ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း အလိုတော်ပြည့်ဆရာတော်အား ဖူးမြော် စာပေပညာရှင်များနှင့် တွေ့ဆုံဆွေးနွေး၊ ရန်ပုံငွေပဒေသာဖျော်ဖြေပွဲ ကြည့်ရှုအားပေး

 

ရန်ကုန်    ဇွန်   ၂


ပြန်ကြားရေးဝန်ကြီးဌာန  ပြည် ထောင်စုဝန်ကြီး  ဦးမောင်မောင် အုန်းသည် ယနေ့တွင် သက်တော် (၇၉)နှစ်ပြည့် မွေးနေ့အလှူမင်္ဂလာ ကျင်းပသည့်    အလိုတော်ပြည့် ဆရာတော်ကြီးအား   ဖူးမြော်ပြီး အမျိုးသားစာပေဆုစိစစ်ရွေးချယ် ရေးကော်မတီနှင့်   စာပေဗိမာန် စာမူဆု    ရွေးချယ်ရေးအဖွဲ့တို့မှ စာပေပညာရှင်များနှင့်  တွေ့ဆုံ ဆွေးနွေးကာ   ညပိုင်းတွင်   မိုခါ မုန်တိုင်းဒဏ်သင့်    ပြည်သူများ အတွက်   ရုပ်ရှင်၊  ဂီတ၊  သဘင်   ပူးပေါင်းတင်ဆက်သည့်    ရန်ပုံ ငွေ      ပဒေသာဖျော်ဖြေပွဲသို့     တက်ရောက်    ကြည့်ရှုအားပေး သည်။

 


အလှူငွေပေးအပ်လှူဒါန်း


ရှေးဦးစွာ    ပြည်ထောင်စု ဝန်ကြီးသည်    တာမွေမြို့နယ် ပင်ရွှေညောင်လမ်းရှိ အောင်မြေ ဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့် ကျောင်းတိုက်သို့ သွားရောက်ပြီး သက်တော် (၇၉)နှစ်ပြည့် ဝိဇာတ မွေးနေ့ အလှူမင်္ဂလာကျင်းပသည့် အလိုတော်ပြည့်    ဆရာတော် အဂ္ဂမဟာ    သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တအရိယဝံသအား သွားရောက်ဖူးမြော်ကြည်ညိုပြီး မိုခါမုန်တိုင်းဒဏ်သင့်  ဒေသများ တွင်    ပြန်လည်ထူထောင်ရေး ဆိုင်ရာ  ဆောင်ရွက်မှုများ အပါ အဝင် သာသနာရေးဆိုင်ရာများ လျှောက်ထား၍  ဩဝါဒခံယူကာ ဆရာတော်မွေးနေ့အထိမ်းအမှတ် အလှူငွေ ပေးအပ်လှူဒါန်းသည်။

 


ထို့နောက်    ပြည်ထောင်စု ဝန်ကြီးသည်   ရန်ကုန်မြို့   ဗိုလ် တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်   ထုတ်ဝေရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ အမျိုး သားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီနှင့် စာပေဗိမာန်စာမူဆု ရွေးချယ်ရေးအဖွဲ့တို့မှ စာပေပညာ ရှင်များနှင့် တွေ့ဆုံသည်။

 


စစ်မှန်သည့်စာပေဆု


တွေ့ဆုံစဉ်    ပြည်ထောင်စု ဝန်ကြီးက  ၂၀၂၂  ခုနှစ်အတွက် ရွေးချယ်မည့် အမျိုးသားစာပေဆု နှင့်     စာပေဗိမာန်စာမူဆုများ အတွက်  အဖွဲ့များ  ဖွဲ့စည်းပေးခဲ့ပြီး လုပ်ငန်းများမှာ    ပဏာမအဆင့် ဆောင်ရွက်ပြီးစီးနေပြီကို တွေ့ရှိရ ကြောင်း၊ စစ်မှန်သည့်  စာပေဆု နှင့်    စာမူဆုများ      ပေးနိုင်ရန် တက်ရောက်လာကြသည့် စာပေ ပညာရှင်ကြီးများက ဆွေးနွေးပေး စေလိုပါကြောင်း၊  ၂၀၂၂   ခုနှစ် အတွင်း ထုတ်ဝေသည့် စာအုပ်များ မကျန်ရှိစေရန် ပညာရှင်ကြီးများ အနေဖြင့်လည်း    စိစစ်ပြီး  ဆောင် ရွက်စေလိုပါကြောင်း၊ စာပေနှင့် ပတ်သက်ပြီး  နိုင်ငံတော်ဝန်ကြီး ချုပ်က       အထူးအလေးထား ဆောင်ရွက်နေပါကြောင်း၊  ပခုက္ကူ ဦးအုန်းဖေ    တည်ထောင်သော စာပေဆုပေးပွဲကိုလည်း နေပြည် တော်တွင်  ကျင်းပရန်ရှိပါကြောင်း။

 


စာပေနှင့်     လူငယ်ကဏ္ဍ တိုးတက်ရေးအတွက် စာပေပညာ ရှင်ကြီးများက      စာပေဖြင့် ဆောင်ရွက်သွားစေလိုပါကြောင်း၊ လူငယ်များအတွေးမှန်၊ အမြင်မှန် ရရှိစေမည့် စာအုပ်များကို ရေးသား ထုတ်ဝေစေလိုပါကြောင်း၊ ခေတ် နှင့်  လျော်ညီသည့်   စာပေများ ပေါ်ထွန်း  လာစေလိုပါကြောင်း၊ စာပေကဏ္ဍကို    ယခုထက်မက မြှင့်တင်နိုင်ရန်   ဆောင်ရွက်စေ လိုပါကြောင်း၊  ယခုနှစ်ပေးအပ် မည့် စာပေဆုများကို အတတ်နိုင် ဆုံး၊   အမှန်ကန်ဆုံး၊   စိစစ်ပြီး ပေးသင့်ပေးထိုက်  ရသင့်ရထိုက် သူများ        ရစေလိုပါကြောင်း ပြောကြားသည်။

 


စာပေဆုများစိစစ်ရွေးချယ်


ထို့နောက်     ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်က စာပေဆုများ စိစစ် ရွေးချယ်ခြင်းဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို   ဆွေးနွေး တင်ပြသည်။

 


ယင်းနောက် အမျိုးသားစာပေ ဆု  စိစစ်ရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ ဆရာဦးစိန်လှိုင် (သူရဇော်)၊ စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ် ရေးအဖွဲ့ဥက္ကဋ္ဌ ဆရာဦးအုန်းမောင် (မြင်မူမောင်နိုင်မိုး)နှင့်    တက် ရောက်လာကြသူများက     ဆု ရွေးချယ်ရေးနှင့်    ပတ်သက်၍ ဆွေးနွေးကြပြီး   ပြည်ထောင်စု ဝန်ကြီးက  နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

 


ရန်ပုံငွေပဒေသာကပွဲ


ညပိုင်းတွင်     ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းသည်ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများ၊ ဖိတ်ကြား ထားသော  ဧည့်သည်တော်များ၊  ပြည်သူများနှင့်အတူ ဒဂုံမြို့နယ်ရှိ အမျိုးသားကဇာတ်ရုံတွင်  မိုခါ မုန်တိုင်းဒဏ်သင့်     ပြည်သူများ အတွက်    ရန်ပုံငွေပဒေသာကပွဲ ဖျော်ဖြေတင်ဆက်မှုကို   ကြည့်ရှု အားပေးသည်။

 


ညနေ ၆ နာရီတွင် ဖျော်ဖြေမှု အစီအစဉ်များကို      စတင်ရာ မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ ဧည့်ခံတီးလုံးဖြင့်    စတင်ဖွင့်လှစ် ပြီး     ပဏာမအဖွင့်တီးလုံးဖြင့် ဆက်လက်ဧည့်ခံသည်။

 


ထို့နောက်    ရခိုင်စည်တော်၊ အပျိုတော်လမိုင်း   အကတို့ဖြင့် ဖျော်ဖြေပြီး ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာရှင်များ  ဖြစ်ကြသည့် ရန်အောင်၊  ရဲအောင်၊  နေထက် လင်း၊   ကျော်ကျော်၊   ဘုန်းလျှံ၊ မေသန်းနု၊ မေသဉ္ဇာဦး၊ ခိုင်နှင်းဝေ၊ ဆောင်းအိန္ဒြေထွန်း၊ ဆုမြတ်နိုးဦး၊ ရွှေမန်းချမ်းသာ၊     ဝင်းနောင်၊ ဟန်ဇာမိုးဝင်း၊ စွမ်းဇာနည်၊ဇံဟိန်း၊ တခိုင်လုံးရွှေအေးအေးမြင့်၊  နန်း ခင်မွှေး၊ ချယ်ရီသင်း၊ ငြိမ်းချမ်းခိုင်၊ ရေကြည်ချမ်းမြ၊  မြင့်မိုရ်သွန်းခ၊ ထက်ထက်စိုးစံ၊ နှင်းထက်ရွှေရည်၊ စိုးယုနန္ဒာ၊ ဖြိုးသဇင်၊ အောင်ကိုကို၊ ချစ်ကိုကို၊   မျိုးခန့်မောင်မောင်၊ အောင်ထူးစံနှင့် မြတ်မင်းခေါင်တို့ က  မြူးကြွလှပ   သံစဉ်များဖြင့် သီဆိုဖျော်ဖြေကြသည်။

 


သီဆိုဖျော်ဖြေ


ဆက်လက်၍   တေးသံသာ ကဏ္ဍတွင် မြန်မာနိုင်ငံဂီတအစည်း အရုံးမှ   ပူစူး၊  ဖြိုးမြတ်အောင်၊ ခင်မောင်ထူးတို့ကလည်းကောင်း၊ ရုပ်ရှင်ဇာတ်ဝင်တေးသီချင်းများ ဖြစ်သည့်     တိမ်လွှာမို့မို့လွင်၊ ကျောက်ခဲနှင့်      တစ်ပြည်သူ မရွှေထား    တေးသီချင်းတို့ကို     သာထက်၊ ရန်အောင်၊  ရဲအောင်တို့ ကလည်းကောင်း   သီဆိုဖျော်ဖြေ ကြသည်။

 


ယင်းနောက် ဟာသပညာရှင် များအစည်းအရုံး   ဦးငြိမ်းချမ်းနှင့် အဖွဲ့က    ဟာသရွှင်ပြုံးစေသည့် အစီအစဉ်ဖြင့်လည်းကောင်း၊ ပတ္တ မြားဒေဝီ    စောမဲကျီ၏    ရခိုင် တေးသီချင်းများဖြစ်သည့်  စိမ်း လဲ့လဲ့၊  သရုပ်ဆောင် ဘုန်းလျှံ၊အာရိ ယန်နှင့်   ဟီလာရီစိုးတို့ကလည်း ကောင်း သီဆိုဖျော်ဖြေကြသည်။

 


ထို့နောက် မြန်မာနိုင်ငံသဘင် အစည်းအရုံးမှ ရွှေမန်းသူ မြင့်မြင့် ခင်၊  ဦးမိုးဒီ၊   တိမ်ညွန့်၊   ဦးချစ် စရာနှင့်     ဦးချိုတူးတို့က   မြန်မာ့ အငြိမ့်သဘင်      ရေစီးကြောင်း တေးအော်ပရာဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ မီးနိုနှင့် ရဲရင့်အောင်တို့က  တေး သံသာကဏ္ဍဖြင့် လည်းကောင်း၊ ကိုမြင့်  (သမန်းကျား)   အဖွဲ့က တေးသရုပ်ဖော်ဖြင့်လည်းကောင်း၊ မီးခွက်စောင့်ကျွန်း   ပြဇာတ်တွင် ဗေဒါ၊  ရဲလေးမနှင့်အဖွဲ့၊   ချစ်စု၊ မိုးသုခနှင့် ဝေယံဟိန်းတို့ကလည်း ကောင်း၊ တေးသံသာဖျော်ဖြေမှု တွင် နီနီခင်ဇော်နှင့် နေမင်းအိမ် တို့ကလည်းကောင်း ဖျော်ဖြေကြ ပြီး ယနေ့ရန်ပုံငွေဖျော်ဖြေပွဲကြီး ၏ အပိတ်ဖျော်ဖြေမှုအဖြစ် ဒါရိုက် တာ    ကျော်ဇောဟိန်း   (အတွေး ပုံရိပ်)   ၏     “ကူညီပေးကြပါ”  ပြဇာတ်အား ရုပ်ရှင်၊ ဂီတ၊ သဘင် တို့စုပေါင်းအားဖြင့် အားပါးတရ ဖျော်ဖြေတင်ဆက်ကြသည်။

 


အလှူငွေများထည့်ဝင်


မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက်   ရန်ပုံငွေပဒေသာ ကပွဲကြီးဖျော်ဖြေပွဲကြီးတွင် သဒ္ဓါ တရားထက်သန်ကြသည့် ပြည်သူ များက  အလှူငွေများ  ထည့်ဝင် လှူဒါန်းကြပြီး ပဒေသာကဇာတ်ရုံ ဝင်ပေါက် ကြိုဆိုရေးနေရာအနီး၌ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ မြန်မာ့ရုပ်ရှင် (ငွေ-ရွှေ-စိန်)  ရတု သမိုင်းစဉ်များ၊ သမိုင်းဝင် ဒါရိုက် တာကြီးများ၏ အဆိုအမိန့်စာအုပ် များ၊ ရာပြည့်မဂ္ဂဇင်းနှင့် ပိုစတာ များ     အရောင်းဌာနတွင်လည်း လာရောက်ကြည့်ရှု  အားပေးကြ သည့်    ပြည်သူများက   ဝယ်ယူ အားပေးမှုနှင့်အတူ   လေဘေး သင့်ပြည်သူများအတွက် အလှူငွေ များ ထည့်ဝင်ကြသည်။

 


ရန်ပုံငွေ     ပဒေသာကပွဲကို ယနေ့မှ ဇွန် ၄ ရက်အထိ စည်ကား သိုက်မြိုက်စွာဖြင့်  ရုပ်ရှင်၊  ဂီတ၊ သဘင်အစည်းအရုံးဝင်မောင်နှမ များက  ဖျော်ဖြေတင်ဆက်သွား မည်ဖြစ်ကြောင်း သိရသည်။
 

သတင်းစဉ်