ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ရုရှား - မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာ အန်နာသိုလီ ဘူးလော့ချ်နိကော့ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ

 

နေပြည်တော်   ဧပြီ    ၂၆


အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်သည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးအသင်း  ဒုတိယဥက္ကဋ္ဌ မစ္စတာ အန်နာသိုလီ ဘူးလော့ချ် နိကော့ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ရုံးအမှတ် (၉) ရှိ  ပြည်ထောင်စုဝန်ကြီး၏  ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 


တွေ့ဆုံစဉ်  ပြည်ထောင်စုဝန်ကြီးက ရုရှားနှင့် မြန်မာ  နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုတို့ကို တိုးတက်လာစေရန် ဆောင်ရွက်ပေးနေသော  ရုရှား - မြန်မာ ချစ်ကြည်ရေးနှင့်   ပူးပေါင်း ဆောင်ရွက်မှုအသင်းကို ကျေးဇူးတင်ရှိကြောင်း  ဦးစွာပြောကြားသည်။ ယင်းနောက်  နှစ်နိုင်ငံအကြား  ကုန်သွယ်ရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊  ပို့ဆောင်ဆက်သွယ်ရေး၊ ခရီးသွားလာရေး၊ ပညာရေး၊ ဥပဒေရေးရာ၊ ဘဏ္ဍာရေး စသည့်ကဏ္ဍများတွင် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက် မှုကို မြှင့်တင်ရေးကိစ္စများနှင့် ရုရှားနိုင်ငံမှာကျင်းပသည့် ဖိုရမ်များသို့ ပါဝင်တက်ရောက်ခြင်းဖြင့်ရရှိသည့် အကျိုးကျေးဇူးများကို  အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။

 


တွေ့ဆုံပွဲသို့  အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် ရုရှား - မြန်မာ ချစ်ကြည်ရေးနှင့်   ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။                    

 

သတင်းစဉ်