ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   မတ်   ၃၀

ပြန်ကြားရေးဝန်ကြီးဌာန  ပြည် ထောင်စုဝန်ကြီး  ဦးမောင်မောင် အုန်းနှင့် ဒုတိယဝန်ကြီး  ဦးရဲတင့် တို့သည်      အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင်   ဇမ္ဗူသီရိ မြို့နယ်      ပညာသိဒ္ဓိရပ်ကွက်၊ မင်္ဂလာသိဒ္ဓိရပ်ကွက်၊ ဘောဂသိဒ္ဓိ ရပ်ကွက်၊    ဓနသိဒ္ဓိရပ်ကွက်နှင့် ဝဏ္ဏသိဒ္ဓိရပ်ကွက်တို့ရှိ ဝန်ကြီးဌာန မှ   အရာထမ်း၊   အမှုထမ်းများ နေထိုင်သည့်  အိမ်ရာများ၊  လူပျို နှင့် အပျိုဆောင်များသို့ သွားရောက် ၍ အိမ်ရာ၊  အဆောင်စည်းကမ်း ချက်များနှင့်အညီ     နေထိုင်ရေး၊ အဆောက်အဦများ       ပြုပြင် ထိန်းသိမ်းရေး၊ ရေ၊ မီးနှင့် ရေနုတ် ​မြောင်းစနစ်များ  ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေး၊   လုံခြုံရေး အခြေအနေတို့ကို ကြည့်ရှုစစ်ဆေး ပြီး       ဝန်ထမ်းမိသားစုများ၏ တင်ပြချက်များအပေါ်  ဖြေရှင်း ဆောင်ရွက်ပေးကာ  မိသားစုဝင် များအား      ထောက်ပံ့ငွေများ  ပေးအပ်သည်။


ထိုသို့   ကြည့်ရှုစစ်ဆေးစဉ်   ပြည်ထောင်စုဝန်ကြီး   ဦးမောင် မောင်အုန်းက ဝန်ထမ်းများနေထိုင် မှု    အဆင်ပြေအောင်    နိုင်ငံ တော်က     ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်၍ နေထိုင်ခွင့်ပြုထား သကဲ့သို့  ဝန်ထမ်းများအနေဖြင့် လည်း     စည်းမျဉ်းစည်းကမ်းများ နှင့်အညီ  နေထိုင်ကြရန်၊ ဝန်ထမ်း အိမ်ရာများတွင်      နေထိုင်သော ဝန်ထမ်းများအနေဖြင့် အိမ်ရာနှင့် အဆောင်လုံခြုံရေးအတွက် အသိ သတိဖြင့် ဧည့်သည်များ၊ မသက် ဆိုင်သူများ    လက်ခံထားရှိခြင်း မပြုရန်နှင့်     မိသားစုဝင်များ၊ ဆွေမျိုးသားချင်းများ လာရောက် တည်းခိုနေထိုင်ပါက   ခွင့်ပြုချက် ရရှိမှသာ တည်းခို​နေထိုင်စေရန် နှင့်    ဧည့်စာရင်းတိုင်ကြားရန်၊ အမှိုက်များစွန့်ပစ်ရာတွင်     စနစ် တကျစွန့်ပစ်ရန်၊ ဝန်ထမ်းအိမ်ရာ နှင့်     အဆောင်ပတ်ဝန်းကျင်ရှိ ရေနုတ်မြောင်းများ   ရေစီးရေလာ ကောင်းမွန်ရေး   ဆောင်ရွက်ရန်၊ လျှပ်စစ်မီးများကို ဂရုစိုက်သုံးစွဲ ရန်နှင့် မီးဘေးအန္တရာယ်ကင်းရှင်း ရေး    စနစ်တကျစီမံဆောင်ရွက် ရန်၊    စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်ရန်နှင့် လုံခြုံရေး အထူးသတိပြုရန် မှာကြားသည်။


ထို့အတူ      ဒုတိယဝန်ကြီး ဦးရဲတင့်က     လိုင်းခန်းအတွင်း၊ အပြင်နှင့်  အိမ်ရာပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဝိုင်းဝန်း လုပ်ဆောင်ကြရန်၊      မီးဘေး အန္တရာယ်နှင့် လျှပ်စစ်မီးသုံးစွဲမှု၊ ရေသုံးစွဲမှုတို့ကို   ညွှန်ကြားချက် များနှင့်အညီ  လိုက်နာဆောင်ရွက် ကြရန်၊   တိုက်တာဝန်ခံ၊    ဒုတိယ တိုက်    တာဝန်ခံများအနေဖြင့် ဧည့်စာရင်းအပါအဝင်  သန့်ရှင်း ရေးနှင့် စည်းကမ်းတကျ နေထိုင် ရေးအတွက် စစ်ဆေးကြပ်မတ်ကြ ရန်၊ အခက်အခဲများရှိပါက အိမ်ရာ ကြီးကြပ်သူများမှတစ်ဆင့် တင်ပြ ဆောင်ရွက်ကြရန်နှင့်     စည်းလုံး ညီညွတ်စွာ       နေထိုင်ကြရန် မှာကြားခဲ့သည်။       

သတင်းစဉ်