ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်    ဧပြီ   ၁၈ 


၂၀၁၉  ခုနှစ်၊  ၂၀၂၀  ပြည့်နှစ် နှင့် ၂၀၂၂  ခုနှစ်များအတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု  ချီးမြှင့်ပွဲအခမ်းအနားကို မေ ၆ ရက်တွင် နေပြည်တော် မြို့တော်ခန်းမအနီးရှိ လဟာပြင်ကဇာတ်ရုံ၌    ခမ်းနားထည်ဝါစွာ ကျင်းပသွားမည် ဖြစ်သည်။

 


ကြည့်ရှုစစ်ဆေး 


ထိုသို့ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု များကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးမောင် မောင်အုန်းသည်    ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့်    တာဝန်ရှိသူများနှင့်အတူ   ယနေ့ ညနေပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 


လိုအပ်သည်များမှာကြား


ရှေးဦးစွာ      ပြည်ထောင်စု ဝန်ကြီးနှင့်  အဖွဲ့သည်  နားနေ ဆောင်သို့ ရောက်ရှိရာ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်      ကုမ္ပဏီမှ တာဝန်ရှိသူများက MRTV ၏ နိုင်ငံတော်   သံစုံတီးဝိုင်းနှင့်   မြန်မာ့ဆိုင်းဝိုင်း နေရာချထားမှု၊ အခမ်းအနားတွင်   ဖျော်ဖြေမည့်   တေး သီချင်းများ   ရွေးချယ်မှု၊   အခမ်း အနားမှူးများ နေရာချထားမှု၊ ဧည့်သည်တော်များ ဖိတ်ကြားမည့် အစီအစဉ်၊     ကြိုဆိုဧည့်ခံရေး ဆောင်ရွက်ထားရှိမှုနှင့် ဧည့်သည်တော်များ  တည်းခိုနေရာချထားမည့် အစီအစဉ်များကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များကို မှာကြားသည်။

 


ယင်းနောက်    ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် အခမ်းအနား ကျင်းပမည့် စင်မြင့်ဆောက်လုပ် နေမှု၊ ထိုင်ခုံခင်းကျင်းမှုနှင့် အနုပညာရှင်များအတွက်    အနီရောင်  ကော်ဇောလျှောက်လမ်းနေရာ လျာထားမှုတို့ကို အသေးစိတ် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

             

သတင်းစဉ်