   အတွေးမှန်၊   အလုပ်မှန်၍ နိုင်ငံတော် အစိုးရနှင့်   နိုင်ငံတော်အကျိုးအတွက် ပူးပေါင်း ကူညီဆောင်ရွက်ပေးရန်    ကြိုးပမ်းကြရမည်ဖြစ် ကြောင်း။
ကြိုးစားဆောင်ရွက်
 ယနေ့အချိန်တွင် ကိုဗစ်−၁၉ ရောဂါ ကန့်သတ် ချက်များနှင့် မသမာသူလူအချို့၏ ခြိမ်းခြောက်၊ အကျပ်ကိုင်၊ နှောင့်ယှက်မှုများကြောင့် ရုပ်ရှင်၊ ဂီတ၊ သဘင်နယ်ပယ်များ၌ ထိခိုက်နစ်နာမှုများ ကြုံတွေ့ နေကြသည်ကို စိတ်မကောင်းဖွယ် တွေ့ရှိရပါကြောင်း၊ မိမိတို့   ဝန်ကြီးဌာနသည်   စာပေ၊ ရုပ်ရှင်၊ ဂီတနှင့် သတင်းမီဒီယာလောကအတွက်    တာဝန်ရှိသည့် ဝန်ကြီးဌာနတစ်ခုဖြစ်သဖြင့်    ၎င်းတို့၏    ထိခိုက် နစ်နာမှုများ ပြေပျောက်ရန် တက်ညီလက်ညီ ကူညီ ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း၊ တက်ရောက်လာ သည့် ဝန်ထမ်းများက မိမိတို့နှင့် သက်ဆိုင်ရာကဏ္ဍ အလိုက် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်း ပါကြောင်း ဆွေးနွေးပြောကြားသည်။
လှည့်လည်ကြည့်ရှုစစ်ဆေး
ထို့နောက်      မြန်မာ့အသံနှင့်     ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်       ဦးရဲနိုင်က     လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြ ရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(ရန်ကုန်)ရှိ  စတူဒီယို များတွင်    တေးသီချင်းနှင့်    အစီအစဉ်များ ရိုက်ကူး ထုတ်လွှင့်မှုများကို  လည်းကောင်း၊    နိုင်ငံတော် ဆိုင်းဝိုင်းကြီး၏ လေ့ကျင့်နေမှုကိုလည်းကောင်း၊ နိုင်ငံတော်သံစုံတီးဝိုင်း၏ လေ့ကျင့်မှုနှင့် ခေတ်ပေါ် တေးဂီတအဖွဲ့၏    လေ့ကျင့်မှုကိုလည်းကောင်း၊ ဓာတ်ပြားတိုက်တွင်   ဓာတ်ပြားများ    ထိန်းသိမ်း ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ မီတာ ၂၀၀၊ မီတာ ၁၀၀ တာဝါများနှင့်  ရိုက်ကူးထုတ်လွှင့်ရေး များကိုလည်းကောင်း   လှည့်လည်ကြည့်ရှုစစ်ဆေး သည်။
တွေ့ဆုံဆွေးနွေး
မွန်းလွဲပိုင်းတွင်      ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှ အလုပ်အမှု ဆောင်များ၊ ဂီတအနုပညာရှင်ကြီးများနှင့်တွေ့ဆုံ၍ ဂီတလောကသားများ ကိုဗစ်−၁၉ ရောဂါကာကွယ် ဆေးထိုးရေးကိစ္စများ၊ တွေ့ကြုံရသည့်အခက်အခဲ များနှင့် ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြီး ညနေပိုင်းတွင် မြန်မာ့ အသံနှင့်      ရုပ်မြင်သံကြားနှင့်       အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်    ရုပ်သံနှင့် FM  ရေဒီယို   စီစဉ်ထုတ်လွှင့်သည့်ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။                     သတင်းစဉ်