ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း (၁၂)ကြိမ်မြောက် သက်ကြီးဟာသပညာရှင်ကြီးများအား ကန်တော့ပွဲနှင့် ရုပ်ရှင်၊ ဂီတ၊ သဘင် ပဒေသာကပွဲ ကျင်းပရန်နှင့် ပတ်သက်၍ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတို့သို့ တက်ရောက်

 

ရန်ကုန်    ဇူလိုင်    ၇


မြန်မာနိုင်ငံ  ဟာသပညာရှင်များ  အစည်းအရုံး(ဗဟို)က ကျင်းပ ပြုလုပ် သည့်    (၁၂)   ကြိမ်မြောက်   သက်ကြီးဟာသပညာရှင်ကြီးများအား  ကန်တော့ပွဲကို  ယနေ့နံနက်ပိုင်းတွင်  ရန်ကုန်မြို့  ပြည်လမ်းရှိ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား Studio(A) ၌ ကျင်းပသည်။

 


ကန်တော့ပွဲ       အခမ်းအနား သို့           ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဦးမောင် မောင်အုန်း၊   ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊    ရန်ကုန် တိုင်း         စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ တိုင်းဒေသ ကြီးဝန်ကြီးများ ၊     ပြန်ကြားရေး ဝန်ကြီးဌာနမှ ဌာနဆိုင်ရာ  အကြီး အကဲများ၊    မြန်မာနိုင်ငံ   ဟာသ ပညာရှင်များ  အစည်းအရုံး(ဗဟို) မှ     ဟာသပညာရှင်များနှင့်  ဖိတ် ကြားထားသူများ      တက်ရောက်ကြသည်။

 


ရှေးဦးစွာ မြန်မာနိုင်ငံ  ဟာသ ပညာရှင်များ   အစည်းအရုံး(ဗဟို) ၏ Theme Song ကို  အစည်းအရုံး ဝင်  လူငယ်များက   သံပြိုင်သီဆို၍ အခမ်းအနားကို  ဖွင့်လှစ်ပေးသည်။

 


အမှာစကားပြောကြား


ထို့နောက်      ပြည်ထောင်စု ဝန်ကြီး    ဦးမောင်မောင်အုန်းက      အဖွင့်အမှာစကား      ပြောကြားရာ တွင်        ယနေ့အခမ်းအနားသည် ပူဇော်ထိုက်သူကို     ပူဇော်သည့်ပွဲ ဖြစ်ပြီး    သက်ကြီးဟာသပညာရှင် ကြီးများကို         ပူဇော်ခြင်းဖြစ်၍ မင်္ဂလာရှိသော           အခမ်းအနား တစ်ခုဖြစ်ပါကြောင်း၊           ယနေ့ အခမ်းအနားသို့  စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့်    အနယ်နယ် အရပ်ရပ်မှ    စုဝေးရောက်ရှိလာ သည့်အတွက်လည်း  ဝမ်းမြောက်မိ ပါကြောင်း။

 


နိုင်ငံတော်ဝန်ကြီးချုပ်       က အနုပညာရှင်များအား ပါရမီရှင် များဟု      သတ်မှတ်ဂုဏ်ပြုပြီး ဟာသ        ပညာရှင်များကိုလည်း လေးစားပါကြောင်း၊  အနုပညာနှင့် ပြည်သူသည်     ခွဲခြား၍မရသည့် အတွက်  အနုပညာဖြင့် ပြည်သူကို အလုပ်အကျွေးပြုပြီး    တိုင်းပြည် ကို     အကျိုးပြုစေလိုပါကြောင်း၊ အနုပညာစွမ်းပကားဖြင့်  ပြည်သူ ကို   စည်းလုံးနိုင်စွမ်း၊  စည်းရုံးနိုင် စွမ်းရှိပြီး            အနုပညာရှင်များ၏ အခန်းကဏ္ဍသည်    အလွန်အရေး ကြီးသည့်အတွက်     ပြည်သူများ ပြုံးပျော်ရွှင်စေရန်  ဟာသပညာရှင် ကြီးများက     တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ပေးကြစေလိုပါ ကြောင်း ပြောကြားသည်။
 ဆက်လက်၍  ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးစိုးသိန်း က မုဒိတာစကား ပြောကြားသည်။

 


ယင်းနောက်         မြန်မာနိုင်ငံ ဟာသပညာရှင်များ  အစည်းအရုံး ဥက္ကဋ္ဌ ဦးဒိန်းဒေါင်က    ကန်တော့ပွဲ အခမ်းအနား            ကျင်းပခြင်းနှင့် စပ်လျဉ်း၍   ရှင်းလင်းပြောကြားသည်။

 


အလှူငွေပေးအပ်


ထို့နောက်            နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ           ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က  ပေးအပ် လှူဒါန်းသည့်       အလှူငွေကျပ် ၂၅   သိန်းနှင့်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     ဒုတိယ ဥက္ကဋ္ဌ        ဒုတိယဝန်ကြီးချုပ်နှင့် ကောင်စီဝင်များ၊    ပြည်ထောင်စု ဝန်ကြီးများ၊   ရန်ကုန်တိုင်းဒေသ ကြီး  ဝန်ကြီးချုပ်၊   တိုင်းမှူးများ၊ ဒုတိယဝန်ကြီးများနှင့် စေတနာ ရှင်    အလှူရှင်များက    စုပေါင်း လှူဒါန်းသည့်    ငွေကျပ်  ၁၄၇ သိန်း  ၅ သောင်းကို  ပြည်ထောင်စု ဝန်ကြီး    ဦးမောင်မောင်အုန်းက မြန်မာနိုင်ငံ    ဟာသပညာရှင်များ အစည်းအရုံးဥက္ကဋ္ဌ ဦးဒိန်းဒေါင်ထံ ပေးအပ်သည်။

 


ယင်းနောက်     ပြည်ထောင်စု ဝန်ကြီး     ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး    ဝန်ကြီး ချုပ် ဦးစိုးသိန်း၊   ရန်ကုန်တိုင်းစစ် ဌာနချုပ်တိုင်းမှူး        ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့်   တိုင်းဒေသကြီး ဝန်ကြီးများက     သက်ကြီးဟာသ ပညာရှင်ကြီးများအား   ကန်တော့ ပစ္စည်းများ ပေးအပ်ကြသည်။

 


ထို့နောက်      လူငယ်ဟာသ ပညာရှင်များက   သက်ကြီးဟာသ ပညာရှင်ကြီးများအား     ကန်တော့ ကြရာ   ကန်တော့ခံ   သက်ကြီး ဟာသပညာရှင်ကြီးများ ကိုယ်စား သက်ကြီး         ဟာသပညာရှင် ဦးပေါ်လေးက  ကျေးဇူးတင်စကား ပြောကြားသည်။

 


ယင်းနောက် သက်ကြီးဟာသ  ပညာရှင်ကြီးများက    သက်ကြီး အငြိမ့်ဖြင့်  ဖျော်ဖြေတင်ဆက်ကြ သည်။
ထို့နောက်    ပြည်ထောင်စု ဝန်ကြီး        ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး   ဥပဒေ ချုပ် ဦးဌေးအောင်နှင့်  အလှူရှင် များက   ဖျော်ဖြေတင်ဆက်ခဲ့ကြ သည့်    သက်ကြီးဟာသပညာရှင် ကြီးများ အလှူငွေနှင့်လက်ဆောင် ပစ္စည်းများ ပေးအပ်ကြသည်။

 


မွန်းလွဲပိုင်းတွင်  ရုပ်ရှင်၊ ဂီတ၊ သဘင်ပဒေသာကပွဲ        ကျင်းပ ပြုလုပ်ရန်နှင့်        ပတ်သက်၍ တတိယအကြိမ်    လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး     ဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ  အစည်း အဝေးခန်းမ၌ ကျင်းပသည်။

 


ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်


အစည်းအဝေး        တွင်    ပြည်ထောင်စုဝန်ကြီးက     ရုပ်ရှင်၊ ဂီတ၊       သဘင်   ပဒေသာကပွဲ  မြိုင်မြိုင်ဆိုင်ဆိုင်    ကျင်းပနိုင် ရေး  ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ ယခု   ပဒေသာကပွဲကြီးကို     ရည်ရွယ် ချက်နှစ်ရပ်ဖြင့်         ကျင်းပရန် စီစဉ်ထားပြီး    ယင်း ရည်ရွယ် ချက်နှစ်ရပ်မှာ   ပြိုကွဲလုနီးပါးဖြစ် နေသည့်              အနုပညာလောက     ပြန်လည်ရှင်သန်ရန်နှင့် ကိုဗစ်-၁၉  ကြောင့်    စိတ်မွန်းကျပ်နေ သည့်      ပြည်သူများအား    စိတ် ပျော်ရွှင်အပန်းပြေစေရန်    ဖြစ်ပါ ကြောင်း၊              ပြည်သူများအား   အနုပညာဖြင့် ပြန်လည်ဖြည့်ဆည်း ခြင်းဖြစ်သကဲ့သို့         အနုပညာ လောက    ပြန်လည်ရှင်သန်တော့ မည်ဆိုသည့်  သတင်းစကားကို လ ည်း     ပေးသည့်သဘောဖြစ်ပါ ကြောင်း၊           ပဒေသာကပွဲကို  စက်တင်ဘာလ     ပထမပတ်မှ  စတင်၍     ရုပ်သံချန်နယ်များမှ  ပြသရန်     စီစဉ်ထားပါကြောင်း  ပြောကြားသည်။ 

 


ထို့နောက်  လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ  ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် ဒုတိယ ဥက္ကဋ္ဌ  ရန်ကုန်တိုင်းဒေသ ကြီး     ဥပဒေချုပ်    ဦးဌေးအောင်၊  မြန်မာနိုင်ငံ  ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊    မြန်မာ နိုင်ငံ   ဂီတအစည်းအရုံး   (ဗဟို)  ဥက္ကဋ္ဌ  ဦးလွင်မြင့်၊    မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)     အမှု ဆောင် ဦးဌေးလွင်နှင့်         လုပ်ငန်း ကော်မတီ၊     ဆပ်ကော်မတီများ အလိုက်    ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက  နိဂုံးချုပ် အမှာစကားပြောကြားသည်။

 


အစည်းအဝေးသို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊  မြန်မာနိုင်ငံ ဂီတအစည်းအရုံး    (ဗဟို)     နှင့် မြန်မာနိုင်ငံ   သဘင်အစည်းအရုံး (ဗဟို)  တို့မှ    နာယကများနှင့်  အနုပညာရှင်၊ အတတ်ပညာရှင် များ၊   ရုပ်သံလိုင်းများမှ   တာဝန် ရှိသူများနှင့်    ဖိတ်ကြားထားသော ဧည့်သည်တော်များ  တက်ရောက် ကြသည်။     

    
သတင်းစဉ်